တန်ဖိုးကြီး အသုံးအဆောင်တွေနဲ့ အာနိသင်တူညီတဲ့ သဘာဝပစ္စည်းကောင်းတွေ အများကြီးရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ အလွယ်တကူ သက်သက်သာသာနဲ့ ရရှိနိုင်တဲ့ ခရမ်းချဉ်သီးရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးဟာ ဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို သင့်မျက်နှာတစ်ပြင်လုံးမှာ လိမ်းလိုက်ပါ။ တစ်နာရီလောက် အကြာမှာ ရေဆေးချလိုက်ပြီး moisturerizer လိမ်းပေးပါ။ ဒါကို ပုံမှန်လုပ်ပေးခြင်းဖြင့် သင့်ဝက်ခြံတွေ အများကြီးသက်သာသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
ခရမ်းချဉ်သီးအရည်ဟာ အကောင်းမွန်ဆုံး Astringent လိုပဲ အာနိသင်ရှိပါတယ်။ ခရမ်းချဉ်သီးအရည်တစ်ဇွန်းကို ရှောက်ရည် လေးငါးစက်လောက် ရောပြီး လိမ်းပေးပါ။ ခဏနေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရင် ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းသွားစေမှာပါ။
Home LIFESTYLE HEALTH & FITNESS
LIFESTYLEHEALTH & FITNESS
ခရမ်းချဉ်သီး၏ အသားအရည်အတွက် အံ့မခန်း အသုံးဝင်ပုံများ
By Em Em - August 25, 2017
တန်ဖိုးကြီး အသုံးအဆောင်တွေနဲ့ အာနိသင်တူညီတဲ့ သဘာဝပစ္စည်းကောင်းတွေ အများကြီးရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ အလွယ်တကူ သက်သက်သာသာနဲ့ ရရှိနိုင်တဲ့ ခရမ်းချဉ်သီးရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) ချွေးပေါက်တွေကို ကျဉ်းစေတယ်
ခရမ်းချဉ်သီးအရည်ဟာ အကောင်းမွန်ဆုံး Astringent လိုပဲ အာနိသင်ရှိပါတယ်။ ခရမ်းချဉ်သီးအရည်တစ်ဇွန်းကို ရှောက်ရည် လေးငါးစက်လောက် ရောပြီး လိမ်းပေးပါ။ ခဏနေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရင် ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းသွားစေမှာပါ။
(၂) ဝက်ခြံတွေကိုတိုက်ထုတ်ပေးတယ်
ခရမ်းချဉ်သီးဟာ ဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို သင့်မျက်နှာတစ်ပြင်လုံးမှာ လိမ်းလိုက်ပါ။ တစ်နာရီလောက် အကြာမှာ ရေဆေးချလိုက်ပြီး moisturerizer လိမ်းပေးပါ။ ဒါကို ပုံမှန်လုပ်ပေးခြင်းဖြင့် သင့်ဝက်ခြံတွေ အများကြီးသက်သာသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
READ
အပန်းမကြီးပဲလွယ်လွယ်လေးနဲ့ ကိုယ်အလေးချိန်လျော့ချနိုင်ဖို့ နည်းလမ်းကောင်းလေးများ
(၃) ဆားဝက်ခြံတွေကို ဖယ်ရှားပေးတယ်
ခရမ်းချဉ်သီးကို အဝိုင်ေးလးတွေ လှီးပြီး ဆားဝက်ခြံအပေါ်မှာ ကပ်ပေးပါ။ ဒါကို ပုံမှန်လေးလုပ်ပေးခြင်းဖြင့် ဒီစိတ်ညစ်စရာကောင်းတဲ့ ပြသနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
(၄) အဆီပြန်ခြင်းကင်းစေတယ်
သင်ဟာ အဆီပြန်သူလား။ ဒါဆို စိတ်ညစ်မနေပါနဲ့တော့။ ခရမ်းချဉ်သီးနဲ့ သခွားသီးကို ရောပြီးကြိတ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို ဂွမ်းစလေးနဲ့ တို့ပြီး မျက်နှာပြင်တစ်ခုလုံး လိမ်းလိုက်ပါ။ ပုံမှန်လေးလုပ်ပေးခြင်းဖြင့် အဆီပြန်နေတာတွေ လုံးဝပျောက်ကင်းသွားမှာပါ။
(၅) နေလောင်ကွက်တွေကိုပျောက်ကင်းစေတယ်
နေလောင်ထားတဲ့ အသားအရည်အတွက် ကြိတ်ထားတဲ့ ခရမ်းချဉ်သီးအနှစ်ကို လိမ်းပြီး ၁၅ မိနစ်လောက်အကြာမှာ ရေဆေးချလိုက်ပါ။ တကယ်လို့ သင်ဟာ အမြန်ဆုံး ပျောက်ကင်းစေချင်ရင်တော့ နွားနို့နှစ်ဇွန်းရောပြီး လိမ်းပေးနိုင်ပါတယ်။ ၅မိနစ်လောက်ကြာရင် Moisturizer နဲ့ vitamin E ပါတဲ့ မျက်နှာသစ်ဆေးနဲ့ သစ်လိုက်ပါ။ကြိတ်ထားတဲ့ ခရမ်းချဥိသီးနဲ့ ပျားရည်ကို ရောစပ်ပြီး ပေါင်းတင်ပေးခြင်းဖြင့် လင်းလက်တောက်ပတဲ့ အသားအရည်ကို ပိုင်ဆိုင်ရမှာပါ။ မျက်နှာက မွဲခြောက်ခြောက်နဲ့ ညစ်ညစ်ကြီး ဖြစ်နေရင်တော့ ဒီနည်းလမ်းလေးက မှော်ဆန်ဆန်နဲ့ သင့်အသားအရည်ကို ပြောင်းလဲပေးမှာပါလို့ rewardme.in ကဖော်ပြပေးထားပါတယ်။