မွှေးပျံ့ချင်သော ပန်းတစ်ပွင့်

Words
167
Reading
1 min
Listen
Play
8y

IMG_20180325_103324.jpg

အနေခက်တော့

ကြွေပျက်ရတာလည်းမဆန်းလှပါ ။

ရိုးသားသော မျက်ဝန်းဆိုတာ

ကိုယ်ကိုတိုင် မှန်ထဲမြင်ကြည့်မှ ထင်ပေါ်တာပါ ။

လူသားတစ်ယောက်ရဲ့ ရှင်သန်မှုဆိုတာ

အသက်ရှုနေရရုံနဲ့ မပြီးသေးပါဘူး ။

အသက်ရှုသံတွေကို ရပ်တန့်မသွားဖို့

အရေးကြီးပါတယ်။

မျှော်လင့်ချက် ကောင်းကင်ကြီးကို မော့ကြည့်နိုင်ဖို့

ရှင်သန်ရာ ကွင်းပြင်ကြီးမှာ

ခြေအစုံယိုင်လဲမသွားအောင်

ရပ်တည်နိုင်ဖို့လိုတယ် ။
( အန္တရာယ်တော့ မများပါစေနဲ့ ) ။

လောကကြီးက တစ်ခါတရံ

ကျင်လည်တတ်မှလည်း အဆင်ပြေတယ် ။

ဝေဖန်တတ်မှလည်း အသုံးကျမယ် ။

ရှု့မြင်တတ်မှလည်း အကျိုးရှိမယ် ။

ဒါတွေဟာ ဘဝရဲ့ သင်ယူခြင်းတွေပဲ ။

အဆုံးသတ် ဆိုတာ
တွေ့ မြင် ခံစားခဲ့ရရုံပါပဲ ။

သေချာတွေးကြည့်ရင်

ဘယ်အချိန်မှာ အဆုံးသတ်သွားမလဲဆိုတာ

ကျွန်တော်တို့တွေ

သေချာစွာ မသိနိုင်( မပြောဆို ) နိုင်ပါဘူး ။

အဲ့ဒီလို မသိခြင်းစိတ်တွေကပဲ

ကျွန်တော်တို့တွေရဲ့ ဘဝ တွေကို

အလှည့် အပြောင်းတွေ အများကြီး ဖြစ်

စေတာပါပဲလေ …

ဘဝ မှာ ' လောကဓံတရားတွေ ' နဲ့ဘယ်လိုပုံစံမျိုး

ကြုံတွေ့နေရပါစေ ကိုယ့်ရဲ့ ယုံကြည့်ချက်နဲ့တော့

ဆက်လျှောက်ကြပါ ။

အဲ့ဒီလို " ယုံကြည်ချက် " တစ်ခုရှိနေရုံနဲ့တင်

လောကကြီးမှာ အတော်အဆင်ပြေနေပါပြီ ။

မှားယွင်းတဲ့ အယူအဆ

မှားယွင်းတဲ့အတွေးအခေါ် ဆိုတာ

ကမ္ဘာမြေကြီးကို မီးမြှိက်ထားသလိုပါပဲ

နေထိုင်ရာသက်ရှိ သက်မဲ့ အရာအားလုံးကို

ဒုက္ခရောက်စေတယ် ပူလောင်စေပါတယ် ။

အားလုံးကို မေတ္တာရပ်ခံချင်ပါတယ် …

ကျွန်တော်ကိုယ်တိုင် အပါဝင်ပေါ့

ယုံကြည်ချက်တွေနဲ့ ရှေ့ဆက်ကြပါ ။

သဘာဝတရားကြီးနဲ့ ဆန့်ကျင်ပြီးမနေကြပါနဲ့ ။

လောကကြီး ကိုအပြစ်မမြင်ကြပါနဲ့ ။

မှားယွင်းတဲ့ အယူအဆ

အတွေးခေါ်တွေကို မသိမ်းထားကြပါနဲ့ ။

အေးမြတဲ့ မေတ္တာတရားတွေ

ရချင်တယ် ပေးချင်တယ် ဆိုရင်

ကျွန်တော်တို့အားလုံး

' ရိုးသား သန့်ရှင်းစွာ ' နေထိုင်ဖို့ လိုအပ်တယ်လို့

ကျွန်တော် မြင်မိပါတယ် ။

" ရိုးသားသော မျက်ဝန်းတစ်စုံကို မြင်တတ်ဖို့

ကိုယ့်ကိုယ်ကို အရင်ဦးဆုံး

မှန်ထဲမှာ မြင်ကြည့်ပေးပါ " ။

မှတ်ချက် = ကျွန်တော်၏ အတွေး အမြင်
များသာဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်

written by @ konyinyitun

MSC no - လျှောက်ထားဆဲ

မွှေးပျံ့ချင်သော ပန်းတစ်ပွင့် | Ecency