Author of this content has low reputation.

အဖေ

Words
396
Reading
2 min
Listen
Play
9y

image
သူပေါ့ ကျွန်တော့် ဘဝ ကို လမ်းပြပေးတဲ့သူ။
သူပေါ့ကျွန်တော်ဘယ်လောက် ဆိုးဆိုး နားလည်ခွင့်လွှတ်ပေးတတ်သူ။
သူပေါ့ ကျွန်တော် မသိနားမလည် လို့ မေးသမျှ ကိုစိတ်ရှည်ရှည် နဲ့ရှင်းပြပေးတတ်သူ။
သူပေါ့ ကျွန်တော့် အမှားတွေ ကို ထောက်ပြပီးလမ်းမှန် ပြပေးတဲ့သူ။
သူဟာ ကျွန်တော် ရဲ့ ကမ္ဘာ တစ်ခုဆိုတာကို သူရှိစဉ်က သာကျွန်တော်သိ ခဲ့မယ်ဆို ရင် ခုချိန် မှာ ကျွန်တော် ဒီလောက်ထိ နောင်တတွေ ရနေမယ် မထင်ဘူး တော့သူဟာ ကျွန်တော် ကိုနှုတ်မဆက်ဘဲ ခွဲခွာသွားတာ တစ်နှစ်ကျော်ခဲ့ပီလေ သူ့ရဲ့ အနှိုင်းမဲ့ တဲ့ စေတနာ မေတ္တာ ဂရုဏာ တွေကို ကျွန်တော် အသိမှတ်မပြုခဲ့မိဘူးဗျာ ပြန်ရရင်လိုချင်မိတယ် သူနဲ့အတူရှိတဲ့ အချိန်တွေကို ကျွန်တော် ကျရှုံး တိုင်းအနားက နေ အပြုံးလေး နဲ့ နှစ်သိမ့် တယ် ကျွန်တော် ရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် :'(

