ကျွန်တော့်ရဲ့ ဇာတိရပ်ရွာ

Words
114
Reading
1 min
Listen
Play
8y

IMG_20180420_104337.jpg

အရောင်တွေ မှိန်နေတဲ့ မီးခိုးတွေကြား

စူးရှတဲ့ အပ်ကြောင်းသံတွေ

ခဏခဏကြားယောင်နေရ ။

ရက်ပေါင်းတွေကကြာ

စာတွေက မရေးနိုင် ။

သေချာပြီလေ

ကိုယ်က ဇာတိချပ်ကြွေ မွေးရပ်မြေမှာပေါ့ ။

ငယ်သူငယ်ချင်းတွေ ပြန်ဆုံရ ။

မိဘ ဆွေမျိုးတွေပြန်ဆုံရ ။

ငယ်ငယ်က နွားကျောင်းခဲ့ရတဲ့

တောတောင်တွေရောက်ခဲ့ရ ။

လေကောင်းလေသန့်တွေ ရှုရှိုက်ခဲ့ရ ။

လက်ဆက်သော

ဟင်းသီး ဟင်းရွက်တွေ စားသောက်ခဲ့ရ ။

" တောရွာ တောဓလေ့မို့ ပျော်မွေ့စရာပါကွယ် "

ဆိုတဲ့သီချင်းစာသားလေးအတိုင်းပါပဲ

ပျော်မွေ့ခဲ့ရတယ် အေးချမ်းခဲ့ရပါတယ် ။

ဒါပေမယ့် အလိုလိုခံစားမိရတဲ့

လွမ်းချင်းတွေတော့ ရှိတာပေါ့ …

ငယ်ငယ်က အရမ်းကြောက်ခဲ့ရတဲ့

ဦးမိုးကြီးလည်း ဆုံးသွားပါပြီ ။

ညီအကိုတွေအတူတူ ဘောလုံးကန်ခဲ့ရတဲ့

လယ်ကွင်းကြီးလည် အိမ်တွေဆောက်ပြီးကုန်ပြီ ။

ရွာဦးကျောင်းက ဆရာတော်ဘုရားကြီးလည်း

ပျံလွန်တော်မူသွားပါပြီ ။

ရွာတောင်ပိုင်းက ပေါပေါနေတတ်တဲ့

ဦးဖိုးထူးက ရွာသူကြီး ဖြစ်နေပြီ ။

ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့

ရွာကမူလတန်းကျောင်းလေးက

အထက်တန်းကျောင်းကြီးဖြစ်သွားပြီ ။

ရွာအရှေ့အပိုင်းက

စိတ်မနှံ့သလိုဖြစ်နေတဲ့ မဗျော့ကြီးဆိုတဲ့

အပျိုကြီးလည်း အိမ်ထောင်ကျသွားပါပြီ ။

တစ်ရွာလုံးမှာ အရမ်း

စိတ်ကြီး ဒေါသ ထွက်တတ်တဲ့

ဦးကုလားကြီးက လေဖြတ်နေပါပြီ ။

ရွာအလယ်က

ကွမ်းတောင်ကိုင် ရည်းစားဦးလေးက

သားသမီးသုံယောက်နဲ့ မိသားစုလေး ဖြစ်နေပါပြီ ။

အဲ့ဒီလို မဆုံးနိုင်သော လွမ်းချင်းတွေ

တစစီ တစစီ တွေးတောရင်းပဲ

ကျွန်တော့်ရဲ့ ဇာတိရပ်ရွာလေးကို

ဦးချကန်တော့လိုက်ပါတယ် … ။

ညီညီထွန်း

မိုးစက်

written by @ konyinyitun

MSC no - လျှောက်ထားဆဲ