နေထိုင်မှု အဆင့်အတန်းတွေ တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်တွေလည်း ပိုမိုတိုးတက် လာပါတယ်။ ဒါပေမယ့် အလုပ်တွေ များလာကြတာနဲ့အမျှ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက် ဝေဒနာ ခံစားလာရပါတော့တယ်။စိတ်ဖိစီးမှုကြောင့် ကိုက်တဲ့ ခေါင်းကိုက်ခြင်းဟာ ခေါင်းအုံတယ်၊ ခေါင်းကို ကြိုးစည်းထားသလိုပဲ စတဲ့ ပုံစံမျိုးနဲ့ ဖော်ပြကြပါတယ်။ တစ်ခါတစ်ရံ ငယ်ထိပ်ကနေ ဖိထားသလိုမျိုးလည်း ကိုက်တတ်ပါတယ်။ များသောအားဖြင့် နောက်စေ့ကနေ ရှေ့ကို ထိုးကိုက်တတ်ပါတယ်။ ဆေးသောက်ရင် သက်သာနိုင်ပေမယ့် အရှင်းမပျောက်ပဲ တက်လာလိုက် ကျသွားလိုက်နဲ့ အပတ်ပေါင်းများစွာ လပေါင်းများစွာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ထိုးအန်တာတွေ အမြင်ဝါးတာတွေ မရှိရပါဘူး။အသက်အပိုင်းအခြားအရ၊သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်.. အထူးသဖြင့် အသက်ခြောက်ဆယ် ဝန်းကျင်မှာ ပိုဖြစ်တတ်ပါတယ်..အသက်လေးဆယ်အောက် အမျိုးသမီးမှာတော့ ဖြစ်ဖို့ရာခိုင်နှုန်း အတော် နည်းပါတယ်။ဆန့်ကျင်ဘက်အနေနဲ့ … ကိုယ်ဝန်ရရန် ကြိုးပမ်းနေတဲ့အခါမှာ မျိုးပွားမှုကို အားပေးတဲ့ ဆေးကို သောက်ရပါတယ်..ဒီလိုသောက်နေတဲ့ကြားကမှ တစ်နှစ်ကျော်သည်ထိ ကိုယ်ဝန်မရသေးတဲ့သူတွေမှာ ဆိုရင် သားဥအိမ်ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများတတ်ပါတယ်.. ဒီလိုပဲ မျိုးမပွားနိုင်တဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း ပိုဖြစ်နိုင်ပါတယ်…ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ဒီသားဥအိမ်(ovary)ကို အနားပေးထားရတဲ့အတွက် ကင်ဆာဖြစ်နိုင်ချေနည်းပါးတာပါ။
Photo-google
Writing by@komoewai