စိတ်ဓာတ်ခွန်အားမြှင့်တင်ကြ

Words
92
Reading
1 min
Listen
Play
9y

စိတ်ဓာတ်ကျတဲ့အခါ ဖတ်ပါ (၁)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တစ်ခါတလေ တွေးမိလိမ့်မယ်။ ဘာ့ကြောင့်
ငါ့ကျမှ ဒီလောက် ကြမ်းတမ်းရတာလဲ။ ခက်
ခဲရတာလဲ။ ပင်ပန်းရတာလဲလို့...

တကယ်တော့ သင်ထင်သလို မဟုတ်ပါဘူး။
ငှက်တိုင်းငှက်တိုင်း သူ့အတောင်ပံနဲ့သူ ကြိုး
စားပျံသန်းနေကြရသလို လူတိုင်းလူတိုင်းလည်း
သူ့နည်းသူ့ဟန်နဲ့ ကြိုးစားရုန်းကန်နေကြရပါတယ်။

မတည်မြဲတဲ့ ရုပ်ခန္ဓာတစ်ခု ခေတ္တပိုင်ဆိုင်လာကြ
တဲ့ လူသားတိုင်း ဒုက္ခဆိုတဲ့ ဆင်းရဲခြင်းတွေကို
အနည်းနှင့်အများဆိုသလို သယ်ဆောင်နေကြရ
၊ကြုံဆုံနေကြရပါတယ်။

စာရေးသူတို့ဟာ အထုပ်ထမ်းပြီးခရီးရှည်သွားနေ
ရတဲ့သူလိုပဲ ကြာလာလေ သူ့ပုခုံးပေါ်က အထုပ်က
ပိုလေးလာသလို ထင်လာလေ တခြားသူတွေလည်း
အလားတူအထုပ်တွေ ထမ်းပြီးသွားနေရတာကို သ
တိမပြုမိလေ ဖြစ်လာကြပါတော့တယ်။

ဒါ့အပြင် ဘ၀မှာ လိုချင်ပေမယ့် မရတဲ့အခါတွေ ရှိ
သလို မလိုချင်ပေမယ့်လည်း ကိုယ့်ဆီ ဆိုက်ဆိုက်
မြိုက်မြိုက် ရောက်လာတတ်တဲ့အရာတွေလည်း ရှိ
တာပါပဲ။

ဖြစ်ချင်ပေမယ့် ဖြစ်မလာတဲ့အချိန်တွေရှိသလို မဖြစ်
ချင်ပေမယ့်လည်း ဖြစ်တည်ကြုံဆုံလာရတဲ့အရာတွေ
လည်း ရှိတာပါပဲ။

ဒါ့ကြောင့် စိတ်ဓာတ်မကျပါနဲ့။ ဒီလို မတူညီမှုတွေ၊
ဆန္ဒနဲ့ တစ်ထပ်တည်းမကျမှုတွေ ရောပြွန်းနေခြင်း
ကပဲ ဘ၀ဆိုတဲ့ အချိန်အပိုင်းအခြားတစ်ခု ဖြစ်နေ
လို့ပါပဲ။

သင် ဒါတွေကို တစ်နည်းမဟုတ်တစ်နည်း ကျော်
တက်သွား၊ ဖောက်ထွက်သွားလို့ ရပါတယ်။ သင်
သာ အလွယ်တကူလက်လျှော့အရှုံမပေးစိတ်နဲ့
ကောင်းမွန်မှန်ကန်တဲ့အရာတွေကို ဆက်လက်
ကြိုးစားအားထုတ်နေမယ်ဆိုရင်ပေါ့။

https://steemit.com/@komyothant

image

image

စိတ်ဓာတ်ခွန်အားမြှင့်တင်ကြ | Ecency