ကိုယ့်စိတ်တွေက ယောင်ဝါးဝါးဖြစ်နေမှတော့
အတွေးများကလည်း မလတ်ဆက်နိုင်ပါ ။
မြင်မြင်သမျှကလည်း မှုန်ရီရီနဲ့ မသဲကွဲ ။
ကြားယောင်သမျှလည်း မပီပြင်ဝိုးတဝါး ။
ဆာလောင်နေသောဝမ်းဗိုက်ကို ဖြည့်ဖို့လည်း
ခံတွင်းသားကမက်မက်မောမော
မတောင်းတ တက်မိ ။
ခန္ဓာကိုယ် တစ်ခုလုံးလည်း
နွမ်းလျှနေပါ၏ ။
သြော် -
အိုဘယ့်လူသား ဒီခန္ဓာကိုယ်
ကြီး သယ်ဆောင်ထားသမျှတော့ …
" မမြဲခြင်းသော ' အနိစ္စ ' တွေ ။
ဆင်းရဲခြင်းသော ' ဒုက္ခ ' တွေ ။
အစိုးမရနိုင်သော' အနတ္တ ' တွေ ။
ရရှိနေအုံးမှာပါလား " လို့
တရားသဘော ဆင်ခြင်နေလိုက်ပါတယ်လေ ။
အသိစိတ်လေး နဲနဲရင့်သန်လာချိန် …
" ဟင် . ဆရာဝန်ပေးတဲ့
ဆေးတစ်ခွက် ကျန်သေးပါလား " လို့
ပြန်တွေးမိရင်း ။
" သြော် - ငါနေမကောင်းဖြစ်နေတာပါ
လေ… " ။
အားလုံးကို လေးစားလျှက်…
ညီညီထွန်း
မိုးစက်
written by @ konyinyitun