မှောင်မိုက်တဲ့ သန်းခေါင်ယံရဲ့ည ။
စိတ်တွေက ကစဥ့်ကလျား ။ ခြောက်ခြားစရာကောင်းတဲ့ အိပ်မက်တွေရဲ့အလယ်ခန္ဓာကိုယ်တစ်ခုလုံးနွမ်းလျှ ။ တုန်ရီနေတဲ့ ငါ့လက်တွေ ဘယ်ဆီ ဘယ်ဝယ်ကို
အားပြု ( အဖော် ) ပြုရမှန်း မသိပါဘူး
လေ …
' ရစ်သန် ' မညီတဲ့ ကာရန်တွေကြောင့် _ စိတ်ပျက်စရာကောင်းတဲ့နေ့ရက်တွေ ကြုံခဲ့ရပြီးပြီ ။
နာကြည်းစရာကောင်းတဲ့ ဘဝ တွေ ရခဲ့ပြီးပြီ ။
သေချာပါတယ်
ဒါဟာ ဆိုးဝါးခြင်းအတိတ်တွေကို နောက်ဆုံးအမှတ်ရခြင်းပဲဖြစ်မယ် ။
အဓိပ္ပါယ်ရှိသော နေ့ရက်( ဘဝ)တွေ တောက်ပြောင်စေဖို့ ( သင်ယူရမယ် ။ လေ့လာရမယ် ။ ကြိုးစားရမယ်။
အကောင်းမြင်စိတ်မွေးထားရမယ် ။
ကောင်းမွန်စွာနေထိုင်ရမယ် လို့ ဆုံး
ဖြတ်မိပါတယ် ။
မျှော်လင့်ချက်တွေ
ကုန်ဆုံးသွားပြီလားလို့ ကိုယ့်ကိုယ်ကို
ပြန်မေးမိတိုင်း အဖြေတစ်ခုက အမြဲ
တမ်းထွက်လာတယ်
( သင်ကံကောင်းနေပါတယ် အသက်ရှင်နေသေးတယ်လေ ) ။
အားလုံးကို လေးစားလျှက်…
ညီညီထွန်း
မိုးစက်
written by @ konyinyitun