နှစ်ပေါင်းများစွာကတည်းက ကြောင်များသည် လူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များ၏ ကံကြမ္မာဟာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကြောင်များဟာ အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များအဖို့တော့ စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့ သခင်ကိုချစ်လျှင်ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင် များကိုတော့ ဘယ်အရာကိုမှအတင်းအကြပ်စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ သူတို့စိတ်ဆန္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ လွတ်လွတ်လပ်လပ်နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ ကြောင်များ ရဲ့ အလိုကျ လိုက်လုပ်ပေးနေရတော့ပါတယ်။!ရုံးက ကြောင်မလေး သားပေါက်တော့ ကလေးကော အမေကော အိမ်မှာမွေးမယ်ဆိုပြီး ခေါ်လာခဲ့တာ
အိမ်ကိုရောက်ပြီး ၂လလောက်နေတော့ ကြောင်လေး ၂ကောင် ထပ်ပေါက်တယ်
အဲဒီမတိုင်ခင်တော့ ကလေးကို ဘာမှလုပ်ပေးဖို့မစဉ်းစားထားပေမယ့် သူကလေးမွေးတာ ကိုယ့်မျက်စိနဲ့ မြင်လိုက်ရပြီးနောက် သူ့ကို ကလေးထပ်မမွေးစေချင်တော့လို့ ဆေးထိုးဖို့ ဆေးခန်းခေါ်သွားခဲ့တာ
ဆရာက ဆေးထိုးရင် ကြောင်လေးတွေ နို့တိုက်လို့မရတော့ဘူး ဖြစ်သွားမယ် တစ်လလောက်နေမှ ပြန်လာပြီး သားအိမ်ထုတ်လိုက်တာ ပိုကောင်းမယ်တဲ့
ဆေးထိုးတာက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပြီး သားအိမ်ထုတ်တာက ကလေးအတွက် ပိုကောင်းတယ်ဆိုတာနဲ့ တစ်လပြည့်တော့ ဆေးခန်းခေါ်သွားပြီး ကလေးကို သားအိမ် ထုတ်ပေးခဲ့တယ်
မနေ့က ဆေးခန်းကပြန်လာတော့ ကလေးက ညည်းနေရှာတယ်
အော် သူ ခွဲထားတဲ့ အရှိန်နဲ့ နာနေရှာတယ်ဆိုပြီး အသာလေးပွတ်ပေးပြီး ဒီအတိုင်းပဲ စောင့်ကြည့်ခဲ့တာ
ညက ကိုယ်အိပ်တဲ့အချိန်ထိတော့ သူအသက်လေးရှုတာ ကိုယ်မြင်ခဲ့ရတယ်
မနက် ဆေးလိမ်းပေးဖို့ သွားကြည့်တော့ အသက်မရှိရှာတော့ဘူး
ဆေးခန်းကို ဖုန်းဆက်ပြီး မေးတော့ အော်ပရေးရှင်းက အောင်မြင်ပေမယ့် ကလေးက မေ့ဆေးဒဏ်မခံနိုင်တာ ဖြစ်မှာတဲ့
အဲလိုဖြစ်တတ်တယ်ဆိုတာ ကြိုသိရရင် ကလေးကို ဒီအတိုင်းပဲ ထားပါတယ်
ကလေးရယ်
ကလေးကို ကောင်းဖို့လုပ်ပေးခဲ့တာပေမယ့်
ကလေးက မေ့ဆေးဒဏ်မခံနိုင်တာတဲ့လား
သူ့ကလေးတွေကို အရမ်းချစ် အရမ်းညှာပြီး
ကိုယ့်မျက်နှာရိပ်ကိုလည်း အမြဲကြည့်တတ်တဲ့ လိမ်မာတဲ့
ကလေး ကောင်းရာဘုံဘဝ ရောက်ပါစေ