အတွေးများရဲ့ တစ်ပိုင်းတစ

Words
138
Reading
1 min
Listen
Play
8y

IMG_20180420_104514.jpg

ခပ်ငယ်ငယ် လူငယ်တစ်ယောက်

အတွေးများက မရေရာ ဝေဝါး ထွေပြားဆဲပေါ့ ။

အရောင်တွေစုံလင်တဲ့ မီးရောင်စုံတွေအောက်

ရိုးသားစွာ ကပြတတ်တဲ့ သူ့ရဲ့ အနုပညာက

လေးစားမက်မောစရာ ။

သိမ်ငယ်နေတဲ့ သူ့ရဲ့နှလုံးသားတွေကို

ဘယ်သူတွေက အလင်းဆောင်ပေးမှာလည်း ။

ခင်ဗျားတို့ အရမ်းကြိုက်တဲ့ အစားသောက်တစ်ခု

လောက် အရေးပါလို့လား ။

မလွယ်ပါဘူး ( ကျွန်တော်အပါအဝင်ပေါ့ ) ။

ဘယ်မှာလဲ မေတ္တာ ကရုဏာ မုဒိတာ တွေ

လိုချင်လွန်းလို့ လိုက်ရှာပြီးဝယ်တာတောင်

ရောင်းမယ့်လူကမတွေ့ ။

IMG_20180420_104038.jpg

ကမ္ဘာမြေကြီးမှာ အဲ့ဒီလောက်ရှားပါးကုန်ပြီလား ။

ဒါဆို လွယ်ပါတယ်

ကျုပ်ကိုယ်တိုင် ရောင်းမယ်ဗျာ

အတုအစစ်ခွဲခြားပြီးတော့ လာဝယ်ကြပါ ။

ခင်ဗျားတို့ သိပ်လိုချင်နေတဲ့

မေတ္တာတရား သစ္စာတရားတွေဆိုတာ

အဝေးကြီးမှာ ရှာစရာမလိုပါဘူး ။

ကိုယ်ကိုယ်တိုင်အရင်ဆုံး ထုဆစ်ရောင်းချကြည့်ပါ ။

( အတု အစစ် မှန်ကန်ဖို့တော့ လိုပါတယ် ) ။

IMG_20180420_104238.jpg

တစ်ချို့သောလူတွေ နားလည်ရခက်တယ်

ပေးဆက်ရခြင်းနဲ့ ရယူခြင်းဆိုရင်

ရယူခြင်းကို ပိုမြက်နိုးကြတယ် ။

တစ်ကယ်တော့

ဘုရားဟော တရားသဘောက

ပေးကမ်းခြင်း စွန့်ကြဲခြင်းက ပိုပြီးရရှိပါတယ် ။

ကျွန်တော်တို့ steemit မိသားစုဝင်အားလုံးထဲမှာ

အဲ့ဒီလို မေတ္တာတရား ကရုဏာတရား

မုဒိတာတရားတွေကိုပိုင်ဆိုင်ထားကြတဲ့ လူတွေ

အများကြီးတွေ့မြင်နေရတာ

ကျွန်တော် အင်မတန်ဝမ်းသာပီတိဖြစ်ရပါတယ် ။

လေးစားဂုဏ်ယူရပါတယ် ။

ဒါဆို ကမ္ဘာ မြေကြီးပေါ်မှာ ရှိကြတဲ့

သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံး

ဒီထက်ပိုပြီးလှပအကျိုးရှိလာအောင်

ကျွန်တော်တို့ myanmar steemit မိသားစုဝင်

အားလုံးရဲ့ ကိုယ်စီ ကိုယ်စီ အတွေးအခေါ် ဆန္ဒ

ခံစားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့

စာပေ တွေရှေ့ဆက်ပြီး အများကြီးရေးဆို

နိုင်ကြပါစေလို့ ဦးညွတ်တောင်းပန်ရင်း …

မှတ်ချက် ။ ကျွန်တော်၏ အတွေးအမြင်များသာ

ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်

written by @ konyinyitun

MSC no - လျှောက်ထားဆဲ

အတွေးများရဲ့ တစ်ပိုင်းတစ | Ecency