Education

kothu2(30)
Published in
#esteem
Words
42
Reading
1 min
Listen
Play
8y

စာကျက်နေတဲ့ ကျောင်းသားတွေ

ခရီးစဉ်အတွင်းမှာ ကျောင်းသားတွေ အမျိုးမျိုးနဲ့တွေ့ရတယ်။ တချို့နဲ့လည်း စကားပြောရတယ်။ စောစောက ၆ တန်း ကျောင်းသူလေးနှစ်ယောက်က စားပြီးပြီလားကို အင်္ဂလိပ်လိုလာမေးတယ်။ မနက်စာလား နေ့စာလား ညစာလားလို့ ပြန်မေးလိုက်တယ်။

ကျွန်တော်တို့ခေတ်ကနဲ့ အတော်ကိုမတူပါ။ ခုခေတ်မှာ ကျောင်းတွေအမျိုးမျိုး။ ကျူရှင်တွေအမျိုးမျိုး။ အမျိုးမျိုးဆိုတာ အဆင့်။ အဆင့်ဆိုတာ မိဘတွေ။

မတူတဲ့အဆင့်တွေ ရောနှောနေထိုင်တာကို လူ့အသိုင်းအဝိုင်းလို့ခေါ်တယ်။ မြန်မာပြည်မှာ မတူတဲ့အဆင့်တွေနဲ့ ဆက်သွားနေလိမ့်မယ်။

ကျောင်းကောင်းကောင်းထားတိုင်းတော့ တိုင်းပြည်အတွက်အားထားရသူ ဖြစ်မလာပါ။ သူ့မိသားစုအတွက်တော့ ဖြစ်ကောင်းဖြစ်ပါမယ်။

မိသားစုတွေအတွက်ရော တိုင်းပြည်အတွက်ပါ တော်တတ်ထူးချွန်သူတွေ ဖြစ်စေချင်ပါတယ်။
image
kothu2@kothu2

Education | Ecency