အမုန်းမဲ့ ကလဲစား💑

kolay(31)
Published in
#life
Words
768
Reading
4 min
Listen
Play
8y

အမုန်းမဲ့ ကလဲစား💑

အပိုင်း ( ၂၃)

''သျှား . . သမီး ရယ် မြေးလေးကို ဘယ်လိုဆက်ဆံနေတာလဲ. . .

ဖေဖေ ဆီသွားသည်နှင့် အပစ်တင်စကားက စလာသည် ။

''ဘာလဲ ဖေဖေ တို့ကို ဟိုလူပြောပြတာလား. . .

''ဖေဖေ တို့မြင်နေတာလေ. . . ဘာလို့ ကလေးငယ်ငယ်လေးထားပြီး အဝေး ထွက်သွားရတာလဲ ။ သမီး အရင်က ဒီလိုမဟုတ်ပါဘူး . . ဘာလို့လဲ. . .

''ဘာလို့လဲ အကြောင်းပြချက်မှမလိုတာ. . .
သွားချင်လို့သွားတာ အဲ့တာ သျှား အိမ်မက်ပဲလေ သွားတာ ဘာမှားသွားလို့လဲ . . .
အဲ့ဒီ လူကြောင့် ပျက်စီးခဲ့တဲ့ သျား ရဲ့အိမ်မက်. .

''ဒါပေမယ့် ကလေးက ငယ်ငယ်လေး ပစ်မထားခဲ့သင့်ဘူးလေ. . .

''ခုရော မိဘမဲ့ဖြစ်ပြီး ဒုက္ခရောက်နေတာမှ မဟုတ်တာ ဖေဖေ ရယ်. . ရွှေဆိုရွှေ ငွေဆိုငွေ . . . ထိပ်တန်း သူဌေးရဲ့ သမီး အချွေ အရံတွေ ဖွတ်သတ်လို့မကုန်ဘူး. .
ဘာလိုသေးလို့လဲ. . .

''ဘာလို့ ဖေဖေ ကို တစ်ခွန်းမကြံ ခံပြောနေတာလဲ သျှားထက်စံ. . . . ဘာလို့ ဒီလောက်ရိုင်းလာတာလဲ. . .

''ဘယ်မှာလဲ ဖေဖေ မေးလို့ဖြေတဲ့ဟာ. . . .

''ဒီမယ် သမီး အဖေလဲ မငယ်တော့ ဘူးး. .
သေမယ့်နေစောင့်နေရတာ. . . .
အခုလိုမြေးလေးအပေါ် ဆက်ဆံတာတွေမြင်ရတာ ရင်နာတယ်. . . . ,. . အဲ့ ဒီကလေး ဘာအပစ်တွေ လုပ်ခဲ့လို့လဲ . . . .

''အဲ့ ဒီကလေး အပစ်မရှိဘူး မျိုးမစစ်တာပဲရှိတာ. . .

''ဘာ. .ဘာရယ် ဘယ်လိုပြောလိုက်တယ်. . . . .

''အဲ့ ဒီကလေးကိုယ်ထဲမှာ ဟို လူယုတ်မာရဲ့သွေးတွေ စီးနေတာကိုက အဲ့ကလေးရဲ့ အပစ်ပဲ. . . . အစထဲက အသေလေးမွေးခဲ့နိုင်ရင်ကောင်းသား. . .

''သျှားထက်စံ. . .

ဖေဖေ ရဲ့ အသံ စူးခနဲစောင့်အော်လာခဲ့သလို လက်တစ်ဖတ်ကလဲမြောက်တက်သွားပြီးမှ လေထဲမှာရပ်တန့်သွားသည် ။

''ရိုက်လိုက် ဖေဖေ ကျေနပ်မယ်ဆို ဒါပေမယ့် ဘာမှပြောင်းလဲမှာမဟုတ်ဘူး. . အဲ့ဒီကလေးရဲ့တည်ရှိမူ ဖြစ်တည်မူ အားလုံးက အဲ့ဒီလူတာဝန်ယူမယ်လို့ပြောပြီးသား. . . .

