ငယ်ငယ်တုန်းကပေါ့ -
တစ်ခုခုဆုံးရှုံးလိုက်ရပြီဆိုရင် ဝမ်းနည်းတတ်တဲ့အ
ကျင့် အိမ်မက်ဆိုးတွေမက်ခဲ့ရပြီဆို(၇)ရက်လုံးလုံး
ကြောက်လန့်နေရတဲ့အဖြစ် ကျောင်းစာသင်ခန်းထဲမှာ ဆရာမကမေးခွန်းတွေမေးလိုက်တိုင်း
ကိုယ့်အလှည့်ရောက်လာမှာကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရတဲ့အဖြစ်ဆိုးတွေ
သူငယ်ချင်း အပေါင်းသင်းတွေကကဲ့ရဲ့ကြ
ဆွေးမျိုးအသိုင်းဝိုင်းတွေကနှမ့်ချ
လူငယ်လေးတစ်ယောက်ရဲ့ အနာဂတ် ဆိုတာကို
မမျှော်မှန်းရဲခဲ့ဘူး ။
ဘဝက - အဲ့ဒီလိုကြောက်ရွံ့ခြင်းတွေတနင့်တပိုးကြီးနဲ့ အထုထောင်းခံခဲ့ရတယ် ။
ဒီလိုနဲ့ ကျွန်တော်အရွယ်ရောက် ကြီးပြင်းလာရတဲ့ အခုအချိန်ထိ လူတွေ ကျွန်တော့်ကို နှိမ့်ချ
ကဲ့ရဲ့နေကြတုန်းပါပဲ ။
ဒါကို ' လောကဓံ ' လို့ပဲမှတ်ယူထားလိုက်ပါတယ် ။
လူတစ်ယောက်ရဲ့ နှုတ်ဖျားကထွက်လာတဲ့စကားလုံး
ဟာ သူ့ရဲ့ အတွေး စိတ်ကူး တွေကနေစပြီး ဖြစ်ပေါ်လာတယ်လို့ပဲ ကျွန်တော်ယူဆမိတယ် ။
ဒါကြောင့် ကျွန်တော့်
ကို အထင်မြင်သေးကြတဲ့လူတွေ တွေးသလိုမျိုး
ကျွန်တော်မတွေးနိုင်ခဲ့ဘူး ။ကျွန်တော် တွေးသလိုမျိုးလည်းသူတို့မတွေးနိုင်ဘူးလေ ။
ဒါကို မညီမျှခြင်းလို့ပဲ သဘောထားပေးကြပါ ။
ကျွန်တော်ဖတ်ဖူတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်
( ရေးသူနာမည် မမှတ်မိတော့ပါ )
သို့သော် အရမ်းကြိုက်တယ်။
!
ဇာတ်လမ်းက-
မြို့တစ်မြို့မှာ အရမ်းဆိုးသွမ်းတဲ့ လူတစ်ယောက်ကို ရဲတွေဖမ်းမိပါတယ် အဲ့ဒီအခါ အမှုစစ်က သူ့
ကိုမေးပါတယ် " ခင်ဗျား ဘာဖြစ်လို့ ဒီလိုဆိုးသွမ်းတဲ့ လူတစ်ယောက်ဖြစ်လာရတာလဲ " ။
လူဆိုးက " ကျုပ်အခုလိုဆိုးသွမ်းလာရတာ အိမ်က ပထွေးကြောင့်ပေါ့ဗျာ ပထွေးက အိမ်မှာဆို ကျုပ်ကို
အမြဲရန်ရှာ အပြစ်ဆိုတယ် အဲ့ဒီအခါကျုပ်လည်း
အိမ်မှာမနေဖြစ်ဘူး လမ်းပေါ်မှာ လျှောက်သွားတယ် တွေ့ကရာလူတွေနဲ့ ပေါင်းတယ် လမ်းပေါ်မှာအိပ်
လမ်းပေါ်မှာစား ခိုးတတ်လာတယ် ဆိုးတတ်လာတယ်ဗျာ " ဒါပေမယ့် ကျုပ်မှာ အကိုတစ်ယောက်တော့ရှိသေးတယ်ဗျ သူက ပါမောက္ခ ပေါ့ဗျာ ။
ဒီလိုနဲ့ အမှုစစ်က အဲ့ဒီ ပါမောက္ခကြီးဆီကို သွားတယ် ဟိုရောက်တော့ "ခင်ဗျားညီ ဆိုးသွမ်းသလောက် ခင်ဗျားကတော့ တော်နေပါလား ဘယ်လိုကြောင့်ပါလဲ "
ပါမောက္ခ က " ဟုတ်တယ် ကျုပ်လည်း
အိမ်ကပထွေးကြောင့်ပါပဲ သူအဲလို အမြဲဆူပူသောင်းကျန်းနေတိုင်း ကျုပ် စာကြည့်တိုက် ကိုအမြဲ
