ကျွန်တော်နှင့် တွေးမိတွေးရာ

Words
126
Reading
1 min
Listen
Play
8y

adult-adventure-cold-395242.jpg

ရည်ရွယ်ချက်တွေပျောက်ရှ အိပ်မက်တွေမလှပ ။
ရှင်သန်နေရာ လောကကြီး
နာကြည်းချင်ရက်နဲ့တောင်
အကြိမ်ကြိမ် ဒူးထောက်နေရတယ် ။

မစိုပြေသော ဘဝ တစ်ခုကိုပိုင်ဆိုင်နေရသလို
အခြေအနေအရ တီးခတ်နေတာတောင်
( ရစ်သန် ) တွေက လွဲမှားနေတယ် ။

ခြောက်ကပ်နေသော သစ်အိုပင်ကြီး
စိမ်းလန်းစိုပြေ အသက်ဆက်ရှင်ဖို့
အချိန်မှန်မှန် ရေလောင်းဖို့လိုတယ် ။

လူတွေ … လူတွေ …
ရင်ဘက်ထဲမှာ မုန်တိုင်းတွေရှိနေတာတောင်
ဟန်ဆောင်ပြီး ( နေသာချင်ယောင် ) ပြုံးပြုံးပြတယ် ။
( မလွယ်တဲ့ ပညာရပ်ပါလား ) ။

" ငြိမ်းချမ်းလှသော ဝတ်လွှာရေ …
အနောက်ရပ်က မုန်တိုင်းတွေ ။
မြောက်အရပ်က ငြီးငြူအသံတွေ ။
တောင်အရပ်က စည်ကားသံတွေ ။
အရှေ့အရပ်က ဆည်းလည်းသံတွေ အတွက်
ကျုပ်ကို ပေးကမ်းစွန့်ကြဲ သနားတော်မူပါ "

backlit-dawn-dusk-1105392.jpg

ပြောင်းလဲတတ်သော သဘာဝကိုက
လိုက်မှီနိုင်ဖို့ အတော်မလွယ် ။
ရှင်သန်ရာ အတိတ်နိမိတ်က
ကံကောင်းခြင်းလက်ဆောင်တစ်ခု ဖြစ်နေလေရဲ့ ။

ကာရန်မညီသော ပြဇာတ်တစ်ပုဒ်
အချိုးအစား ညီမျှအောင်ပေါင်းစပ်နိုင်ဖို့
ဘယ်ဇာတ်ဝင်တေးက အကောင်းဆုံးဖြစ်မလဲ ။

ညှို့အားကောင်းတဲ့ အပြုံးတစ်ခုရဲ့
နောက်ကွယ်မှာ ဘယ်လိုနတ်ဆိုးတွေများ
ရှိလိမ့်မလည်းလို့ သင် တွေးမိဖူးခဲ့သလား ။

ကိုယ့်ကိုယ်ကို အရမ်းတော်တဲ့
စာရေးဆရာတစ်ယောက်လို့ ဟစ်ကြွေးလိုက်တိုင်း
လမ်းထိပ်က လက်ဘက်ရည်ဆိုင်က
အကြွေးစာရင်းတွေ ချချပြတယ် ။

တကယ်တော့ ကျွန်တော်က
လူ့အသိုင်းဝိုင်းတွေမှာ သက်ပြင်း တွေကို
အဖောသီဆုံး သုံးနိုင်တဲ့ ခပ်မှိန်မှိန်
လူသားတစ်ယောက်ဖြစ်နေပါတယ်လေ …

မှတ်ချက် = ကျွန်တော်၏ အတွေးမြင်များသာ
ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC . 259

ကျွန်တော်နှင့် တွေးမိတွေးရာ | Ecency