အမှတ်မထင်ပါပဲ -
ရုပ်တရက်ဆိုသလိုဟောင်းနွမ်းနေတဲ့ စာအုပ်လေးကို ပြန်ဖတ်ကြည့်မိတယ်…
( ၂၀၀၉ ) ဒိုင်ယာရီတဲ့ ။ စာရွက်သားလေးတွေက နွမ်း
ကြေလို့ သတ်ပုံလေးတွေ မညီမညာနဲ့ မှင်ပြာရောင် စာလုံးလေးတွေလည်း မွဲတေနေပါပြီ ။
စာတစ်ပုဒ်ရဲ့ နောက်ဆုံး
မှာ မှတ်တိုင်လေးတခု ' မိုးစက် ' တဲ့ ။
ရူးကြောင်ကြောင်နာမည် ။
သို့သော်
ပူလောင်နေတဲ့ လူတွေ ( အရာ )ကိုအေးမြတဲ့
မိုးစက်တွေ ပက်ဖြန်းချင်မိဆိုတဲ့
ရိုးရှင်းသော အဓိပ္ပါယ်ဖွင့်ဆိုထား
ခြင်းပါ ။
ဆယ်ကျော်သက်အရွယ် ရူးသွပ်ခြင်းတွေပေါ့ ။
( ခင်ဗျားတို့မှာလည်း ဆယ်ကျော်သက် ရူးသွပ်ခြင်းလေးတွေ ရှိမယ်လို့ ထင်ပါတယ် ) ။
အမှတ်တရ …
အမှတ်တရပေါင်းများစွာပေါ့ …
ကျွန်တော့်ရဲ့ အမှတ်တရတွေ …
ရူးသွပ်ခြင်းတွေ …
အဲ့ဒီအချိန်တွေတုန်းက ဘဝ မှာ အချစ်ဆိုတဲ့
အရာကြီးအဆင်ပြေနေရင် ဘာမှကိုမလိုအပ်တော့ဘူး ။ အနာဂတ် ဆိုတာကိုလည်း လုံးဝကြိုတွေးမထားဘူး ဘဝ ကို နာတတ်ရမှန်းလည်းမသိဘူး
ကြိုးစားရမှန်လည်းမသိဘူး ။
ကျွန်တော့် ချစ်သူ ကျွန်တော့်အနားမှာရှိနေရင် ဘဝ က ပြည့်စုံနေပြီလို့ကို ယုံကြည်ထားတဲ့
' အန္ဓဗာလ ' ကောင်ပေါ့ဗျာ။
သူနဲ့ အတူ ရန်ကုန် ရွာသာကြီးစီးပွားရေး တက္ကသိုလ်ဝင်းရဲ့လမ်းမတွေကိုလျှောက်တိုင်း ကျွန်တော့်ရဲ့အနာဂတ်လမ်းလေးတွေလို့ ထင်မှတ်ခဲ့ ။
' ဒီဇင်ဘာ ' အဆောင်ကြီးရဲ့ လ ရောင်ပက်
ဖြန်းမှုတွေအောက်မှာဆို
ကျွန်တော်တို့ဘဝ တွေအေးချမ်းတယ်လို့ ခံစားခဲ့ရ ။
ညည ( ၈ ) နာရီဆို ' လေးဒေါင့်ကန် ' ဘူတာလေးမှ ထွက်လာတဲ့ မီးရထား
ကြီး ကိုငေးကြည့်ရင်း ဥသြဆွဲသံလေးကို
နားဆင်ခဲ့ရ ။
သူ အိပ်မပျော်တဲ့ ညတွေတိုင်း ဂစ်တာတီးသီချင်းဆိုပြခဲ့ရတဲ့ ညတွေဆို ကျွန်တော် ပျော်ခဲ့ရတာ
ပေါ့ဗျာ ။
အဲ့ဒီလို… အဲ့ဒီလို အချစ်ကို ကိုးကွယ်တဲ့ အချစ်ရူးကြီးပေါ့ ။ ဘယ်လောက်များ ရူးသွပ်သလဲဆိုရင်
တစ်ရက် သူနဲ့ကျွန်တော် ရန်ဖြစ်ပြီး တစ်ညလုံး သူ့အ
ခန်းရှေ့မှာ ကျွန်တော်တစ်ယောက်ထဲဂစ်တာထိုင်
တီးဖြစ်တယ် မနက်အာရုံကျောင်းသားတွေ
စာ ထကျက်မှ ကျွန်တော့်အခန်းထဲ
ပြန်အိပ်လိုက်တယ် ။
မကြာပါဘူး ကျွန်တော် ဖျားရော ။ အဲ့ဒီ
အခါကျမှ သူကျွန်တော့်ကိုပြန်လာခေါ်
တယ်လေ ။
" အချစ်က လူကို ရူးရုံတင်မဟုတ်ဘူး
ဖျားပါ ဖျားသွားတယ်ဗျာ"… ။
အပိုင်း( ၂ ) ဆက်ရန်…
မှတ်ချက်။ ကျွန်တော်၏ ကိုယ်တွေ့ အ
တွေ့ကြုံများသားဖြစ်ပါသည် ဖတ်ရှုသူ
များအား ကျေးဇူးအထူးတင်ပါသည် ။
photo credit from google imge
ညီညီထွန်း
မိုးစက်
written by @ konyinyitun