ခံယူချက် အလှတရား

Words
140
Reading
1 min
Listen
Play
8y

IMG_20180315_174953.jpg

လေပြေရယ် မတူညီတဲ့ခွန်အားတွေနဲ့

တိုက်ခက်နေလိုက်တာ ။

ယိုင်နဲ့နေတဲ့အခြေအနေမှာ

ဘာကိုမှဖက်တွယ်ထားစရာမရှိပါဘူး ။

နောက်ဆုံးထွက်သက်ဆိုတဲ့

အငွေ့သက်လေးတွေနဲ့

ဘဝ ကိုရင်ဆိုင်နေရတဲ့ကောင်ပါ ။

ခပ်ညံ့ညံ့ဆိုတာ ရှိကောင်း ရှိပေမယ့်

ခပ်ပေါ့ပေါ့ ကောင်တော့မဟုတ်ပါဘူး ။

ဘဝ ကိုပုံဖော်ထုဆစ်တိုင်း

အနာတရတွေရှိလာမှာပဲ ။

ဒါပေမယ့် ကျုပ်ကဒဏ်ရာတွေ

ကို ရေမတွက်တတ်ဘူးလေ ။

အနိမ့် အမြင့်ဆိုတဲ့သဘောတရားဟာ

အလျှော့အတင်းဆိုတဲ့ အကြောင်းတရားနဲ့

ထပ်တူညီမျှရင် အဆင်ပြေနိုင်ပါတယ် ။

လောကကြီးထဲ အံဝင်ခွင်ကျဖြစ်ဖို့အတွက်

အပ်ပေါက်တွေကို သေချာရှာဖွေပါ ။

ပြီးတော့ ဖာထေးပါ ။ လွဲချော်သွားခဲ့ရင်

ကိုယ်ကြိုးစားသမျှ အရာမရောက်သလို

ပက်ဝန်းကျင်အတွက်လည်း

ကြည့်မြင်ရတာ အဆင်မပြေပါဘူး ။

ဟိုး …

အဝေးက ခပ်ယဲ့ယဲ့ငြီးငွေ့အသံတွေ

မလှတလှ ပုံရိပ်တွေကို ပြန်ဆိုပြစရာ

သီချင်းခေါင်းစဉ်က မရှိလေတော့

ကျွန်တော်ချစ်သော စာတွေပဲ

ဆက်ရေးနေပါရစေ …။

ဘယ်လိုလည်း …

အချစ်ဆုံး မိတ်ဆွေ သူငယ်ချင်းတွေ

ကျွန်တော်ရေးသောစာသားတွေသည်

အများအတွက် အကျိုးရှိနိုင်ပါ့မလား ။

တစ်ယောက်ချင်း တစ်ယောက်ချင်းဆီ

ခံစားအသက်ဝင်လို့ ရပါသလား ။

ကျွန်တော့်ရဲ့စာတွေကို

ဝေဖန်လို့ရပါတယ် ။

ရှုတ်ချလို့ရပါတယ် ။

ကျွန်တော်သည်

စာရေးဆရာတစ်ယောက်မဟုတ်ပါ ။

ဒါကြောင့် …

ကျွန်တော် ရေးသော စာသားတွေသည်

အများအတွက် အသက်ဝင်ချင်မှ ဝင်ပါလိမ့်မည် ။

( ဘယ်သူ့မှ အပြစ်မဆိုပါ အပြစ်မရှိကြပါ

ကျွန်တော်၏ လိုအပ်ချက်သာ ဖြစ်ပါသည် )။

သို့သော် - စာတွေရေးနေရရင်

ကျေနပ်မိတဲ့ ကျွန်တော် ။

ခံစားချက်တွေ ဖွင့်ဟဆိုခွင့်ရရင်

ပျော်ရွှင်မိတဲ့ ကျွန်တော်။

အတွေး အခေါ် သီအိုရီတွေ ချပြခွင့်ရရင်

ကျေနပ်ပီတိ ဖြစ်ရတဲ့ ကျွန်တော် ။

myanmar steemit community ရဲ့

မိသားစုဝင်များ အားလုံးကို

လေးစားဦးညွှတ်ရင်း …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်

written by @ konyinyitun

MSC no - လျှောက်ထားဆဲ

ခံယူချက် အလှတရား | Ecency