အဓိပ္ပာယ်ဖွင့်ဆိုထားတော့ သဘောတရားကရိုးရှင်းပါတယ်။အဲ့ဒီလို သံသရာကြီးထဲမှာ ကျင်လည်
နေရတဲ့လူသားချင်းအတူတူ ဘာဖြစ်လို့များ ဆန်းပြားနေကြပါလိမ့် ? တစ်ချို့ဆိုရင် လူကို လူရယ်လို့မသတ်မှတ်ချင်ကြဘူးဗျ ( ဆိုးဝါးလွန်းပါတယ် )
ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုအထင်မြင်ခံရဖူးပါတယ်။ဒီတော့ ကျွန်တော်ဖတ်ဖူးတဲ့စာပိုဒ်လေးပါ ( ရေးသူနာမည်တော့သေချာမမှတ်မိပါဘူး ) သူက … " တိုင်းပြည်ကိုအုပ်ချုပ်တဲ့ရှင်ဘုရင်လည်းလူပဲ လမ်း
မပေါ်က ပြည့်တန်ဆာမလည်းလူပါပဲ"တဲ့ ဒီစာကြောင်းလေးကို ကျွန်တော်စဉ်းစားနေတာ အခုအချိန်ထိပါပဲ ။ လူတစ်ယောက်က ဘယ်နေရာမှာပဲဖြစ်ဖြစ် အားလုံးအတွက်အရေးပါတဲ့လူတစ်ယောက်ဖြစ်ပြီဆိုရင် သူ့မှာ power ( စွမ်းအား ) ဆိုတာရှိလာပြီ အဲ့ဒီ power နဲ့ပဲ ကိုယ်နဲ့ မတူညီတဲ့လူတွေ အရာတွေအားလုံးကိုအမြင်စောင်းမှာလာ ?လာကကြီးအတွကလူသားတွေအတွက်အကျိုးရှိအောင်အသုံးချ
မှာလား ? ဒါတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတွေ့နေရတယ်ဆိုတာမမှားပါဘူး။
" အာဏာလေးရှိလို့ ပါဝါလေးပြလာရင်
အဲ့ဒီကောင်က အာဏာနဲ့မတန်တဲ့ကောင်ပဲ ပိုက်ဆံလေးရှိလို့ မောက်မာလာရင် အဲ့ဒီကောင်က ပိုက်ဆံနဲ့မတန်တဲ့ကောင်ပဲ ပညာလေးတတ်လို့ ဖင်
ခေါင်းကျယ်လာရင် အဲ့ဒီကောင်က
ပညာနဲ့ မတန်တဲ့ကောင်ပဲ " ။
( အောင်သင်း )
ဒါက စာရေးဆရာကြီးဦးအောင်သင်းရဲ့ စာပိုဒ်လေးပါ ( အရမ်းကောင်းမွန်တယ် တန်ဖိုးရှိပါတယ် )
ဒါဆို ကျွန်တော်တို့အားလုံးအဲ့ဒီတန်ဖိုးတွေကိုနားလည်ကြပြီလား?ဘယ်လိုခံစားချက်မျိုးတွေနဲ့ဆက်ပြီးရှင်သန်ကြမလည်း ? ။
လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တဝါလို့
အားလုံးဆိုကြတယ် ဒါဆိုကျွန်တော်တို့ရဲ့အသိဥာဏ်တွေကိုတန်ဖိုးရှိအောင် ကြိုးစားမွေးမြူသင့်ပါတယ်။iအောင်မြင်နေတဲ့လူတွေ လေးစားစရာကောင်းတဲ့လူတွေဟာ သူတို့ရဲ့အသိဥာဏ်တွေကိုတန်ဖိုးရှိအောင်ထားတယ်ဆိုရင်မမှားပါဘူး။
လောကကြီးမှာ လူကိုလူရယ်လို့မြင်ပေးကြပါ။တစ်ဦးနဲ့တစ်ဦးမေတ္တာတရား ကရုဏာတရားတွေထားရှိပေးပါ ။လေးစားမှုတွေထားရှိပေးကြပါ ။ (ကျွန်တော်အပါဝင်ပေါ့) ။
ကျွန်တော်တို့ရဲ့ myanmar steemitမိသားစုဝင်အားလုံးဟာ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီခြင်း လေးစားမှုရှိခြင်းမေတ္တာတရားထားခြင်းတွေကိုတွေ့မြင်
ရတဲ့အတွက် ကျွန်တော်ကိုယ်တိုင်လဲရရှိခံစားရတဲ့အတွက် steemit မိသားစုဝင်အားလုံးကိုယ်စား ကျွန်တော်ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါတယ်။လေး
စားရပါတယ်။ ဒီထက်လည်းပိုပြီး ကျွန်တော်တို့ steemit မိသားစုအားလုံးမေတ္တာတရားတွေထားရှိခြင်း အောင်
မြင်မှုတွေ အမြဲပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း …
အားလုံးကိုလေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun