နတ်ကျား😁

Words
210
Reading
1 min
Listen
Play
9y

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

Steemitမှ ညီကိုမောင်နှမတို့ရေ

အားလုံးပဲမင်္ဂလာပါခင်ဗျာ
ကျနော်တို့ဘဝအကြောင်းလေးတွေ သောင်းပြောင်းထွေလာပြောလာလိုက်ကြတာမှာ အခုဆိုရင်စာတွေလည်း တော်တော်ရေးခဲ့ပြီးပါပြီဗျာ။ ရေးစရာတွေကများတယ်ဆိုပေမယ့်လည်း တွေ့ကရာကိုဖြစ်သလိုရေးပြန်ရင်လည်းပေါက်ကရဖြစ်နေမှာစိုးလို့ သိပ်မရေးဖြစ်ပြန်ပါဘူး။ ဒီနေ့တော့လည်း စာမရေးဖြစ်ပြန်ဘူးထင်ပါတယ်ဗျာ။ အကြောင်းကတော့ မီးပဲထပ်ပြီးပျက်တာကြောင့်ပါပဲ။ တိုးတက်ထွန်းကားတဲ့နိုင်ငံတိုင်းမှာ လျှပ်စစ်မီးဟာ မဖြစ်မနေတည်ရှိနေရတယ်မဟုတ်ဘူးလားဗျာ။ မီးမရှိလို့ ဖုန်းကို အားသွင်းလို့မရပြန်ဘူးဗျာ။ အမှန်က စာရေးရင် ရနေတာကိုမရေးပဲ Messengerမှာ စကားတွေပြောမိနေတာဗျ။😁
ဒီတော့ ရေးချင်တဲ့စာက ဦးဏှောက်ကမထွက်လာတာမဆန်းပါဘူး။ စာတစ်ပုဒ်ရေးဖို့က အရှိန်ရရင် မခက်ဘူးထင်ပါတယ်။အနှောက်အယှက်မရှိခဲ့ရင်ပေါ့။ ကျနော်ကျတော့မရဘူးဗျိုး။ Messengerကစာတွေကိုတောင် ဖုန်းကိုအမြဲတမ်း လိုင်းဖွင့်ထားလို့သိရတာ ပြန်ပြောနိုင်တာပါ။ စာတစ်ပုဒ်ရေးဖို့ စာတစ်ကြောင်းရရင်ဖြစ်ပါတယ် အဓိပ္ပါယ်ရှိတဲ့စာတစ်ကြောင်းတော့လိုတာပေါ့ဗျာ။ ကျနော့လို ပတ်ဝန်းကျင်ရဲ့အနှောက်အယှက်တွေရှိနေရင်တော့မရပါဘူး။ကိုယ်ရေးတဲ့စာတောင်ဘယ်လို Moodဝင်သွားလို့ ဘယ်နားရောက်နေပြီလည်းဆိုတာ ပြန်ပြန်ဖတ်နေရပါတယ်ဗျာ။ ဒါကြောင့် နောက်နေ့တွေမှာ စာရေးဖို့အတွက်အချိန်တစ်ခုသတ်မှက်ထားလိုက်တာကောင်းပါတော့မယ်။

အခုတော့ ဟိုတစ်နေ့က ရွာထဲမှာ လပြည့်လကွယ်နေ့တိုင်းလုပ်တဲ့ တရားပွဲတစ်ခုမှာ ကျတော့ရဲ့အမေ တရားသွားနာရင်း ပြန်ပြောပြပေးတာလေးကို ရေးပြချင်ပါတယ်ဗျာ။ စာကရေးပြီးသားတွေလည်းရှိချင်ရှိနေမှာပါ။ Creditပေးပါတယ်ခင်ဗျာ။
အမေက တရားနာရာကနေပြန်လာတော့ ကျတော့ကိုပြောတယ်ဗျ နတ်တွေမှာ ကျားနတ်ကခွေးကိုကြောက်တယ်တဲ့ဗျ။😁😁 ကျတော်လည်း ဗြုန်းကနဲဆိုတော့ ကြောင်ဖြစ်သွားတာ။ ကြောင်သွားတယ်လို့ပြောချင်တာပါဗျာ။ ဟာသအမြင်လေးနဲ့ပဲဖတ်ပေးကြပါဗျာနော်။နတ်တွေကို စော်ကားလိုခြင်းမဟုတ်ရပါခင်ဗျာ။

