ဟာသ

kolay(31)
Published in
#esteem
Words
44
Reading
1 min
Listen
Play
8y

ပညာရှိအဖိုးအိုတစ်ဦးက ပရိသတ်တွေရှေ့မှာ သိပ်ကို ရယ်စရာကောင်းတဲ့ ဟာသတစ်ခုကို အာပေါင်အာရင်း သန်သန် နဲ့ပြောပြခဲ့တယ်…
ပရိသတ်တွေကလည်း တဝါးဝါး တဟားဟားနဲ့ နှစ်သက်စွာရယ်မောကြတယ်….

အဲဒီဟာသကိုပဲ အဖိုးအိုက ပရိသတ်တွေရှေ့မှာ ဒုတိယအကြိမ်ထပ်ပြောပြန်တယ်…

အဲထဲကပရိသတ် အချို့လောက်ကသာ လိုက်ပြီး ရယ်မောကြပြန်တယ်…

ဒီဟာသကိုပဲ အဖိုးအိုက ထပ်ခါထပ်ခါ ငြီးငွေ့နေအောင်ထပ်ပြောပြန်တယ်…

နောက်ဆုံးမှာ ပရိသတ်တွေက ဒီဟာသတစ်ခုပေါ်မှာ လုံးဝမရယ်ဖြစ်ကြတော့ပါဘူး…

အဲတော့မှပဲ ပညာရှိအဖိုးအိုက ပရိသတ်တွေကို ပြုံးပြီးတော့ပြောတယ်…

“ သင်တို့တွေဟာ ဟာသ တစ်ခုအပေါ်မှာ ခဏခဏ မရယ်မောနိုင်ကြဘူး…ဒါပေမဲ့ ဖြစ်ပြီးခဲ့တဲ့ ဝမ်းနည်းစရာ အကြောင်းအရာတွေအတွက် ဘာကြောင့် ခဏခဏတွေးပြီး မျက်ရည်ကျငိုကြွေးနေကြပြန်တာလဲ..”

ဟာသ | Ecency