ခေတ် ခေတ်

kothu2(30)
Published in
#life
Words
45
Reading
1 min
Listen
Play
8y

အရွယ်မရောက်
အပျိုပေါက်
လင်နောက်လိုက်တဲ့ခေတ်

ဆုံးမအသံ
မနာခံ
ပြန်လှန်ပြောတဲ့ခေတ်

မိန်းမ.ယောကျာ်း
သွင်မပြား
ခွဲခြားမရတဲ့ခေတ်

ကိုယ်ကပ်.လည်ဟိုက်
ဝတ်ဆင်ခိုက်
စိတ်မိုက်ဝင်တဲ့ခေတ်

ဥပုသ်သည်များ
ကျောင်းကိုသွား
ပါဝါကြွားတဲ့ခေတ်

တရားသဘော
ဘယ်လိုဟော
အတင်းပြောတဲ့ခေတ်

ဘုန်းကြီးများထံ
သီလခံ
ဆူညံနေတဲ့ခေတ်

စာပေဖတ်လဲ
ခနပဲ
ခေါင်းထဲမထားတဲ့ခေတ်

သိသိသာသာ မိုက်လို့လာ
တဏှာရူးတဲ့ခေတ်

အသိခေါက်ခက် အဝင်နက်
မိုက်ရူးရဲတဲ့ခေတ်

ဆရာ မိဘ မထေမဲ့
စိတ်ရိုင်းဝင်တဲ့ခေတ်

သိသိသာသာ ထူးခြားလာ
ကြာကူလီတဲ့ခေတ်

ပြောရရင်လေ မကုန်ပါ
လေသာကုန်မယ့် ခေတ်

ခေတ်​ ​ခေတ်​ ​ခေတ်

ခေတ် ခေတ် | Ecency