ကျွန်တော်တို့သည် စားဝတ်နေရေး ပညာရေး စသည်ဖြင့် သမိုင်းပေးတာဝန်များကို ထမ်းဆောင်ရင်း တဖက်တလမ်းမှ အပိုဝင်ငွေများ ရရှိစေခြင်းငှါ steemit platform တွင် original creations များဖြင့် လျှောက်လှန်းနေကြသည်မှာ တစ်လတန်သည် နှစ်လတန်သည် ကြာမြင့်လာခဲ့ပါပြီ။ ရက် လ အချိန်နာရီများ ကုန်ဆုံးသွားသည်နှင့်အမျှ မိမိတို့၏ wallet ထဲမှာလည်း sbd များလည်း အထိုက်အလျောက် ရရှိနေကြပါသည်။ အရေအတွက်မများသော်လည်း မိမိတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ရရှိလာသော sbd များကိုကြည့်၍ ဖြစ်ပေါ်လာသော ၀မ်းသာမှု ပီတိသည်ကား ဘယ်အရာနှင့်မျှ တန်ဖိုးဖြတ်၍ မရနိုင်ပေ။
ထိုအချိန်ကာလအတွင်း တက်တက်ကြွကြွဖြင့် ကြိုးစားပြီးလျှောက်လှန်းနေသူများရှိသလို active မဖြစ်တော့ဘဲ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားသူများလည်း ရှိကြပါသည်။
Steem media platform ပေါ်တွင် ယနေ့ post တင် Voet ပေး ယနေ့ $ ထုတ်ချင်၍မရပါ။ မိမိတင်လိုက်သော Post မှရရှိလာသော $ များသည် (၇)ရက်ပြည့်မှသာ မိမိ wellat ထဲသို့ေ၇ာက်ရှိလာမည်ဖြစ်ပါသည်။ မိမိ Post $ များရဖို့လည်း SP များများပိုင်ဆိုင်ထားသူများ vote ပေးဖို့လိုပါသည်။ ထို့ကြောင့် steem သည် မိမိတစ်ယောက်ထဲ လုပ်၍ရခြင်းမဟုတ်ပဲ အဖွဲ့အစည်းဖြင့် ညီညာစွာလုပ်မှသာ အောင်မြင်နိုင်သော platform တစ်ခုဖြစ်ပါသည်။
"မိမိကိုယ်ကို ကြီးပွားလိုက အတိုမပြု အရှည်ရှုလော" ဟူသည့်အတိုင်း steem မှာ အောင်မြင်မှုရလိုသူများသည် အတိုကိုမကြည့်ပဲ ရည်ရှည် အနာဂါတ်ကိုလှန်းမျှော်ကြည့်ပြီး ညီညွတ်စွာလုပ်ဖို့ လိုပါလိမ့်မည်။
ကျွန်တော်တို့ မြန်မာများသည် လူနည်းနည်းစုမိလျှင် အတွေးအခေါ် အယူအဆအမျိုးမျိုးဖြင့် ကွဲပြားတတ်ကြသည်။ ဘယ်အဖွဲ့အစည်းမဆို အချင်းချင်း ညီညွတ်ရေးပျက်ပြားနေလျှင် အောင်မြင်မှု ရလိမ့်မည်မဟုတ်ပါ။
ရှေးအခါ မုဆိုးတစ်ယောက်သည် ခိုများကျက်စားရာ တောတွင်းတစ်နေရာ၌ ဆန်ကျိုးဆန်ကွဲများကို ကြဲဖြန့်ပြီး ကျော့ကွင်းထောင်ထား၏။ ခေါင်းဆောင်ခိုးမင်းသည် နောက်ပါအခြွေအရံခိုများဖြင့် ကောင်းကင်မှ ပျံသန်းလာစဉ် ကြဲဖြန့်ထားသော ဆန်ကွဲတို့ကိုမြင်၏။
အနောက်ပါ အခြွေအရံခိုများက ခရီးဝေးမှ ပျံသန်းလာရသဖြင့် ဗိုက်ဆာနေ၍ အာသာငမ်းငမ်း ဖြစ်နေကြသည်။ ခေါင်းဆောင်ခိုမင်းက " တောမြိုင်တွင်းမှာ ဆန်ကွဲမရှိသင့်၊ မဆင်းကြပါနဲ့၊ မစားချင်ကြပါနဲ့ " ဟု ပုံဥပမာ နည်းအဖြာဖြာဖြင့် ဆိုဆုံးမသော်လည်း အစာအာဟာရ၌ အာသာငမ်းငမ်း တပ်နေသော ခိုတစ်ကောင်က ဆုံးမစကားကိုမနာယူချင်။
"ကြီးသူတို့၏စကားကို လိုက်နာရမည်ဆိုသော်လည်း ဘေးအန္တရာယ်ကြုံမှသာ လိုက်နာသင့်သည်၊ ယခုကား ကြီးသူတို့သည် စားနေကျအစာ၌ပင် "ဤအစာကား ကျေခဲ၏၊ ဤအစာကား အေးခဲ၏"ဟု ဆင်ခြင်စဉ်းစားနိုင်လွန်းသည်" စသည်ဖြင့် ပြော၏။ အခြားခိုများကြားလျှင် ယုံကြည်ပြီး ခိုမင်းစကားကို နားမထောင်ဘဲ မြေပြင်သို့ သက်ဆင်းကာ အစာကိုယူကြသဖြင့် မုဆိုးထောင်ထားသော ပိုက်ကွန်၌ မိကြသည်။
ခိုးအများက "ကြီးသူစကားကို နေရာတိုင်း မနာယူသင့်" ဟု ပြောခဲ့သောခိုကို ၀ိုင်းဝန်း အပြစ်တင်ကြသည်။ ခေါင်းဆောင်ခိုမင်းက "ယခုမှတော့ မည်သူ့ကိုမျှ အပြစ်မတင်ကြနှင့်"ဟု ဆုံးမကာ ညီညွှတ်မှုစွမ်းအားကို အသုံးပြုရန် ပြောဆိုလေသည်။
ခိုများသည် တညီတညွှတ်တည်း ပိုက်ကွန်ကိုချီယူ၍ ပျံသန်းကြကာ မြစ်အနီးအနားမှာနေသော ကြွက်မင်းထံသွားပြီး အကူအညီတောင်းကြ၏။ ကြွက်မင်းက ကျော့ကွင်းတို့ကို ကိုက်ဖြတ်သဖြင့် အားလုံးချမ်းသာရကြလေသည်။(ဟိတောပဒေသ)
ဖေါ်ပြပါ ခိုအပေါင်းတို့သည် မိမိတို့၏ ခေါင်းဆောင်စကားကို လိုက်နာပြီး ညီညွတ်မှုစွမ်းအားဖြင့် ပိုက်ကွန်ကို ၀ိုင်းဝန်းချီမကြ၍ ချမ်းသာမှုရကြသကဲ့သို့ မိမိတို့ Myanmar Steem Team သည်လည်း မိသားစုစိတ်ဓာတ်ဖြင့် ညီညွတ်မှုစွမ်းအားကို အသုံးပြုကာ အချင်းချင်း နားလည် ခွင့်လွှတ် ဖေးမကူညီရင်း နောင်လူတို့ အတုယူစရာကောင်းသော Myanmar Steemit community ဖြစ်လာစေရန် ကြိုးစားကြပါစို့
photo = google image
@kyawhlaing