သွားတယ် စာပေ မျိုးစုံဖတ်တယ် တစ်ခါတလေဆို
အိမ်ကိုမပြန်ချင်လို့စာ
ကြည့်တိုက်မှုးဆီမှာ ခွင့်တောင်းပြီးကျုပ် အဲဒီမှာပဲ
အိပ်ဖြစ်တယ် ဒါကြောင့်လည်း အခုလိုအခြေနေ ရောက်လာတယ်ဆိုပါတော့ဗျာ " ။
ဇာတ်လမ်းကိုတော့ ကျွန်တော်အကျဉ်းချုပ်ပြီးတင်ပြ
တာပါ အားလုံးလည်း နားလည်လိမ့်မယ်လို့
မျှော်လင့်မိပါတယ် ။
ညီအကိုနှစ်ယောက်ရဲ့ ဘဝ ကွာခြားမှုတွေဟာ
အဲ့ဒီလို အတွေးခေါ် မတူညီခြင်းတွေ
ကြောင့်ဆိုရင် မမှားပါဘူး ။
538129_485101651527084_1340003368_n.jpg
မြန်မာစတီးမစ် မိသားစုဝင် အားလုံးကိုလည်း
ကျွန်တော် မေတ္တာရပ်ခံပါတယ်
တစ်ချို့လည်းဒါကို နားလည်းလက်ခံပြီသားပါ ။ myanmar steemit မှာရှိကြတဲ့ ဆရာသမားတွေရဲ့
သွန်သင်ဆုံးမမှုတွေကို လေးစာပါ တန်ဖိုးထားကြ
ပါ ။
myanmar steemit ကြီးအောင်မြင်ဖို့အတွက်
ရှေ့က ဦးဆောင်နေကြတဲ့ ဆရာ မိဘတွေ Admin
တွေရဲ့လက်တွဲခေါ်ယူမှု ကြိုးစားလုပ်ဆောင်မှု
တွေကို အသိမှတ်ပြု လေးစားတန်ဖိုးထားကြပါ
ဝိုင်းဝန်းကူညီပေးကြပါ ။
အဲ့ဒီလို မေတ္တာတရားတွေထားရှိကြရင်း
ကြိုးစားကြပါ ဂုဏ်ယူကြပါ ဗျာ ။
( အရိုးသားဆုံးဝန်ခံခြင်းဖြစ်ပါတယ် )
ကျွန်တော်ကိုယ်တိုင် အခုချိန်ထိ steemit ကို ကျွမ်းကျင်စွာမသုံးတတ်သေးပါဘူး သေချာစွာလည်း နားလည်မှုမရှိသေးပါဘူး ။
စာတစ်ပုဒ်ရေးတယ်postတင်လိုက်တယ် ကျွန်တော့် Post ဟာအလွန်ဆုံး Vote ခံရမှ ( ၁၀ ) ဦးထက်
မပိုပါဘူး ကိုယ့် Post မှာ အခုချိန်ထိအလွန်ဆုံးရရှိခဲ့တာ ( $.0.19 ) ပေါ့ဗျာ။
ဒါဟာစဉ်းစားကြည့်ရင် ကိုယ့်ရဲ့
အားနည်းချက်တွေကြောင့်ဆိုတာ လုံးဝသေချာတယ်။
ကျွန်တော်ပြောခဲ့သလိုအတွေးခေါ်ပေါ့ဗျာ ။ ဒါပေမယ့် ကျွန်တော် စိတ်ဓာတ်မကျပါဘူး စာတွေရေးနေရ
တိုင်း ကိုယ်ရဲ့ကိုယ်ပိုင်အတွေးတွေကို Post တင်ခွင့်ရတိုင်း ကျွန်တော် အရမ်းပျော်တယ် ဂုဏ်ယူတယ်။
အသေချာဆုံးကတော့ myanmar steemit မိသားစုအားလုံးရဲ့ မေတ္တာတရားတွေ နွေးထွေးစွာ ကျွန်တော်ရရှိနေလို့ပါပဲ ။
myanmar steemit မိသားစုဝင်အားလုံးလည်း
အကျိုးရှိသော ကောင်းမွန်သော အတွေးခေါ် မျိုးတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း…
အားလုံးကိုလေးစားလျှက်
Credit Google image
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