အဲ့ဒါနဲ့မေးကြည့်လိုက်တာပေါ့။
မေမေ့ ကျားနတ်က ဘာလို့ခွေးကိုကြောက်တာလည်းပေါ့။ မေမေကပြန်ပြောတယ် ကျားနတ်က တစ်ကယ်ခွေးကိုကြောက်တာဟတဲ့။ ကျတော် လည်း စိတ်ဝင်စားသွားပြီး ပြောပြပါလို့တောင်းဆိုရတာပေါ့။ ကျတော့ကို မေမေကပြောတယ် တရားပွဲက ဘုန်းကြီးဟောတာက...ဦးရှင်ကြီးနတ်တင်တဲ့အကြောင်းကို ဟောတာတဲ့ ဦးရှင်ကြီးနတ်က ဘယ်လိုနေတယ် မသိဘူး နတ်တင်တဲ့အခါမှာ ဦးရှင်ကြီးရဲ့ စီးတော်ကျားက အရင်ဝင်ပူးတော့တာပဲတဲ့ဗျာ။
စီးတော်ကျားဆိုတာကလည်း အုန်းသီးတွေကိုအခွံခွခါရာမှ တော်တော်လျှင်မြန်တာ။ ကျားနတ်ဝင်ပြီဆိုတာနဲ့ နတ်အစစ်လားအတုလားဆိုတာကို အုန်းသီးအခွံခွာတာကစတယ်ထင်ပါတယ်။ အဲ့ဒီမှာ နတ်တင်တဲ့အိမ်ကလည်း ခြေတံရှည်အိမ်မဟုတ်ပေမယ့် လူတစ်ယောက်လေးဘက်ထောက်ဝင်ရင် ဝင်လို့ရတဲ့ အနေအထားနဲ့အိမ်လေးဖြစ်နေလေတော့ အုန်းသီးကိုအခွံခွာရာမှာ အုန်းသီးက အိမ်ရဲ့အောက်ဘက်ကို မထင်မှက်ပဲရောက်သွားပါလေရော။ အိမ်ရဲ့အောက်ဘက်မှာက ခွေး သားအုပ်မ ရှိနေတာကို ကျားနတ်ဝင်တဲ့သူကမသိဘူးတဲ့။ ခွေးမကလည်း ကလေးပေါက်ထားတာမကြာသေးဘူးဆိုပါတော့ဗျာ။
image
Credit;google image

ကျားနတ်က အုန်းသီးလည်း အိမ်အောက်ကိုရောက်ရော အုန်းသီးနောက်ကိုလိုက်တော့တာပေါ့။
အပြင်ကဝိုင်းကြည့်နေတဲ့သူတွေကလည်း ပထမက ကျားနတ်ဝင်ပူးနေတာကိုကြည့်နေရာကနေ ကျားနတ်ဝင်ပူးတဲ့သူ အိမ်အောက်ထဲရောက်သွားတဲ့အထိလိုက်ကြည့်ကြရတော့တာပေါ့။ ဘယ်ပြောကောင်းမလည်း အိမ်အောက်ကိုဝင်သွားတဲ့ကျားနတ် အောက်မလေးကယ်ကြပါအုံးဗျလို့အော်ပြီးတော့ကို အိမ်အောက်ကနေ လေးဘက်ထောက်ပြီး ထွက်ပြေးလာတော့တာတဲ့ဗျာ။ ဒါတောင် ကျားနတ်ဝင်တဲ့လူ ခွေးကိုက်ခံလိုက်ရသေးတယ် ထင်ရဲ့ ထွက်ပြေးသွားတာ ပြန်ကိုလှည့်မလာတော့ပါဘူး။😁

