My Little Life,

Words
212
Reading
1 min
9y
Listen to this post
~1 min

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

မင်္ဂလာပါ steemitမှ သူငယ်ချင်းတို့ရေ
ကျွန်တော်ရေးသားခဲ့သော
စိတ်ထားချိုချို ဘဝခါးခါးဆိုတဲ့ ရေးသားထားသော ဇာတ်လမ်းလေးသည် စိတ်ကူးယဉ်ဖန်တီးထားမှုသက်သက်သာဖြစ်ပါသည်။ အမှန်တစ်ကယ်တွင်လည်း ဒီဇာတ်လမ်းလေးက ကျွန်တော့ဘဝနှင့် မတိုက်ဆိုင်သော်လည်း တိုက်ဆိုင်သူများလည်း ရှိချင်ရှိနိုင်ပါသည်။
ကျွန်တော် ပထမက အဲ့ဒီဇာတ်လမ်းလေးကို ဟာသလေးအဖြစ်ဖန်တီးမယ်ဆိုပြီး ရေးသားခဲ့ခြင်းပါ။
တစ်ကယ်ရေးဖြစ်သွားတော့မှ ဇာတ်လမ်းဖြစ်သွားခဲ့တာပါ။ ဆက်ရေးဖို့အတွက်ကြတော့ စာကောင်းတစ်ခုဖြစ်ဖို့အတွက် စာရေးသူကိုယ်တိုင်က ဇာတ်ကောင်နေရာကနေ ဝင်ရောက်ပြီးခံစားနိုင်မှ ဇာက်လမ်းကောင်းတစ်ခုဖြစ်မှာမို့ ဆက်ရေးဖို့ရာ မဖြစ်နိုင်သေးတာပါ။
ကျွန်တော် ငယ်ငယ်တုန်းက အမှန်တစ်ကယ်ကို
ညီမလေးတစ်ယောက်လိုချင်ခဲ့တာပါ။ ကိုယ်လိုချင်တဲ့အရာတွေအတွက်လည်း မရရှိခင်ကတည်းက စိတ်ကူးယဉ်ပျော်မြူးတက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော် ဆုတောင်းတွေဟာ မပြည့်ခဲ့တာပဲများခဲ့တာပါ။

ဖေဖေမေမေတို့ဆီကနေ မုန့်ဖိုးတောင်းတဲ့အခါ။
ဖေဖေကဘယ်လောက်ပေးမယ် မေမေကဘယ်လောက်ပေးမယ် ဆိုတာကို သိပ်မတွေးပါဘူး
ဖေဖေမေမေတို့ဆီက မုန့်ဖိုးရရင် ငါတော့ ဘာလေးဝယ်စားမယ်ဆိုတာကိုအရင်တွေးတာပါ။
စိတ်ကူးနဲ့အရင်ပျော်လိုက်တာပေါ့။.ကိုယ်ရည်မှန်းထားတဲ့အရာဟာ အမြဲတမ်းတော့ ရရှိမနေခဲ့ပါဘူး။

ဟိုးအရင်ချိန်ငယ်ငယ်တုန်းကတော့ ကျွန်တော်ကကလေးလေးလေ..အခုချိန်အသက်ကြီးလာတော့ လူကြီးဖြစ်လာတာပေါ့ 😂😂။(အပျော်အနေနဲ့ပါ)

အဲ့ဒီငယ်ရွယ်စဉ်အချိန်မှာ ကစားလည်းမတ်တက်တဲ့ ကျွန်တော် ပွဲဈေးတန်းတွေမှာ အရုပ်လေးတွေတွေ့လည်း မဝယ်နိုင်ခဲ့ပါဘူး။

စိတ်ကူးနဲ့ပျော်ခဲ့တာလေးပျက်ပြီပေါ့...
ကျွန်တော် စိတ်ကူးတုန်းက မုန့်ဖိုးရရင် ဝယ်မယ်ပေါ့
ခုတော့မဝယ်နိုင်တော့ဘူးလေ။

564428458_1361034969.jpg

Credit google image

သို့ပေမယ့် ကျွန်တော် စိတ်မညစ်ခဲ့ပါဘူး
ရရှိတဲ့မုန့်ဖိုးဟာ အမြဲပဲ စားစရာတွေကိုသာ ဝယ်စားခဲ့ရတဲ့အတွက် ဖေဖေမေမေ ပေးတဲ့ မုန့်ဖိုးဟာ
အလဟသ မဖြစ်ခဲ့တာက များပါတယ်။
မိသားစုနဲ့အတူတူသွားရင်တော့ ကိုယ်လိုချင်တာလေးတွေကိုပြောပြပြီး ဖေဖေမေမေတို့ကိုဝယ်ခိုင်းတာပေါ့ ဝယ်ပေးတဲ့အခါကတော့နည်းပါတယ်။
သို့ပေမယ့် ကျွန်တော်တို့တတွေကတော့ အမြဲတမ်းပျော်နေခဲ့ပါတယ်။ ဘာလို့ပျော်လည်း ဖေဖေမေမေတို့က သားသမီးတွေကို ဆော့စရာ ကစားစရာထက် အစားအစာကိုပိုကျွေးတယ်လေ။ ပွဲဈေးတန်း ဘုရားပွဲဆိုတာတွေဆို ကိုယ်တိုင်သူငယ်ချင်းတွေနဲ့သွားရင်သာ နေရာစုံမရောက်နေရမယ် မိသားစုနဲ့အတူတူသွားရင် နေရာအစုံနီးပါးရောက်တယ်
အချိန်ပေးပြီးတော့ကို လိုက်ပို့ပေးခဲ့တာပါ။
ခုခေတ်လူငယ်တွေမှာတော့ မိဘက သက်သက်သွားတယ် သားသမီးတွေက သက်သက်သွားကြတယ်။ ဘုရားသွားဖူးတဲ့သူအခြင်းခြင်းတောင်
သားသမီးနဲ့ မိဘ ကွာဟချက်ရှိပါသေးတယ်။
မိဘတွေက ဘုရားမှာ လူစည်ကားလိုက်တာ
ဘယ်နေရာမှာတော့ လှူတာကြီးက အားရတယ်ကွာ၊ တက်ညီလက်ညီနဲ့ ကုသိုလ်ပြုလှူဒါန်းနေကြတာကြီး အရမ်းပျော်စရာကောင်းမှာဆိုပြီး
အခြားသူတွေကိုချီးကြူးနေချိန် သားသမီးတွေက
ဘာပြန်မေးတယ်မှက်လည်း..
ဖေဖေနဲ့မေမေ အဲ့ဒီအလှူက ဘယ်အိမ်မှာလည်းတဲ့😁😁
မိဘတွေက ရိပ်စားမိပြီလေ ဒီကောင် ဘုရားပွဲသွားပြီး ဘုရားပျောက်တဲ့ကောင်ဆိုပြီး😁😁

