" လူ " ဟူသော အတွေး အမြင် အပိုင်း ( ၂ )

Words
190
Reading
1 min
Listen
Play
9y

သံသရာတစ်လျှောက်အတိတ်မှကံအ
ကြောင်းကြောင်းတွေကြောင့် အမိဝမ်း
ထဲ၌ ' လူ ' ဟူသော သတ္တဝါတစ်ခုဖြစ်
တည်မို့ ကျွန်တော်တို့တွေ " ဝိဥာဏ် "
ဟူသော ပဋိသန္ဓေစိတ်ဖြင့်စတင်ခဲ့
လေသည်။ ထိုနောက်' ရုပ် 'တစ်ခုပီသ
စွာဖြစ်ပေါ်လာခဲ့ပြီး ထိုရုပ်အဓိပ္ပါယ်ဖွင့်
ဆိုပေးနိုင်သော 'နာမ် ' တရားဟူသည့်
အရာပါပူးတွဲလာခဲ့သည်။ နာမ်တရား
ဟူသော " အသိစိတ် " ဖြစ်ပေါ်လာရ
ခြင်းအကြောင်းမှာ " သဠာရတန " ဆို
သည့် ' မျက်စိ နား နှာခေါင်း လျှာ
ကိုယ် စိတ် ' တို့က အဆင်း အသံ အနံ့
အရသာ အတွေ့အထိ တွေးတောမှု "
တို့နှင့်တိုက်ဆိုင်မှု " ဖဿ " ကိုဖြစ်စေ
ကာ ' ဝေဒနာ ' ဟူသော ကောင်းမ
ကောင်း ခံစားတတ်ခြင်းတို့ကြောင့်မ
ဟုတ်ပါလော ။ ထိုမှတစ်ဆင့်'ကောင်း
လျှင်ကောင်းသည့်လျှောက် မကောင်း
ခဲ့လျှင်လည်း မကောင်းသည့်အလျှော
က်' လိုချင်တတ်မက်စွဲလမ်းမှု " တဏှာ
"ကိုဖြစ်ပေါ်စေပြန်၏ ။ ဤသို့ဖြင့်စွဲလမ်
းစိတ်တစ်ဆင့်တက်ကာ " ဥပါဒါန် " ကို
ဖြစ်စေပြီး ကာယ ဝစီ မနော တို့ဖြင့်
ကောင်းမှု မကောင်းမှု ကံတွေအား ပြု
ကြလေမည်။
ဤသို့ဖြင့် သံသရာလည်ကြောင်းတ
ရားတွေကို ဖြစ်ပေါ်စေကာ ကျွန်ုပ်တို့
နောက်တစ်ဘဝ၌ ခန္ဓာအသစ် နာမ်အ
သစ်ဖြင့် သတ္တဝါတစ်ခုအဖြစ် သံသရာ
၌ ရှိနေပေအုံးမည်…
ထိုသို့တွေးတောခြင်းများဖြင့် ကျွန်
တော်တစ်ယောက်မဟန်နိုင်ဖြစ်ရကာ
စိတ်ပူပင်ခြင်းတို့ဖြင့် သက်ပြင်းရှည်
ကြီးတစ်ချက်မှုတ်ထုတ်ကာ ဘောင်း
ဘီအိပ်ကပ်ထဲ လက်နိုက်မိလျှက်ဖြစ်
လေသည်။ ဤတွင်ကျွန်တော့်အိပ်က
ပ်ထဲ၌ ခုလုခုလုအရာတစ်ခုအားစမ်းမိ
ခြင်းဖြစ်၏ ။ ထိုအရာအားလည်း ကျွန်
တော်၏ ရှည်လျှားစွာတွေးတောလာ
နေခဲ့သော " အဓိပ္ပါယ်ဖွင့်ဆိုခြင်း "
ခေါင်းစဉ်အောက်သို့ သွတ်သွင်းကာ
အဓိပ္ပါယ်ဖွင့်ဆိုလိုက်မိ၏ ။
ကျွန်ုပ်လက်နဲ့ ထိတွေ့မိနေသောဤအ
ရာသည် တလောကလုံး အမှောင်တို
က်အတိဖုံးလွှမ်းနေသော ညသန်း
ခေါင်အချိန်၌ပင်လျှင် လူတစ်ယောက်
လမ်းလျှောက်နိုင်ရန်အတွက်အလင်း
ရောင်အား ကောင်းစွာပေးနိုင်စွမ်းရှိ၏။
အဲ့ဒီအပြင် ဆောင်းရာသီ၏ လက်ကျန်
ဖြစ်သည့် အေးချမ်းလှသည့် ညအခါ
များတွင်လည်း ၎င်းမှတစ်ဆင့်အနွေး
ဓာတ်ကို ဖြစ်စေနိုင်သည် ။
ယခုအခါတွင်လည်း ၎င်းနှင့်ထိတွေ့
ထားမိခြင်းကြောင့် ကျွန်ုပ်တွင် ဝေဝါး
ခြင်းမရှိ ရှင်းလင်းသော အတွေး အကြံ
တစ်ခုအား ယတိပြတ်ရရှိလိုက်လေပြီ။
" သြော် ငါဆေးလိပ်သောက်ချင်နေပါ
လား " ဟူ၍ …
myanmar steemit မိသားစုအားလုံး
ကို လေးစားလျှက်

ညီညီထွန်း
မိုးစက်
written by @ konyinyitun
်FB_IMG_1516025346934.jpg

" လူ " ဟူသော အတွေး အမြင် အပိုင်း ( ၂ ) | Ecency