" လူ " ဟူသော အတွေး အမြင် အပိုင်း ( ၁ )

Words
107
Reading
1 min
Listen
Play
9y

FB_IMG_1516025346934.jpg

အနည်းငယ်မျှ ပူးပြင်းအိပ်စက်လျှက်ရှိသောနေ့လယ်ခင်းတစ်ခု၌ ကျွန်တော်တစ်ယောက် ရော်ရွမ်းဟောင်း
နွမ်းလျှက်ရှိသောရွက်ဟောင်းတွေကြွေကျလျှက်ရှိသည့်သစ်ပင်အောက်၌တစ်ယောက်တည်းရှိနေလေသည်။ဥတုမှာ ဆောင်းအကျန် နွေအကူးပေမို့လေရူးများ လေပွေကလေးများကိုတစ်ခါတစ်ရံ ဖြစ်ပေါ်စေလျှက် လူကို " ဘာလိုလို " ဟူသော ခံစားမှုတွေဖြင့်လွမ်း
ဆွတ်မှုတွေကို့ ဖြစ်ပေါ်စေသည်။ဤအချိန်၌ ကျွန်တော်တစ်ယောက်ကား " လူ " ဟူသောခေါင်းစဉ်ဖြင့်အတွေးတစ်စအား တွေးစလျှက်ရှိ၏ ။
" လူ " ဟူသည်မွေးလာသည်မှစ၍တစ်စတစ်စဖြင့်ကြီးပြင်းလာရကာ ကျောင်းနေအရွယ်၌ ပညာကိုသင်ကြားစေရ၏မည်သို့သောရည်ရွယ်ချက်ဖြင့် ပညာ
သင်ကြားရသည်ကို တစ်ဖြည်းဖြည်းသိလာရကာ " ၁၅ နှစ် ၁၆ နှစ်အရွယ်၌တွင်မှု မိမိဘာဖြစ်ချင်သည်ဟူသောရည်မှန်းချက်တွေနှင့် ပညာကိုဆက်
လက်ကြိုးစားသင်ယူနိုင်စေသည်။ဤသို့ဖြင့် လောကကြီးဟာ ဘာမဆိုဖြစ်နိုင် ရနိုင်၏ ဟူသောအတွေးတွေ
ဖြင့် စိန်ခေါ်ဝန့်သော " ၁၈ နှစ် ၁၉ နှစ်အရွယ်တွင် "ကျွန်တော်တို့တစ်တွေ မိမိခံစားချက်တွေကို လက်တွေ့စမ်းချင်ကြသည် ။ တစ်ချို့မှာ ချစ်သူရည်းစားထားကြည့်ချင်သည်။ တစ်ချို့မှာ မိမိဝါသနာပါရာကို အစပျိုးစတင်ကြသည်။ တစ်ချို့မှာ လူတွေကိုပျက်စီးစေနိုင်သည်ဟူသော အရက် ဆေးလိပ် ကွမ်း
မူးယစ်ဆေးဝါးတို့ကို စမ်းသပ်သုံးစွဲကြည့်ကြသည်။
ဤသို့ဖြင့် တစ်ချို့လည်းဖြတ်မရဖြစ်ကာစွဲလမ်းကုန်ကြသည်။ ဤတွင်ပြောနေသော ကျွန်တော်အပါအဝင်ဖြစ်ပေသည်။ ထိုမှတစ်ဆင့် ကြီးပြင်းလာရကာ ဘဝဆိုတာ ဖြစ်ချင်တာတွေထက်ဖြစ်သင့်ရာကိုဦးစားပေးသင့်ပါလားဟုကျွန်တော်တို့သိလာခဲ့ရပေသည်။
ဤသည်မှာ ကျွန်တော်၏ လောကီအ
မြင်သာဖြစ်သည် ။ထိုသို့သော တောင်စဉ်ရေမရ အတွေးတို့ဖြင့် ကျွန်တော်ဟာ ဘာသာရေး
အသိအနည်ငယ်ရှိသည်ဟု ကျွန်တော့်ကိုကျွန်တော် ထင်ကြေးပေးကာ " လူ "ူဟူသော အဓိပ္ပါယ်ကို ဘာသာရေးရှုထောင့်မှ ဆက်လက်တွေးကြည့်နေမိ၏ ။

အပိုင်း ( ၂ ) ဆက်ရန်

ညီညီထွန်း
မိုးစက်
written by @ konyinyitun

" လူ " ဟူသော အတွေး အမြင် အပိုင်း ( ၁ ) | Ecency