ပူပြင်းလှတဲ့ နေပူ လယ်ခေါင်ကွင်းပြင်ကြီးမှာ လူကြီးတွေပြေးလွှား နေကျတယ် ဝန်ထုပ်ကိုယ်စီကို ပခုံးပေါ်တင်လို့ တချို့ ကသက်သောင့်သက်သာနဲ့ ပေါ့ပါးသလိုသွားလာနေကြပီး တချို့ က ဝန်ဖိအားကြောင့်
မနိုင်မနင်း ခက်ခက်ခဲခဲ သွားလာသယ်ဆောင်နေကြတယ်။ ကျွန်တော်ကတော့သာယျာနတယ် မုန့်လေးစားပီး အရိပ်ထဲက နေသူတို့တွေကိုလိုက်ကြည့်နေတယ် တကယ်က ကျွန်တော့် အဖေ ကို သာ ကျွန်တော် လိုက်ကြည့်နေတာပါ အဖေက တစ်ခေါက်ပီးတစ်ခေါက်လုပ်နေခဲ့တယ် သူ့အလုပ်တာဝန်က ရထားပေါ်ကကုန်ပစ္စည်းတွေကိုထမ်းချ ရတာလေ။ အများသိတဲ့ ကုန်ထမ်းသမား တစ်ယောက်ပေါ့ တစ်ခေါက်ပြန်လာတိုင်း ပြုံးပြတယ် သူ့အလုပ် ကဘယ်လောက်ပင်ပန်းလဲ ကျွန်တော်မသိဘူး
အဖေ နှဖူးက ချွေး ခြေမ ကျတဲ့ထိလုပ်နေရတယ် ကျွန်တော် အဲ့တုန်းက သိတာက ကျွန်တော် မုန့်စားမယ်
ကျွန်တော် အရုပ်နဲ့ ဆော့မယ် အဲ့အရုပ်ကို အဖေကဝယ်ပေးရမယ် ဝယ်မပေးရင်စိတ်ကောက်မယ် ကျွန်တော်ထင်တယ် တခါတခါ ပြန်တောင်အော်မိ မယ် ကျွန်တော်သာ အဲ့တုန်းကသူ့စေတနာ မေတ္တာ တွေကိုသိပီး တန်ဖိုးထားတတ်ရင် ကျွန်တော်ခုလိုနောင်တ ရနေမှာ မဟုတ်ဘူး အဖေ ဘဝ တစ်လျှောက်လုံး နားလည်ပေး ပီး ကျွန်တော့် အနာဂါတ်အတွက် သူ့ခမျာ ပင်ပန်းခံရှာဖွေစုစောင်း နေချိန် ကျွန်တော် ကလွဲ မှားစွာ ဖြုန်းတီး ခဲ့မိဘူးတယ်။
image
ဒီလိုနဲ့ ငယ်ဘဝ လေးမှာ အဖေ့ ရဲ့ မေတ္တာ စေတနာ ဂရုဏာ အပြည့်နဲ့ ကာကွယ်စောက်ရှောက်မှု အောက်မှာ ကျွန်တော်လူလား မြောက်လာခဲ့တယ် စဉ်းစားတတ် နေပီ တွေးခေါ် တတ်နေပီ ကျွန်တော် လေ သူ့အတွက်လို့မတွေးမိဘူးဗျာ ကျွန်တော် တွေးတယ် လုပ်တယ်ဆိုတဲ့အရာတိုင်းက သူ့အတွက်မဟုတ်ခဲ့ဘူး
ကျောင်းနေစဉ်မှာ အကျင့်ပျက်တဲ့ လူငယ်စရိုက်လေးပါကပ်ညိ လာတော့ အကူမဖြစ်တဲ့အပြင် ကျွန်တော်ဟာ ဝန်တစ်ခုလို အနှောက်ယှက် ဖြစ်လာခဲ့သေးတယ် ကျောင်းလစ်တယ် အိမ်က ပိုက်ဆံ ခိုးသုံးတယ် အဖေဟာကျွန်တော့် အနာဂါတ်အတွက်ဆိုပီး သေတ္တာ လေးနဲ့ စုထားတတ်ပါတယ် မှတ်တမ်းမှတ်ရာလေးနဲ့ပေါ့ ကျွန်တော် ခိုးတယ် game တေဆော့တယ် ဒါတောင်အားမရအပြစ်တင်လိုက်မိသေးတယ် ငါ့ကို သူများမိဘတေလိုမုန့်ဖိုးလဲ အများကြီးမပေးဘူးဆိုပီး
အဖေ ဟာ ကျွန်ျတာ့်အနာဂါတ်အတွက် ဆို ကျွန်တော့်ပေါ် ထားရှိတဲ့ မေတ္တာ စေတနာ တွေ ကြောင့်ဆိုတာ ကျွန်တော်သိခဲ့ရင်တော့ဗျာ