ဒါကတော့ကျတော့အမေတရားပွဲကနေပြန်လာပြီးပြောပြတဲ့အကြောင်းအရာလေးတွေသာဖြစ်ပါတယ်။ ရေးတက်သလိုလေးချဲ့ပြီးရေးပြရတာပါ။
အမှန်တစ်ကယ်က နတ်ကျားသာ တစ်ကယ်ဝင်ပူးရင် ထွက်မပြေးရလောက်ပါဘူး။ သူက ကျားနတ်မဟုတ်ပဲ လူနတ် ဖြစ်နေလို့နေမှာပါ😁😁

လူဆိုတာလည်းခက်သားလားဗျာ
ကျတော်တို့ကျေးရွာရဲ့ သောက်ရေကန်အတွက် ရွာတော်ရှင် ကန်တော်ရှင်ပသတဲ့အချိန်တွေကိုကြည့်ရင် တွေ့နေရတာတွေကလည်း ဟာသတွေလိုပါပဲ။
နတ်ဝင်ပူးရင် ဘာရမလည်းမသိပေမယ့်
ဝင်ပူးနေကြတာ တချို့ဆိုတားယူနေရပါတယ်။ဟေ့မဝင်နဲ့အုံးဆိုပြီးတော့ပေါ့။ ဒါကလည်းရွာရဲ့လူကြီးတွေတားမှရတာပါ။ နတ်က ရွာလူကြီးရဲ့စကားကြတော့ကြောက်သားပဲဗျ မဝင်နဲ့ဆိုမဝင်ဘူး😁😁
ကျိန်းထားတာလည်းကြည့်လေ မင်းတို့နတ်အစစ်တွေမဟုတ်ပဲဝင်ရင် ငါနဲ့တွေ့ပြီမှက်တဲ့ 😂😂😂
ဘယ်သူမှကိုမဝင်ပူးတော့ဘူး အေးရောပဲ။
နောက်ပိုင်းအချိန်လင့်လာလို့ ကဲကဲဝင်ပူးချင်တဲ့သူဝင်ပူးကြဆိုပြီး ခွင့်ပြုမှ ဝင်ပူးကြတော့တာပါ။
image
Credit;google image

ဟာသလိုတွေးလို့ရပေမယ့် နတ်အစစ်တွေက ဝင်မပူးကြတာပဲရှိပါတယ် သူတို့ကိုမကောင်းပြောတာတို့ မဟုတ်တာတွေသွားလုပ်တာတို့လုပ်ရင် ရွာထဲက လူတစ်ဦးဦးဆီဝင်ပူးပြီးပြောတော့တာပါပဲ။

အရာရာမှာ သူ့စည်းကိုယ့်စည်းဆိုတာ ရှိစမြဲပါပဲ
စည်းမကျော်နဲ့ မထီမဲ့မြင်မလုပ်ကြနဲ့။
အလုပ်အကိုင်တွေမှာလည်း ဒီတိုင်းပါပဲ။
သူ့စည်းကိုယ့်စည်းကိုမကျော်ပဲ စည်းစနစ်တကျနဲ့ စည်းကမ်းရှိရှိနေမယ်ဆိုရင် သူလည်း တိုးတက် ကိုယ်လည်းတိုးတက်ပြီး သူ့နေရာကိုယ့်နေရာ နှစ်ဦးစလုံးအတွက်ကောင်းမွန်သွားကြမှာပါ။
ပတ်ဝန်းကျင်ကြီးကိုထိန်းသိမ်းကြသလိုမျိုးပေါ့။

မိမိတို့ရဲ့နေရာကို ကိုယ်စီတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ကြမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ တနိုင်ငံလုံးတိုးတက်ကောင်းမွန်လာရမှာပဲမဟုတ်လား။ ဒါပေမယ့် အသီးအပင်တွေမှာ လည်း ပိုးထိုးခြကိုက်တွေရှိနေတော့ ပိုးသတ်ဆေးတော့ဆောင်ထားသင့်ပါတယ်။

komoezaw@komoezaw

MSC-030

နတ်ကျား😁 | Ecency