တော်သေးတယ်

Words
54
Reading
1 min
Listen
Play
8y

image

တော်သေးတယ်

စာတွေရေးနေတာ

တားဆီးမယ့်သူလည်း မရှိ

ကန့်ကွက်မယ်သူလည်း မရှိ

ပိတ်ပင်မယ့်သူလည်း မရှိ

ဒေါသထွက်ရမှာလည်း မရှိ

သောကဖက်ရမှာလည်း မရှိ

လောဘတက်ရမှာလည်း မရှိ

သူပိုင် ငါပိုင် အငြင်းပွားစရာလည်း မရှိ

image

မထုတ်ပေးလို့လည်း ပြဿနာ မရှိ

ထုတ်ပေးလို့လည်း ပြဿနာ မရှိ

ငွေရတော့လည်း တစ်ပြားမှ မရှိ

ငွေမရတော့လည်း တစ်ပြားမှ မရှိ

တိုင်ပင်ရမှာလည်း တစ်ယောက်မှ မရှိ

အတင်းရေးခိုင်းတာလည်း တစ်ယောက်မှ မရှိ

ပါရမီဖြည့်တာလည်း မရှိ

တစ်နာရီထေ့စရာလည်း မရှိ

အားလုံးကိုဖြတ်ထားကြည့်

ရှိစရာတွေ မသိ

သိစရာတွေ မရှိ

ရှိ ရှိ မရှိ ရှိ မသိ

တင်ညွန့်

photo : facebook

image

တော်သေးတယ် | Ecency