အမှားအမှန် မခွဲခြားတတ်သေးတဲ့ကျွန်တော် ယောင်လည်လည် ဘဝကို ပိုင်ဆိုင်နေရပေါ့ ။ အရမ်းကို ငြီးငွေ့စရာ
ကောင်းတဲ့ သီချင်းတစ်ပုဒ် ဒီနေ့တော့
နားမထောင်ဖြစ်တော့ပါ ။
တစ်ခါတစ်ရံ စိတ်ကူးမိတယ်လောကမှာရှိတဲ့ တစ်ချို့လူတွေကြားမှာဈေး
ကြီးကြီးနဲ့ ကုန်ပစ္စည်းတစ်ခုကိုရောင်းချင်မိတယ် အဲ့ဒီကုန်ပစ္စည်းကို အဲ့ဒီတစ်ချို့လူတွေ တော်တော်များများ
အရမ်းကြိုက်ကြတယ် ။ တစ်ချို့ဆိုမရမကကို လိုက်ဝယ်နေကြတယ် ကျွန်တော်တောင် တစ်ခါတစ်ရံကြိုက်
မိပါတယ်လေ ( အရိုးသားဆုံးဝန်ခံခြင်း
ပါ ) ။
ဒါဆို ကျွန်တော့်ရဲ့ ကုန်ပစ္စည်းလေးကရောင်းအားကောင်းပြီပေါ့ အောင်မြင်နေပြီပေါ့ ။
အဲ့ဒီကုန်ပစ္စည်းလေးက ဘာလို့ထင်
လည်း ( မျက်နှာဖုံးစွပ် ) လေးပါဗျာ ။
တစ်ချို့လူတွေက အဲ့ဒီမျက်နှာဖုံးလေးကိုစွပ်ပြီး လောကမှာ ရှင်သန်နေရတာကိုသဘောကျကြတယ် ။ ဆိုးဝါးပါတ
ယ် ။ အန္တရာယ်ရှိပါတယ် ။ ဒါဟာမရိုးသားမှုပါ ။ တစ်ချို့လူတွေကျတော့သူတို့ရဲ့ အရှိ မျက်နှာပြင်နဲ့ပဲ ရှင်သန်ကြ
တယ် ။ ဟန်ဆောင်မှုကင်းတယ် ။ ရိုးသားတယ် ။ အရမ်းကောင်းမွန်တယ် ။
ဒီတော့ ကျွန်တော် အမှားအမှန်ကိုခွဲ
ခြားတတ်သွားပါပြီ ။ ကျွန်တော့်ရဲ့ကုန်ပစ္စည်းလေးကိုလည်း ကျွန်တော်လုံးဝမရောင်းတော့ပါဘူးလို့ ဆုံးဖြတ်လိုက်
တယ် ။
" ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီကုန်
ပစ္စည်းကို သုံးစွဲမိမှာ စိုးလို့ပါ …
myanmar steemit မိသားစုဝင်များ
အားလုံးကိုလေးစားလျှက်
photo credit from google imge
ညီညီထွန်း
မိုးစက်
written by @ konyinyitun