ကျွန်တော်ချစ်သော steemit အပိုင်း ( ၂ )

Words
241
Reading
2 min
Listen
Play
9y

DQmRdihNoTNRsUBBTrMEtASnPQixv2DzmUTyLAXUm68KGmU.png

Credit Google image

ဘာကိုမှရွေးချယ်ပိုင်ခွင့်မရှိပါဘူးဆိုပြီး
ကိုယ့်စိတ်ကိုက အရာရာကိုလက်လျှော့ပေးနေမိပါတယ် ။

ဖြစ်တတ်တဲ့သဘောဆိုရင်တောင်
အသုံးအကျတဲ့ခံစားမှုမျိုးပေါ့ ။
ခဏတာ ရှင်သန်ခွင့်ရကြတဲ့ ' ဘဝ ' အချိန်တွေမှာ
ကျွန်တော်တို့ - ဘယ်အရာတွေကို
ရှာဖွေကြမလည်း ။

ဘယ်အရာတွေကို တန်းဖိုးထားကြမလည်း ။
ဘယ်လိုအရာတွေနဲ့များ
ကျင့်ကြံ ဆောက်တည်ကြမလည်း ။

ကိုယ်တတ်မြောက်ထားသော အတတ်ပညာသည်
ကောင်းမွန်သောအတတ်ပညာ လောကကြီးအတွက် အကျိုးရှိ( အကျိုးပြု )စေသောပညာရပ်မျိုး
တစ်ပါးသူကို ပေးကမ်းစွန့်ကြဲနိုင်ပြီလား ။

ကိုယ့်ရဲ့ကိုယ်ပိုင် အသိဥာဏ် အတွေးခေါ် သဘောတရားများဟာ ဘဝ အတွက်( အများ )အတွက်
အလင်းဆောင်နိုင်ပြီလား ။
စဉ်းစားပေးကြပါ ။ ရှာဖွေမှုဆိုတာ
နည်းလမ်းမမှန်ကန်ရင်အလွန်ပင်ပန်းပါတယ် ။

တစ်ချို့ကပြောကြတယ် -
" အချိန်တန်ရင် ဖြစ်လာမှာပေါ့ " စကားလုံးက
လေထဲမှာပျံဝဲနေတာ ခု နှစ်တွေ
အတော်ကြာသွားတယ် ' ဘဝ ' ကဒီအတိုင်းက ဒီအတိုင်းပါပဲ ဘာမှပြောင်းလဲမလာဘူး ။

ဥပမာ- ကျွန်တော့်လို လူစားမျိုးပေါ့ဗျ

ကြိုးစားကြပါ ဘဝအတွက်လောကကြီး အသုံးဝင်မှု ရှိစေသော ပညာရပ် အတွေးခေါ်မျိုးတွေ ရှာဖွေကြပါ ။

ရွေးချယ်ပါ ။
ရွေးချယ်ပိုင်ခွင့်ဆိုတာ ကိုယ့်ရဲ့မှုပိုင်တံဆိပ်ပဲ ။
တန်းဖိုးရှိအောင် အသုံးချပါ ။

" ကိုယ်သောက်သုံးသော ရေခွက်သည် သန့်ရှင်းဖို့လိုပါသည် ဒါမှနောက်လူအများသောက်သုံးချင်လာပါမည် အဲ့ဒီအခါသူတို့အတွက်အသုံးတည့်သလို ကိုယ်လည်းအကျိုးရှိလာပါမည် " ။

ကျွန်တော်သည် စာရေးဆရာတစ်ယောက်မဟုတ်ပါ ။ စာပေကိုချစ်မြတ်နိုးရုံကလွဲလို့
နားလည်တတ်ကျွမ်းသော လူတစ်ယောက်လည်းမဟုတ်ပါ ။ကဗျာ တစ်ပုဒ်ရေးစပ်ရင်တောင် ကာရန်
မညီ အနားသတ်မလှပနိုင်တဲ့လူစားမျိုးပါ ။

သို့သော် လူတိုင်းမှာ ကိုယ်ပိုင်
အတွေးခေါ် ခံစားမှု ဆိုတာတွေရှိကြပါတယ်

အဲ့ဒီခံစားမှုတွေကို myanmarsteemit community ဆိုတဲ့ family group ကြီးထဲမှာ ဖွင့်ဆိုခွင့်ရတဲ့အတွ
က် ကျွန်တော် ကံထူးလှပါပြီ ။

အားလုံးလည်း ကံထူးလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။

ကျွန်တော်တို့အားလုံးရဲ့ဆရာ ဆရာတင်လှိုင်ဦး(သရက်ရေးထားတဲ့ ( မငြိမ်းဖွယ် ) ဆိုတဲ့ဆောင်းပါးကို
ကျွန်တော်ဖတ်ခွင့်ရလိုက်တဲ့အချိန်မှာsteemit ရဲ့
တန်းဖိုးဟာကြီးမားကြောင်း နားလည်မိလာတယ် ။

myanmar steemit community ဆိုတဲ့အဖွဲ့စည်း
ကြီး အကောင်အထည်ဖြစ်ပေါ်လာအောင်
ကျွန်တော်တို့ myanmar steemit ရဲ့ leader ကြီး
ဦးဟင်နရီအောင်ရဲ့ လုပ်ဆောင်ကြိုးပမ်းမှုတွေ ။

steemit မှာရှိကြတဲ့ မိသားစုဝင်အားလုံးကို
မိဘမေတ္တာ စေတနာ နှင့်ထပ်တူ တိုးတက်စေသော အကျိုးရှိစေနိုင်သော လုပ်ဆောင်ချက် အတွေးခေါ်မျိုးတွေစဉ်ဆက်မပြတ် မျိုးစေ့ချပေးနေတဲ့
ကျွန်တော်တို့ရဲ့ဆရာ ဆရာတင်လှိုင်
ဦး ရဲ့ ပံ့ပိုးမှုတွေ ။

myanmar steemit ကို
စေတနာကောင်း စိတ်ထားများနှင့်အမြဲတိုးတက်လာအောင် Admin ညီအကိုတွေ မောင်နှမတွေ အားလုံးရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို

ကျွန်တော် ဂါရဝပြုရင်း ဂုဏ်ယူ လေးစား
တန်ဖိုးထားထားရှိပါ၏ ။

steem_success.jpg

Credit Google image

ကျွန်တော်တို့ရှေ့က -
ကိုယ့်ရဲ့ မိဘ ဦးလေး အကို အမ တွေ အသက်ရွယ်
လောက်ရှိကြတဲ့ ဆရာသမားတွေ ခေါင်းဆောင်တွေ Admin တွေဟာ myanmar steemit ကိုအောင်မြင်ဖို့
အမြဲတမ်း ကြိုးစားလုပ်ဆောင်နေကြတာ ။

ကျွန်တော်တို့လို နောက်ကလူငယ်တွေ ဂူနီယာတွေဟာလည်း myanmar steemit ကို ဒီထက်အောင်မြင်
အောင် ဝိုင်းဝန်းလက်တွဲပြီး ကြိုးစား
လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံရင်း …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ

ကျွန်တော်ချစ်သော steemit အပိုင်း ( ၂ ) | Ecency