''မျိုးမစစ်တော့ရော ဘာဖြစ်လဲ. . .
အာဏာစက် ဖြစ်နေတော့ရော ဘာဖြစ်လဲ . . . . .
ငါ အခုထိ အသက်ရှင်နေသေးတာ အဲ့ ဒီ အာဏာစက်ကြောင့်မဟုတ်ဘူးလား. . .
ထောင်ထဲကနေ ဆွဲထုပ်ပေးခဲ့တယ် သမီးကို ဘုရင်မ တစ်ပါးလိုထားခဲ့တယ် ငါ့အတွက်ကတော့ သမတ်ကောင်းပဲ. . .

''ထောင်ထဲက ဆွဲထုပ်ပေးတယ်. . .ဖေဖေ မေ့သွားပြီလား
အဲ့ ဒီထောင်နူတ်ခမ်းနင်းအောင် သူလုပ်ခဲ့တာမဟုတ်ဘူးလား . . , . . ဘဝပျက်ခါနီးအထိ
လူတောမတိုးရဲအောင် လုပ်ဖို့ ခြိမ်းခြောက်ခဲ့တာ ဘယ်သူလဲ . . . .

''သူ လုပ်ခဲ့တာမှမဟုတ်တာ . . စီးပွားရေး အရူံးပေါ်တာကိုယ်ညံလို့ အကြွေးတွေတင်တာရောပဲ
အကြွေးပေါ် အတိုးထပ်ပြီး ကူသူမယ့်ဖြစ်နေချိန်မှာ သူက ကုပ္မဏီကို အကြွေးရှင်ဆီက လက်လွဲယူခဲ့တာ. . . .နောက်မှ အဖြစ်မှန်ကို သိတာဆိုပေမယ့် သူ့ကြောင့်ငါတို့ ဘဝပျက်ခါနီးကနေကယ်တင်ရှင်ရခဲ့တာမဟုတ်ဘူးလား. . .

''ဟင်. . . . ? .

''ဘာလဲ မသိတာလား မသိဟန်ဆောင်နေတာလားသျှား
ကလေး လဲမဟုတ်တော့ဘူး အဓိပ္ပါယ်မရှိ ကလေးဆန်မနေနဲ့. . . .

''မသိဘူး သိလဲမသိချင်တော့ဘူး. . .
အဲ့ဒီကလေး လဲမလိုချင်ဘူး. . .

''မသိရင်မေး သေချာသိအောင်. . . .
တစ်ခါမှမ မြင်ဖူးဘူး ဒီလောက်ဆိုးရွှားတဲ့ အမေ. . . .
ထွက်သွား ငါ့အိမ်ကနေ. . .မလာခဲ့နဲ့ ငါသေရင်တောင်မှ. . . . . . . .

''ဖေဖေ. . .

''သွား. . . . .အဲ့ဒီကလေး ကိုမလိုချင်ဘူးမဟုတ်လား. . .
ငါလဲနင့်လိုသမီးမျိုးမရှိတော့ဘူး. . . .

''ဖေဖေ စိတ်လျှော့ပါ . . . .

''နင်ပူစရာမလိုဘူးသွား. . ,

ကျယ်လောင်သောအသံကြောင့် ဒေါ်ထားထား အိမ်ပေါ်က အပြေးဆင်းလာသည်

''နောက် ဘယ်တော့မှမလာခဲ့နဲ့. , . . .

''သျှားပြန်လိုက်ပါ အဖေက စိတ်ဆိုးပြေမှလာခဲ့. . .

''သေရင်တောင် မလာခဲ့နဲ့. . . ငါ့မြေးရှိရင်ရပြီ. .. .

သျှား ဘာမှမပြောတော့ပဲ ထွက်လာခဲ့သည် ။
ဘာလို့ သျှား ခံစားချက်ကိုနားမလည်ပေးတာလဲ . . .
ဘာလို့ သျှား ဘက်မှာ တစ်ယောက်မှမရှိတာလဲ. . .

သူက သျှားတို့ကို ကူညီခဲ့တဲ့သူတဲ့လား. . .
ဒါဆို မှားခဲ့တဲ့သူက သျှားပေါ့. . . . .

##########################

"အကိုလေး ရောက်လာပြီပဲ. . .

''အင်း. . .သမီးက ဘယ်လိုနေလဲ. . .

''အသားက ပူနေတုန်းပဲ. . .