အသက်ရွယ် ဟာ အချိန်တွေ ပြောင်းလဲ လာတာနဲ့ အမျှ တိုးလို့လာပီး အဖေအသက်ကြီးလာပီ အိုမင်းနေပီ သူ့အလုပ်ကိုသူမရပ်တန့်ခဲ့ဘူး ကျွန်တော် နဲ့စကားပြောဖို့အဖေအမြဲကြိုးစားတယ် ကျွန်တော် ဟာပျက်စီးနေပီ
အဖေဟာ သူ့အကျင့်တိုင်း ကျွန်တော့် ကို လမ်းမှန်ပြချင်နေခဲ့တယ် ကျွန်တော်ဟာ လမ်းပေါ်မှာ အချိန်ကုန်တတ်လာတယ်။ ကျွန်တော်ဟာ အဖေ့ကိုရှောင်ဖယ်နေခဲ့တယ် သူဟာ ငါ့ကို အမြဲအပြစ်ဘဲ မြင်နေတယ် ငါ့ကို မချစ်ဘူးဆိုပီး မှားယွင်းတဲ့ အတွေးတွေ အသိ တွေကြားမှာ ငါသာအမှန်ဆို ပီးဂုဏ်ယူစွာဆိုးခဲ့သော်လည်း အဖေဟာ ကျွန်တော့်ကို ဆူယုံကလွဲ လို့သူ့နောက်ဆုံးချိန်ထိပင် လက်နဲ့မရွယ်ခဲ့ဖူးဘူး ဒီလောက်ကြီးမားတဲ့ အဖေရဲ့ မေတ္တာကို သာကျွန်တော်နားလည်ခဲ့ရင့့် 
image
အဖေ ကျန်းမာရေး ချို့ယွင်းလာပီ ကျွန်တော်ဟာ အလုပ်ကိစ္စ တွေနဲ့ နယ်ကို ခဏခဏ သွားနေရချိန် ကျွန်တော့ဆီကဖုန်းလေးလာရင်ပျော်နေရော ကျန်းမာရေးဂရုစိုက်ဖို့မှာရတာလဲ အထပ်ထပ် အခါခါ
ပြန်လာရင်ဘာလေးဝယ်ခဲ့ ညာလေးဝယ်ခဲ့ ကလေးတစ်ယောက်လို မှာ တတ်သေးတာ ဒါပေမဲ့ ကျွန်တော် အမြဲ သတိရမနေတတ်ခဲ့ဘူး ငယ်ငယ်က အဖေ အလုပ်ကပြန်လာတိုင်း ကျွန်တော့်အတွက် နွားနို့ မုန့် တစ်ခုမဟုတ်တစ် မှာစရာတောင်မလိုဘဲ ပါလာတတ်တာ တွေကို ကျွန်တော် မေ့နေခဲ့ပီလေ ကျွန်တော် ငယ်ငယ်က အဖေတစ်ခုခုပါလာရင် အရမ်းပျော်ခဲ့ အဖေလဲ အဲ့လိုဘဲ ခရီးကပြန်လာလို့ ကျွန်တော်များသူ့တွက်တစ်ခုခုပါလာရင်ပျော်မဆုံးဘူး ငါ့သားကြီးက ငါ့တွက်ဝယ်လာတာ ဆို ပီးသူ့သူငယ်ချင်းတွေကြွားရတာအမော ကျွန်တော်ဂုဏ်မယူဘူး မသိသလိုဘဲနေခဲ့မိတယ် အဖေနဲ့ ထပ်တူ ပျော်လို့ ရတာကိုကျွန်တော် မေ့နေခဲ့ဖူးတယ်

အဖေနောက်တော့ကျွန်တော့် ကိုပြောလာတယ် သားကြီး အဖေအို နေပီ သူလိုချင်တာ ကျွန်တော့်ဆီ ကဂရုစိုက်မှု လေးတင်ပါ သူဘာမှ မတောင်းဆို ဘူး တခြား သူ့ နဲ့ အတူ ညပိုင်းလေးမှာစကားတွေ ပြောချင်တယ် ကျွန်တော်ဟာ အလုပ်ကို အကြောင်းပြပီး ညပိုင်းတောင်မအားခဲ့ဘူး အဖေကျန်းမာရေးမကောင်းခဲ့တဲ့ နောက်ဆုံး နေ့ သူ့ဘဝရဲ့ နောက်ဆုံး အချိန်ရောက်ခါနီး မှာ အမေက အဖေကို ပြောတယ်တဲ့ တော့်သားကိုခေါ်လိုက်ရမလား ဆိုနေပါစေကွာ မင်းသား အလုပ်လုပ်နေတာ ညနေကျပြန်လာမှာ ပေါ့ လို့ပြောပီး25/8/2016 10:30 am လောက်မှာဆုံးသွားတယ် ကျွန်တော် သိရချိန်က 1:23 pm ဖုန်းတွေခေါ်ပါသော်လည်းအလုပ်တာဝန်ကြောင့်ဖုန်းဝင်တာမသိလိုက်ပါဘူး ကျွန်တော့်ဘဝရဲ့ ရွှေ တောင်ကြီးပြိုလဲတဲ့နေပါဘဲ ကျွန်တော် ဘာမှ လုပ်မပေးလိုက် ရဘူး သူ့ပေးဆပ်မှု တွေနဲ့ ကျွန်တော်ဟာရပ်တည်ခဲ့တယ် သူ့စေတနာ မေတ္တာ တွေကိုသူရှိစဉ်မှာတန်းဖိုးထားရမှန်းမသိခဲဘူး
ခုတော့ကျွန်တော် ဘာ တတ်နိုင်သေးလဲ သားမိုက်ကို ခွင့်လွှတ်ပါအဖေ့ 

Author kyawkohtet@kyawkohtet
MSC-227

အဖေ | Ecency