ပျင်းလို့လျှောက်ရေးသည်

Words
69
Reading
1 min
Listen
Play
7y

Steem ဈေးတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဦးမော့လာတော့ နဲနဲအားတက်လာတယ် ဟီး။ လက်ထဲမှာ ဘာ coin မှမရှိတော့ ဒါကိုပဲတစိမ့်စိမ့်ကြည့်နေရတာပေါ့လေ။ စာရေးရမှာလဲ စိတ်အားထက်သန်မှုမရှိတော့ steem နဲ့ အဆက်ပြတ်မသွားအောင် SM လေးတော့ တနေ့တကြိမ် ပုံမှန်လေးဆော့ဖြစ်နေတယ်။ Quest ၅ပွဲဆိုပေမေ့လည်း ကိုယ်မြှင့်ထားတဲ့အတွဲ့နဲ့မကျရင် တိုင်ပတ်တော့တာပါပဲ။ ၅ ပွဲကို ၂နာရီလောက်တိုက်ရတဲ့အခါတွေလည်းရှိတယ်။ ဒီရာသီမှာတော့ Gold II ကိုရောက်နေပါပြီ။
oqjt2zgtjg.jpg
SM ကလည်း တခါတခါ တိုက်မဲ့သူမရှိလို့ စောင့်နေရတာတွေလဲရှိလာတယ်။ site အသွင်အပြင် ပုံစံလေးတွေပြောင်းသွားပေမေ့လည်း ရင်းနှီးထားတာနဲ့ ရလာတဲ့ကဒ်တွေက တန်ဖိုးချင်း အဆမတန်အောင်ကွာခြားနေတော့ ဆော့တဲ့သူတွေကလည်း ဘယ်အားရှိပါတော့မလဲ။ ရင်းနှီးထားတဲ့သူတွေလောက်ပဲ ကိုယ်တွေလို မှေးပြီးလိုက်နေတော့တယ် ထင်ပါတယ်။
ရလာတဲ့ကဒ်တွေကို လိုအပ်တာလောက်ပဲထားပြီး ရတဲ့ဈေးနဲ့ ရောင်းထုတ်နေတာပဲ။ Steem ဈေးတွေတက်လာရင် ကဒ်တွေလဲလိုက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
5c8igjtokb.jpg
ဘာမှမဟုတ်ဘူး ပျင်းလို့လျှောက်ရေးနေတာ၊ တိုက်ရမဲ့အချိန်ရောက်ပြီ ဆော်လိုက်ဦးမယ်ဗျိုးးး
တော်သေးပြီ

Images Credit - Original Source
kyawhlaing@kyawhlaing

ပျင်းလို့လျှောက်ရေးသည် | Ecency