သက်ကြီးစပါးဈေးကွက် မည်သို့ရှာဖွေဆောင်ရွက်ထားပါသနည်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းမေးမြန်းသည့် လွှတ်တော်အမတ် : ဦးသိန်းရီ (၁၂/ ထတပ (နိုင်) ၀၅၀၅၃၁၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီထန်းတပင် မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)
မေးခွန်းအမျိုးအစား : စိုက်ပျိုးရေး
မေးမြန်းသည့်နေ့ရက် : ၀၂-၀၅-၂၀၁၃
မေးမြန်းသည့် လွှတ်တော် အစည်းအဝေး : ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမအကြိမ် ပုံမှန် အစည်းအဝေး
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အြေခခံဥပဒေပုဒ်မ ၂၃ တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်ပေးမည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားမိသားစုဝင်များ ဖြစ်ကြပါတယ်။ တောင်သူလယ်သမားများ၏ လူနေမှုဘဝ အဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်ကြီးအဆင့်အတန်းမြင့်မားလာမည်။
မိသားစုများ၏ စာရေး၊ ဝတ်ရေး၊ နေရေးပညာရေးတို့အတွက် လုံလောက်မှုမရှိဘဲ မပြေလည်မှုများဖြင့် သံသရာလည် ကြုံတွေ့နေရပါသည်။ ဒါကြောင့် လယ်သမားများ စိုက်ပျိုး ထုတ်လုပ်သော သက်ကြီးစပါးဈေးကွက်ရှာပေးရန် လိုအပ်ပါကေြာင်း အာမခံနိုင်သော၊ အရှုံးမပေါ် သော စပါးဈေးကွက်များရှိဖို့လိုကြောင်း သုံးသပ်ရရှိပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သည် ဈေးကွက်သွက်လက်မြင့်မားစေရန် အရန်စပါးများဝယ်ယူခဲ့ပါသည်။ တင်ဒါရရှိသည့် အဖွဲ့သည် ဝယ်ယူသည့်ဒေသများ ကွက်ပြည့်မဆောင်ရွက်နိုင်ခဲ့ခြင်း၊ အနည်းငယ် သတ်မှတ်ဝယ်ယူ ခြင်းတို့ကြောင့် ဝယ်ယူခြင်းမရှိသော ဒေသများ၏စပါးဈေးများကို နှိမ်ယူဝယ်ယူခြင်းများရှိခဲ့ပါ ကြောင်း လယ်သမားလက်တွင် စပါးမရှိသောအချိန်မှ မြှင့်၍ဝယ်ယူခြင်းမှာ ဈေးကောင်းမခံစားရသော အခြေအနေများတွင်ရှိခဲ့ပါကြောင်း စပါးပေါ်ချိန်တွင် နိုင်ငံတော်အနှံ့ မြို့နယ်တိုင်းတွင် တရားဝင် အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူမည်ဆိုပါက လယ်သမားများ၏ ဈေးအနှိမ်မခံရကြောင်း သုံးသပ်ရရှိပါ သည်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများထုတ်လုပ်သော သက်ကြီးစပါး ဈေးကွက် ကောင်းမွန်ရန် လိုအပ်ပါသဖြင့် တောင်သူလယ်သမားအကျိုးငှာ အောက်ပါမေးခွန်းများ မေးမြန်းရခြင်းဖြစ်ပါသည်။
စီမံကိန်း၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိသော ကျေးလက်နေပြည်သူများ၊ ဆင်းရဲ နွမ်းပါးမှုများလျော့ကျသွားနိုင်မည်ဖြစ်ပါကြောင်း လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်သော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုတွက်ခြေကိုက်သော ဈေးကွက်၊ ဈေးကောင်းရဖို့ လိုအပ်လျက်ရှိ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီးစပါးဈေး၊ သက်ကြီးစပါးများ၏ အရည်အသွေးသည် နိုင်ငံတကာတွင် ပထမအဆင့်ရှိသည်ဟု သိရပါသည်။ အဆိုပါ သတင်းအရ စပါးဈေးကောင်းမည်ဆိုပြီး ၂၀၁၂ ခုနှစ် မိုးရာသီတွင် လယ်သမားများသည် သက်ကြီးစပါးများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ကြပါသည်။ ယခုအချိန်တွင် သက်ကြီးစပါးဈေးမှာ တင်း ၁၀၀ လျှင် ၄၅၀၀၀၀ ခန့် ရှိပါသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် တစ်ဧကအထွက်နှုန်းမှာ သက်ကြီးစပါးတင်း ၄၀ သာ ရရှိပါသည်။ ပေါက်ဈေးအရတွက်ပါက ၁၈၀၀၀၀ သာ ဖြစ်ပါသည်။ တစ်ဧကကုန်ကျစရိတ် ၁၅၀၀၀၀ ခန့်နုတ်လျှင် ၃၀၀၀၀ သာ ခံစားရပါကြောင်း ၆ လကျော် စောင့်ဆိုင်းမျှော်လင့်၍ လုပ်ကိုင်လာကြ သော လယ်သမားမိသားစုများ၏ စာရေး၊ ဝတ်ရေး၊ နေရေးပညာရေးတို့အတွက် လုံလောက်မှုမရှိဘဲ မပြေလည်မှုများဖြင့် သံသရာလည် ကြုံတွေ့နေရပါသည်
မေးခွန်း(၁)တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သော သက်ကြီးစပါးဈေးအား အရှုံးမပေါ် သော ထုတ်လုပ်မှုစရိတ်ကာမိစေသော ဈေးကွက်ရရှိရေးအတွက် မည်သို့စီမံဆောင်ရွက်ထားပါ သနည်း။ မေးခွန်း(၂) သက်ကြီးစပါးဈေးများ မည်သည့်အချိန်၊ မည်သည့်အခြေအနေအရ စပါး ဈေးကွက်ကောင်းနိုင်ပါမည်နည်း။