ဘဝမှာ မှတ်မှတ်ရရဆိုလို့ ဆိုနေကြသီချင်းတွေ
တစ်ပိုင်းတစပဲရှိတယ် ။
ယုံကြည်ချက်နဲ့တော့ ရှေ့ဆက်နေတာပဲ
အောင်မြင်မှု ဆိုတာကျွန်တော့်အတွက်တော့
မနက်ဖြန်လား တစ်ဘက်ခါလား
(သို့သော် ကျွန်တော်စိတ်ဓာတ်မကျပါ ) ။
ကျွန်တော်တို့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေကိုတော့ အဖြေရှာနိုင်ရမယ်လေ ။
အကျိုးရှိခြင်း မရှိခြင်း။ကောင်းခြင်း
မကောင်းခြင်းတွေကို ။
အမှား အမှန် ခွဲခြားဖို့တော့ လိုအပ်ပါသည် ။
လူငယ်တစ်ယောက်အတွက်
အနာဂတ်ဟာ ခိုင်မာ စိတ်ချဖို့လိုသလို
လူကြီးတစ်ယောက်အတွက်လည်း ရပ်တည်နေရခြင်းတွေက အရေးကြီးပါတယ် ။
သို့သော် အဲ့ဒီနှစ်ခုကြားမှာ
စဉ်းစားတွေးခေါ်တတ်တဲ့ မှန်ကန်တဲ့
အသိဥာဏ် ရှိဖို့တော့လိုပါတယ် ။
အသိဥာဏ်ကောင်း အတွေးခေါ်ကောင်းဆိုတာဟာ လူတစ်ယောက်ရဲ့ ဘဝကို များစွာလုံခြုံမှုရှိပါတယ်လို့ ကျွန်တော်ထင်မြင်ယူဆမိပါတယ် ။
အသိဥာဏ်ကောင်းတိုင်းလည်း အတွေးခေါ်ကောင်းဆိုတာ ရှိချင်မှရှိလိမ့်မယ် ။
အတွေးခေါ်ကောင်းတိုင်းလည်း
အသိဥာဏ်ကောင်း ရှိချင်မှ ရှိမှာပါ ။
လောကမှာ အရမ်းတော်ပြီး အောင်မြင်နေတဲ့ လူတွေကို ကြည့်လိုက်ရင်
သူတို့မှာ အတွေးခေါ်ကောင်းဆိုတာတော့ပိုင်ဆိုင်ထားလိမ့်မယ် အသိဥာဏ်ကောင်းကတော့ ရှိချင်မှရှိမှာပါ ။
ညံ့ဖျင်းပြီး မအောင်မြင်တဲ့လူတွေကိုပြန်
ကြည့်ရင်လည်း အတွေးခေါ်ကောင်းဆိုတာ ရှိနိုင်မယ်မထင်
ဒါပေမယ့်အသိဥာဏ်ကောင်းတော့ ရှိချင်ရှိလိမ့်မယ် ။
ဥပမာ - ပါမောက္ခချုပ် ကျောင်းဆရာကြီးက
မိန်းမပျိုလေးတစ်ဦးကို အတင်းအဓမ္မ ကြံစည်မှု ။
ဆင်းရဲနုံချာနေတဲ့လူတစ်ယောက်က
သိန်းပေါင်းထောင်ချီတန်တဲ့ ရတနာပစ္စည်းတွေကို ရိုးရိုးသားသား ပိုင်ရှင်ထံပြန်ပေးအပ်မှု ။
ဒီနှစ်ခု ဖြစ်စဉ်ကို ကျွန်တော်တို့ ခံစား
ကြည့်လိုက်ရင် အသိဥာဏ်ကောင်းအတွေးခေါ်ကောင်းဆိုတာ ပိုပြီးနားလည်မိကြမှာပါ ။
အသိဥာဏ် အတွေးခေါ်
ကောင်းဆိုတာ ကိုယ်ချမယ့် ဆုံးဖြတ်
ချက်တွေကိုလည်း မှန်ကန်စေပါတယ်။
ဘဝမှာ အသိဥာဏ် နဲ့ အတွေးခေါ်ဆိုတဲ့ အရာနှစ်ခု သဟဇာတ ဖြစ်ဖို့ဆိုရင်
ကျွန်တော်တို့ သင်ယူရမယ် ။ လေ့လာရမယ် ။ စည်းမျင်း စည်းကမ်းတွေကို လိုက်နာကျင့်သုံးရမယ် ။
အောင်
မြင်နေတဲ့ လူတွေကို ကျွန်တော်အရမ်းအားကျပါတယ် ။ မအောင်မြင်သေးတဲ့လူတွေကိုလည်း ကျွန်တော် အမြဲတမ်းအားပေးနေပါတယ် ။
ကျွန်တော်ကိုယ်တိုင်လည်း အသိဥာဏ်ကောင်း အ
တွေးခေါ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ ရိုးသားစွာ ဝန်ခံပါတယ် ။
ဘဝမှာ အောင်
မြင်ချင်တဲ့ အတွက် ကျွန်တော် သင်ယူနေဆဲပါ လေ့လာနေဆဲပါ လိုက်နာကျင့်သုံးဆဲပါ ။
ကျွန်တော်တို့တွေအားလုံးလည်း အဲ့ဒီလို ခံယူချက်တွေနဲ့ လျှေက်လမ်းနေကြမယ်လို့ မျှော်လင့်
ရင်း …
myanmar steemit မိသားစုဝင်များ
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun