အတွေးများနဲ့တစ်ပိုင်းတစ လေနှင်ရာလွင့်ပါးနေတဲ့ကျွန်တော့်စိတ်တွေ ဟိုး… ကမ္ဘာ့ဝင်ရိုးဖျားဆီကသက်တံ့ရောင်တွေ လွမ်းမောစရာကောင်းတဲ့တိမ်တိုက်တွေ အဲဒီလိုမပီပြင် ဝိုးတဝါးခံစားချက်တွေနဲ့ပေါ့ ။( နေတက်ရင် ကျေနပ်စရာ ) ဆိုတာခပ်ညံ့ညံ့လူတွေရဲ့စကားပါ ။ အရင်ဆုံးကိုယ့်ကိုယ်ကိုပြန်မေးကြည့်တယ်( ခင်များနေတတ်ပြီးလား ? ကျေနပ်ပြီလား
? ) လူတွေကပြောတယ် … ခင်များအတော်ရင့်ကျက်သွားပြီတဲ့ တစ်ကယ်တမ်းကျတော့ ရင့်ကျက်တယ်ဆိုတာဟန်ဆောင်တတ်ခြင်းတစ်မျိုးပါ ။ လူဆိုတာ အမြဲတမ်းဆာလောင် မွတ်သိပ်
ခြင်းတွေနဲ့ရှင်သန်နေတာပဲလေ တစ်ချို့ကဒါကို ဘဝ လို့ခေါ်ကြတယ် ။တစ်ချို့ကဒါကို ခံစားမှု တစ်ခုလို့ဆိုကြတယ် ။ ဘဝဆိုတာ လွယ်လွယ်လေးပဲလို့တွေးထားရင် ကျွန်တော်တို့တွေ အမြဲတမ်းရှုံးနှိမ့်နေအုံးမှာပဲ အောင်မြင်မှုဆိုတာကြိုးစားနေတဲ့လူတွေအတွက် အထိုက်တန်ဆုံးပဲ ။ ( သို့သော်နည်းလမ်းမှန်ကန်ဖို့တော့လိုပါလိမ့်မည် ) ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ steemit မိသားစုဝင်များအားလုံးကိုလည်း ကြိုး
စားစေချင်ပါတယ် အောင်မြင်မှုတွေရရှိစေချင်တယ် ဆရာကောင်းသမားကောင်းတွေရဲ့နည်းလမ်းတွေကိုသင်ယူစေချင် လိုက်နာစေချင်တယ်။ တစ်ဦးနဲ့တစ်ဦးလေးစားမှုပြုရင်းဖေးမကူညီစေချင်တယ်။ ကျွန်တော်လည်း အဲဒီလို လူသားတစ်ဦးအဖြစ်ရပ်တည်နေ
ပါတယ် ။steemit မိသားစုဝင်များအားလုံးကို
လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun