အချိန်တွေကြာခဲ့ပါပြီ ( ၁၀ ) စုနှစ်ကျော်ပေါ့ဗျာ ။ မထင်မှတ်ပါပဲ ဒီနေ့ ငယ်သူငယ်ချင်းဟောင်းကြီနဲ့ပြန်ဆုံ
တွေ့ပါတယ် ။
ဒီလိုနဲ့ ကျွန်တော်တို့တွေ လ္ဘက်ရည်ဆိုင်ထိုင်ဖြစ်ခဲ့ကြတာပေါ့ ဆိုင်ရောက်တော့ သူနဲ့ ကျွန်တော် ငယ်နှောင်းဘဝ
အကြောင်းတွေကိုပြန်ပြောဖြစ်ခဲ့ကြ…
ပျော်ရွှင်ခြင်းတွေ ။ ကြေကွဲခြင်းတွေ ။
လွမ်းမောခြင်းတွေ ။ ရူးမိုက်ခြင်းတွေ ။
အစုံအလင်ပေါ့ဗျာ ။
ခဏအကြာ မထင်မှတ်ပဲသူကျွန်တော့်ကိုလှမ်းပြောတယ် " မင်း အတော်
ကြည့်ကောင်းလာတယ်ကွ အဆင်ပြေနေတဲ့ပုံပဲ " ( ဘာကိုဆိုလိုမှန်း ကျွန်တော်မသိ ) သူ့စကားအဆုံးမှာ ကျွန်
တော်သူ့ကို ဟန်ဆောင်ပြီးပြုံးပြလိုက်ပါတယ် ( သူသဘောကျသွားပါတယ်လေ ) ။
တကယ်တမ်းကျတော့ကျွန်တော်က သူပြောတဲ့ ဘဝ ပုံစံမျိုးကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုတာ သူမသိခဲ့လေပါလားလို့စဉ်းစားရင်း စဉ်းစားရင်း…
ကျွန်တော်သူ့ကို
တစ်ချက်ငေးကြည့်ပြီး ပြန်မေးလိုက်ပါတယ် " ခင်ဗျား ' ဘဝ ' ဆိုတာကိုဘယ်လိုမျိုး နားလည်သဘောပေါက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုသလဲဗျ " သူက " ငါတို့အခုလို အသက်ရှင်နေရတာက ' ဘဝ 'ပဲလေကွာ " ( ဒါဆိုဘဝဆိုတာရှင်သန်
ခြင်းပေါ့ ) ။
ဒါနဲ့ ကျွန်တော်ကပဲဆက်မေးလိုက်ပါတယ် " ကျွန်တော်တို့အခု
လိုအသက်ရှင်နေရတာ ' ဘဝ' ဆိုရင်သေဆုံးသွားကြတဲ့ လူတွေမှာ ဘဝ ဆိုတာမရှိတော့ဘူးပေါ့ " စကားအဆုံးမှာ
တော့ သူ့ဖက်က' ဟင် ' ဆိုတဲ့ အာမေဋိတ်အသံကလွဲလို့ ဘာမှမဖြေတော့ပါဘူး ။
ဒါနဲ့ပဲ ကျွန်တော်ကဆက်ပြီး "ဒီလိုဗျ ' ဘဝ ' ဆိုတာ ကျွန်တော့်အတွက်တော့ ' ကိုယ် , စိတ် ' နှစ်ပါးငြိမ်းချမ်း ငြိမ်သက်ဖို့ပါပဲ ဘဝ ဆိုတာ သံသရာလည်ခြင်းလို့လည်းမြင်မိတယ်ဗျ လော
ကမှာ ရှင်သန်နေရတဲ့ ပုဂ္ဂိုလ် သတ္တဝါမှန်သမျှဟာ သူတို့ကောင်းခြင်းတွေလုပ်ရင် ကောင်းတဲ့ဘဝတွေပိုင်ဆိုင်တယ် မကောင်းခြင်းတွေလုပ်ရင် မကောင်းတဲ့ဘဝတွေပြန်ရတယ် ။
ဒီလိုပါပဲ သေဆုံးသွားကြတဲ့လူတွေ(ဘဝ)တွေမှာလဲ သူတို့ရဲ့ကောင်းခြင်း မကောင်းခြင်း အကြောင်းအရာတွေက
အမြဲတမ်းလိုက်လာတယ်ဆိုပါတော့ဗျာ " ။
သူက စကားဖြတ်မေးပြန်တယ်
" ဒါဆို သေဆုံးသွားတဲ့လူတွေမှာဘဝရှိတယ်လို့ ဆိုတာပေါ့ " ။
" ဟုတ်တယ် ခင်ဗျားဘယ်လိုဘဝမျိုးကိုပိုင်ဆိုင်ချင်သလဲ ကောင်းတဲ့ဘဝလား? မကောင်းတဲ့ဘဝလား? " လို့
မေးတော့ သူက " အေးငါကတော့
ကောင်းတဲ့ဘဝပဲပိုင်ဆိုင်ချင်တယ်ကွာ
" ဒါဆို ကျွန်တော်ကူညီမယ် " လို့ပြော
ပြီး ဆိုင်က စားပွဲထိုးလေးကို လှမ်းခေါ်လိုက်ပါတယ် " ညီလေးဘယ်လောက်ကျသလဲ ။ " ဟုတ်ကဲ့အကို ' ငါးရာကျပ် ' ပါတဲ့ ။ "
ကဲ သူငယ်ချင်းမင်းရဲ့ကောင်းတဲ့ဘဝကို အဲ့ဒီ ' ငါးရာကျပ် 'နဲ့
အစပြုလိုက်တော့ကွာ " ။
" ဟာ " ဆို
ပြီး သူ့ရဲ့နှုတ်ဖျားက အီလည်လည်အာမေဋိတ်အသံကြီးထွက်လာပါတော့တယ် ။
ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် နှုတ်
ဆက်ကြရင်း လ္ဘက်ရည်ဆိုင်လေးမှ ထ
ပြန်ခဲ့ကြပါတယ် ။
အိမ်အပြန်လမ်းမှာတော့ကျွန်တော် အ
ပြုံးတွေဝေဆာလျှက်ပါ ။ ဘာကြောင့်လည်း ကျွန်တော် သူ့ကို ကောင်းတဲ့ဘဝလေး ပိုင်ဆိုင်ဖို့အတွက် လ္ဘက်ရည်
ဖိုး ရှင်းခိုင်းလိုက်တာပါ …
အားလုံးကို လေးစားလျှက်…
ညီညီထွန်း
မိုးစက်
written by @ konyinyitun