ဒီနေ့ သူငယ်ချင်းတစ်ယောက်က
ဘာရယ်မဟုတ်ပါဘူး
ကျွန်တော့်ရဲ့ညာဘက်လက်ဖဝါးပြင်ကို
ကြည့်ပြီး လက္ခဏာကြည့်တယ်ပေါ့ဗျာ။
ပြီးတော့ ကျွန်တော့်ကိုပြောပါတယ်
" အင်း ကောင်းပါတယ် "
ဆိုပြီး ကျွန်တော့်အနားကနေ ထပြန်သွားပါတယ် ။
သူ့စကားကဆုံးသွားပြီဆိုတော့ ကျွန်တော်တစ်
ယောက်ထဲ ကြောင်တောင်တောင်
ကျန်ခဲ့တာပေါ့ ။
သူ့စကားက ဘာကိုကောင်းမှန်းလည်း
ကျွန်တော်မမေးလိုက်ရဘူး ။
အဆိုးတွေ ကောင်းတာလား။
အကောင်းတွေ ကောင်းတာလား ။
သေချာတာကတော့
အဆိုးတွေကောင်းတာပဲဖြစ်မှာပါ ။
ကျွန်တော်က အခုချိန်မှာ အဆင်မပြေတာတွေကများနေတာကို ။
ကျွန်တော် အရာရာကိုနားလည်သိတတ်စ
အရွယ်ကစပြီး ဗေဒင် လက္ခဏာလုံးဝမကြည့်ပါဘူး ။
အယုံကြည် ကင်းမဲ့ခြင်းတော့ မဟုတ်ပါဘူး သူ့နေရာနဲ့သူကတော့ အဆင်ပြေနေကျတာပဲလေ ။
ကျွန်တော့်မှာ ဒီနေ့အချိန်ထိ
ခံယူချက် တစ်ခုရှိနေတယ်ဗျ -
ကိုယ်ကကောင်းတာတွေလုပ်နေရင်
ကောင်းတဲ့အရာတွေ ကိုယ့်ဆီလာမှာပဲ ။
မကောင်းတာတွေလုပ်နေရင်းလည်း
မကောင်းတဲ့အရာတွေ ကိုယ့်ဆီလာမှာပါ ။
ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကို
ကျွန်တော်ရှင်းပြချင်ပါတယ် ။
သုံးလောကထွဋ်ထား သဗ္ဗညူ မြတ်စွာဘုရားရှင်
ဟောပြတော်မူထားတယ်ဆိုရင် ပိုမှန်ပါတယ် ။
ကိုယ်ကကောင်းတာတွေလုပ်ပြီး မကောင်းတဲ့
အရာတွေကြည့်ပဲ ကိုယ့်ဆီရောက်လာတယ်ဆိုရင်
စိတ်ဓာတ်မကျပါနဲ့ မတွေဝေပါနဲ့ ။
ကိုယ့်ရဲ့အတိတ်ကမကောင်းတဲ့ အကုသိုလ် ကံ တွေက မကုန်ဆုံးသေးလို့ လိုက်ပြီးအကျိုးပေးနေတာပါ။
အဲ့ဒီ အကုသိုလ်ကံတွေက တဖြည်းဖြည်းနည်းလာပြီ ကုန်ဆုံးသွားပြီဆိုရင် ကိုယ်ပြုလုပ်ထားတဲ့ ပြုလုပ်နေတဲ့ ကုသိုလ် ကံ တွေက အကျိုးပေးလာပါပြီ။
တစ်ချက်တော့ သတိလေးထားကြပါ ။
မကောင်းတဲ့အရာတွေကိုဆက်ပြီး
ကြီးထွားလာအောင် မလုပ်မိကြပါစေနဲ့
( ကောင်းတဲ့ ကုသိုလ် ကံတွေအကျိုးပေးဖို့ နောက်ကျသွားပါလိမ့်မယ် ) ။
ဒီနေရာမှာ ထပ်ပြီးရှင်းပြချင်တာက -
ကောင်းတာလုပ်ခြင်း ။ မကောင်းတာလုပ်ခြင်းကို ' ဘာသာရေး သဘောတရားနဲ့ လုံးဝမမြင်ကြပါနဲ့ ' ။
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ်
ကောင်းတဲ့အရာလုပ်ဆောင်ခြင်း ။
မကောင်းတဲ့အရာလုပ်ဆောင်ခြင်း ရဲ့အ
ကျိုးကျေးဇူးတရားဟာ အတူတူပါပဲ ။
" လူဆိုတာ အမှားနဲ့ မကင်းပါဘူး "တဲ့
သို့သော် အမှားတွေဆိုတာ အမှန်တရားဖြစ်ဖို့
အကြောင်းရာပဲလို့ တွေးထားရင် ပိုကောင်းပါတယ် ။
ကျွန်တော်တို့
myanmar steemit မှာရှိကြတဲ့မိသားစုဝင်အားလုံဟာ ကျွန်တော့်ထက်ပိုပြီးအမှား အမှန်
ခွဲခြားသိနိုင်စွမ်းရှိကြတဲ့ဥာဏ်ပညာရှင်တွေ ဖြစ်ကြပါတယ် ။
အဲဒါကြောင့် ကျွန်တော်တို့အားလုံး ကောင်းမွန်
အကျိုးပြုသော အမှန်တရားတွေကိုထုပ်ပိုးရင်း
အောင်မြင်မှုပန်းတိုင်သို့ အတူတကွ
လျှောက်လှမ်းကြပါစို့ …
မှတ်ချက် - ဤစာသားများသည် ဘယ်တစ်ဦး
ဘယ်ပုဂ္ဂိုလ်ကိုမှ ထိခိုက် စော်ကားခြင်းမဟုတ်ပါ ။
ကျွန်တော်၏ အတွေး အမြင် များသာဖြစ်ပါသည် ။
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