ပျောက်လည်းပျောက်ချင်စရာပါ။လူငယ်တွေဖြစ်နေတော့ သူတို့ဘုရားပွဲသွားတယ်ဆိုတာဟာ
အလှူလုပ်ဖို့မဟုတ်ဘူး ကုသိုလ်လေးတွေပြုလုပ်ဖို့လည်းမဟုတ်ဘူး.....
သူတို့ရောက်ရှိနေတာက ဘုရားအနောက်ဘက်ခပ်လှမ်းလှမ်းတနေရာဆီက ဘီယာဆိုင်တွေဆီကိုသာဖြစ်လို့နေပါတယ်။ ဘီယာဆိုင်လို့ပဲပြောလိုက်ပါ့မယ်။အရက်သမားလို့ပြောရင် အရက်သမားသိက္ခာကျတယ်တဲ့😁😁

o.jpg

Credit google image


လူငယ်တိုင်းကိုတော့ မဆိုလိုပါဘူး
တစ်ချို့လူငယ်လေးတွေဟာဆိုရင်ဖြင့် အပျော်အပါးနဲ့ အလုပ်ကို ခွဲခြားထားတက်ကြပါတယ်
အရက်၊ဘီယာသောက်စားတက်သည်ဆိုသော်ငြားလည်း ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကိုခွဲခြားထားတာမျိုးပေါ့။
ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့ကြီးပဲ သူငယ်ချင်းတွေနဲ့သွားလာတဲ့အခါ မုန့်ဖိုးများများမပေးခဲ့တာဟာ ကျွန်တော်တို့ကိုမပျက်စီးစေချင်လို့ပါပဲ
မိဘတွေသည် သားသမီးတွေထက် ထူးချွန်တယ်ဆိုတာကို ကျွန်တော်ရေးခဲ့ဖူးပါသေးတယ်။
တစ်ကယ်လည်းထူးချွန်ကြပါတယ်။
ကျွန်တော်တို့သွားမယ့်နေရာဒေသမှာ ရှိတဲ့
စားစရာသောက်စရာတွေ ကစားစရာတွေရဲ့ဈေးနှုန်းတချို့ကို သူတို့သိနေကြတယ် မသိရင်လည်း သိအောင်လုပ်တယ်။ ဘာလို့လည်းဆိုရင်
ကျွန်တော်တို့ကို မုန့်ဖိုးပေးရာမှာ ကစားစရာဆိုရင်လည်း အနည်းဆုံးပမာဏရှိတဲ့အရာပဲ ဝယ်နိုင်လောက်တဲ့ပမာဏ၊အစားစာဆိုရင်လည်း သူတို့ပေးတဲ့မုန့်ဖိုးလေးနဲ့ ဈေးကြီးတဲ့အရာတွေကိုမဝယ်စားနိုင်ရင်တောင် အတော်များများသောအရာတွေကို ဝယ်စားနေနိုင်တဲ့ ပမာဏလောက်သာ မုန့်ဖိုးပေးပါတယ်။ လုံးဝ မဝယ်စားနိုင်တဲ့ပမာဏလည်းမဖြစ်ရအောင် ဂရုတစိုက်နဲ့တွက်ချက်ပေးခဲ့တာပါ။

ကျွန်တော်က ငယ်ငယ်ကတည်းက အစားအသောက်ပဲမက်ခဲ့တဲ့ကောင်ပါ။ သူများကလေးတွေအိမ်ကိုပြန်ရောက်လို့ ကစားစရာတွေနဲ့အလုပ်ရှုပ်နေချိန်ကျွန်တော်က အိမ်ကိုပြန်လာလက်ဗလာနဲ့ပါ။

တော်ပါပြီ ရေးရင်လည်း မဆုံးနိုင်ပါဘူးဗျာ
ဘဝဇာတ်ကြောင်းဆိုတာ တိုတိုလေးမှ မဟုတ်တာပဲလေဗျာနော့။ ဒီတော့ ခပ်တိုတိုလေးပဲရေးပြီးတင်လိုက်ပါပြီ။
ကျွန်တော့ စိတ်ကူးယဉ်ကမ္ဘာထဲက ညီမလေးရဲ့အကြောင်းကိုတော့နောက်မှပဲဆက်ပါအုံးမည်ခင်ဗျာ။

ဖတ်ရှုပေးသော စာဖတ်ပရိတ်သတ်အပေါင်း
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ.

komoezaw@komoezaw

MSC-030

My Little Life, | Ecency