အချိန်ရယ်အချစ်ရယ်ဘဝရယ်

kosithu(41)
Published in
#poem
Words
57
Reading
1 min
9y
Listen to this post
~1 min

image

ကာလေသောအချိန်ဟိုတုန်းကပေါ့
ကောင်မလေးတစ်ယောက်ဟုတ်ချင်ဟုတ်မယ်လေ
အိမ်ထောင်ရှင် ဖြစ်လာရင်တော့
အမျိုးသမီးတစ်ယောက်လိုသာ
ရင့်ကျက်တည်ငြိမ်ရမယ်လေ
အိမ်​မှုကိစ္စတွေလင်​မှုကိစ္စတွေ
နှစ်​ဖက်​မိသားစုအ​ရေး မျှတ​အောင်​ စီမံရမယ်​လေ
စု​ဆောင်းရမယ်​လေပစ္စည်း​ဥစ္စာဖြို တာ
စဖိုက ဆိုတာ အလကားမဟုတ်​ဘူးလေ
ယောက်ျားရှာသမျှကို မျှ​တအာင်​ ထိန်းရမယ်​လေ
အခု သုံးတာလှူတာစုတာပေးတာ
ဤ​လေးခုကို မျှရမယ်​လေနော်
အိမ်ရှင်မဆိုတာ အိမ်ကိုရှင်အောင်မ နေရသူပေါ့လေ
လင်သားမျက်နှာကို မကြည့်ပဲနဲ့တော့
လင်သားကိုစိတ်ဆင်းရဲအောင်အမြဲ
် လုပ်နေပြီဆိုတည်းကအင်းသေချာတယ်
မိန်းမကောင်းလို့ ဆိုမရပြန်ဘူးလေနော်
အိမ်​တစ်​အိမ်​ရဲ့ အသွင်​အပြင်
ဘုရားစင်​နဲ့နောက်တစ်ခုကတော့
ရေအိမ်​ကိုကြည့်​တာနဲ့ အဲ့ဒီလင်​မယား
ရဲ့ အကျင့်​ စရိုက်​ လက္ခဏာ ကိုမြင်​လို့ရပြီပေါ့
အထက်မှာပြောခဲ့တယ်လေ
အပြန်အလှန် နားလည်မှု ရယ်
အထင်ကြီးလေးစားမှုရယ်ပေါ့
အိမ်ထောင်ပြုတာ လွယ်တယ်လေ
အဲ့ဒီ အိမ်ထောင်ရေးကိုသာအမြဲ
ရေရှည်တည်တံ့အောင်သာ
ထိန်းသိမ်းနိုင်ဖို့ကျ ခက်ခဲတယ်လေနော်

kosithu@kosithu
photo-google image

အချိန်ရယ်အချစ်ရယ်ဘဝရယ် | Ecency