Steemit members တွေမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ၊ ကျွန်တော်ရဲ့ဒီနေ့ Post လေးကို My love letters တွေနှင့်အတူမိတ်ဆက်ပေးပါရစေ။ တကယ်လို့များ friends တွေအတွက် အသုံးမဝင်တဲ့စာဖြစ်ခဲ့ရင်တောင်မှ ကျွန်တော်ရဲ့ love letters လေးကို ဟာသတစ်ခုအနေနဲ့ဖတ်ပေးစေချင်ပါတယ်။ ကျွန်တော် နှလုံးသားကဖြစ်ပေါ်လာပြီးတော့ Idea လေးနဲ့ သီကုန်းရေးသားခဲ့တဲ့ love letters တစ်ခုဖြစ်ပါတယ်။ ကောင်းမလေးဆီမပို့ဘဲ Steemit ကိုတင်ရခြင်းအကြောင်းရင်းကတော့ ချစ်မိတ်ဆွေတွေဆီက Ideas တွေလိုချင်လို့ပါ။
ကျွန်တော်ရဲ့ letters လေးကတော့…..( ခင်ရယ် ကိုယ့်ရဲ့ရင်ခုန်သံ တွေဟာခင်နဲ့စခဲ့တာပါ။ လူတွေပြောကြတတယ်..အချစ်ဆိုတာ မထင်မှတ်ပဲစခဲ့ကြတာဆိုတာကိုပေါ့၊ ကိုယ်လည့်ဒီအတိုင်းပဲ ထင်ပါရဲ့။ ခင်နဲ့မထင်မှတ်ပဲဆုံခဲတယ်လေ။ အဲဒီနေ့ ကိုယ်အတွက်တော အရမ်းလှပတဲ့နေ့တစ်နေပေါ့၊ အဲဒီနေ့က ခင် ကိုယ်နေတဲ့ ရပ်ကွက်လေးကို ရောက်လာတော ကိုယ်စတွေ့ခဲ့တယ်။ ကိုယ်မကြည့်တချက် ကြည့်တချက်နဲ့ပေါ့ ကိုသိလိုက်တာတော အဲဒီနေ့က ခင် စကားပြောရင် ပြုံးပြုံး ကလေးနဲ့။ ခင်အပြုံးတွေက တော့ အရမ်းဖြူစင်လွန်ပါတယ်။ အပြုံးဆိုတာလူတိုင်းအတွက်အေးမြစေပါတယ်။ ကိုယ်လည်း ခင်ရဲ့အပြုံးတွေကိုအမြဲကြည့်ခွင့်ရချင်ပါတယ်။ ဒါပေမဲ့ အရုံးသမား တစ်ယောက်အဖြစ်နဲ့ မဟုတ်ဘူးနော်ခင်။ ခဏရောက်လာပြီး ခင်ပြန်သွားခဲ့တယ်။ ခင်ကတော ဘာမှမသိဘဲ ကိုယ်တို့ ရပ်ကွက်ထဲကပြန်သွားပေမဲ့ ကိုယ်မှာတော အလိုလို လွမ်းမိနေပြီခင်။ ခင်အမှားမဟုတ်ပါဘူးခင်၊ ကိုယ်နားလည်ပါတယ် ခင်ပြန်သွားတော့ ကိုယ်က ဥသြငှက်လိုလွမ်းဆွဲပြီး ကျန်နေခဲ့တာကို ဘယ်အချိန်ပြန်တွေ့ ရမှာလဲဆိုတာကို မျော်နေမိတယ်ခင်။
အလွမ်းတွေကို အချိန်တွေနဲ့ဖြေသိမ်းရင်း ကိုယ်စောင့်နေမိတယ်။ တစ်ခါတလေတွေး မိပြန်တယ် တစ်ခဏအတွက်ရင်ခုန်မိတာလားလို့ပေါ့၊ အဖြေကမှားနေခဲ့တယ်ခင် ကိုယ်တကယ်ချစ်နေခဲတာ။ ကိုယ်က သောကြာသားလေ၊ အစွဲကြီးသလို တစ်ယောက်ဆိုတစ်ယောက်ပဲ။ ကို့အတွက်တောနေ့ကောင်းတနေ့ပေါ့ခင် မထင်မှတ်ဘဲ ကိုယ်နေတဲ့နေရာ ကိုရောက်လာခဲ့တယ်။ ကိုယ်အရမ်းပျော်တာပဲသိလားခင် ဒါပေမဲ့ ဝမ်းနည်းမိတယ် ခင်။ ခင်ကိုဖွင့်ပြောဖို့ကိုယ်သတ္တိမရှိဘူးဖြစ်နေတယ်။ ဘယ်လိုနီးစပ်အောင် လုပ်ရမလဲ။ ကိုတကယ် မသိတော့ဘူး။ ခင်အပြုံးတွေကိုကြည့်ပြီး ခင်နဲ့ စကားလေးတွေပြောချင်နေမိတယ်ခင်ရယ်။ စိတ်ထဲက အမြဲတမ်းပြောနေမိပေမဲ့ လက်တွေ့ကျတော့ မဝံမရေးပဲ ခင်။ အရမ်းအားငယ်မိတာပဲ။ ကိုယ်ကိုလည်းအပြစ်တင်မိနေတယ်။ အချစ်ဦး ဆိုတော့ အပြတ် မရုံးအောင် ကိုယ်ကြိုးစားနေပါတယ်။ တစ်စစနဲ့ ကိုယ်ရင်ထဲက ပန်းကလေး တစ်ပွင့်ဖြစ်နေပြီး ခင်။ ဒီပန်း မညိုးအောင် ကိုယ်ရဲ့မေတ္တာစမ်းရေလောင်းပေးနေမိပြီ ခင်။ ပြောရအုံးမယ် ခင် အဲဒီနေ့က ခင်ကိုယ့်တို့နေရာလေးကိုလာတာ ၃၄ ရက်နေခဲ့တယ်နော်။ ကိုယ်ပျော်နေခဲ့တယ်ခင်။ နေ့တိုင်း ခင် မျက်နှာလေးမြင်နေရလို့ သံယောဇဉ်လည်း ပိုတွယ်လာမိတယ်။ ကိုယ့်အိမ်မက်ထဲထိဝင်လာမိနေပြီ ခင်။ ဒီစာလေးကိုတော့ ခင်မပြန်ခင်အချိန်လေးမှာ ဖတ်ပေးစေချင်ပါတယ်။ တခဏတာအတွက်မဟုတ်ပဲ တစ်ဘဝအတွက်ကို ချစ်နေတာပါခင်။ ခင် နီးစပ်ခွင့်ပေးမဲ့ အချိန်တွေကို ကိုယ်စောင့်မျှော်လျှက်ပါ။
ထာဝရ ချစ်နေပါရစေ။
ခင်အကြည့်အပြုံး၊ ကေသာထုံးနဲ့။
အေးမြအလှ ၊ ကိုယ်ရင်ထဲက
ဖြူစင်တဲ့ပန်း၊ မညှိုးနွမ်းအောင်
ဥယျာဉ်မှူးလေး ကိုယ်ဖြစ်ခွင့်ပေးပါ။
Written by Konyi
MSC 037