''မေမေ. . မေမေ. . .

စက် ကြားလိုက်ရသည့် တိုးလျှလျှ စကားသံ. . . .

''မေမေ. . . .

''သမီး. . . သမီး. . .

စက် တိုးလျှစွာခေါ်လိုက်မိသည် ။
သနားစရာ သမီးလေး ။
ဒါ တွေအားလုံးက သူ့ကြောင့်ပါ သူ့ကြောင့် ဖြစ်လာတာ
တကယ်လို့ သျှားကိုသာ သူ ကောင်းကောင်းဆက်ဆံခဲ့မယ်ဆိုရင် ခဏလေးပဲဖြစ်ဖြစ် သူ့မာန ကို နည်းနည်းလောက်ချခဲ့မယ်ဆိုရင်တောင် ဒါတွေအားလုံးက လှလှပပ လေးရှိနေမှာပါ ။
မှားခဲ့တာက သူပါ ။ သျှား မ မှားဘူး ။
အမ ကို လုယူပြီးမှ မာနကို ရှေ့တန်းတင်ပြီး ထားရစ်ခဲ့လို့ သေမယ့် လမ်းကိုရွှေးသွားတယ် ။ သူ့ကိုလဲ အကြွေးနဲ့ သိမ်းသလို သိမ်းယူပြီး မောက်မာခဲ့တယ် ။မှားသွားတယ် အရာရာက ငွေရှိလာတဲ့တစ်နေ့ ဘာမဆို ရနိုင်တယ်ဆိုတဲ့အတွေး ။ နာကျင်မူတွေ ဒုက္ခပေါင်းစုံ အကုန်ခံခဲ့ပြီးမှ နောက်ဆုံးသူ တကယ် ရလာခဲ့တာက နောင်တတွေပါပဲ . . . သူ ဆုံးဖြတ်ချက်တစ်ခု ချမှ ဒါကို အဆုံးသတ်နိုင်မှာပါ . . . . . . . .
သျှား နဲ့ တွေ့ပြီးဆွေးနွေးဖို့ဆုံးဖြတ်လိုက်သည် ။

အပြင်မှာမိုးတွေရွှာနေသလို စက် ရဲ့ ရင်ထဲမှာလဲ မဆဲပါဘူး ။ ငွေ နဲ့ လုပ်ယူလို့မရတဲ့အရာတွေအတွက် ပေးဆပ်မူတစ်ခုတော့ရှိရမှာပေါ့ ။

''ဘာလဲ. . . . ခေါ်တာ. . ,

အပေါ်ထပ် ဧည့်ခန်းမှာ ထိုင်နေသည့် စက် ဘေးသျု့ ရေမွေးနံသင်းသင်းလေးနှင့် အတူ သျှားထက်စံရောက်လာသည် ။ သူမ အမြဲတန်း လှပ နေပါတယ် ။ပန်းပွင့်ဖတ်လေးတွေလို ။

''ရော့ မင်းလိုချင်တဲ့ဟာ. . . .

သျှားထက်စံ ကောက်ကြည့် လိုက်သည်

''ကွာရှင်း စာချူပ်. . . .

''ငါ လက်မှတ်ထိုးပြီးသား. . . .

''ဒါက ဘာသဘောလဲ. . . .

''ဘာသဘောမှ မဟုတ်ဘူး မင်းအမြဲလိုချင်ခဲ့တာမဟုတ်လား. . . . .
အခုပေးတာ ဒါပေမယ့် တောင်းဆိုချက်ရှ်တယ်. . . . .

''ဘာလဲ. . . .

''သမီးလေး မင်းကို လိုအပ်နေတယ်. . . .

''လာပြန်ပြီ. . . .

''ဆုံးအောင်နားထောင်. . .
ဒါက အိမ်. . .

သျှား ရှေ့သို့ ဖိုင်တစ်ထပ်ရောက်လာသည် ။

''ဒါက ကုပ္မဏီရဲ့ ရှယ်ယာ တစ်ဝက်. . . .

''အခု ဘာလုပ်နေတာလဲ. . . .

''နစ်နာကြေး. . . ကွာရှင်းမှာမို့ နစ်နာကြေးပေးနေတာ. . . .

''ဘယ်သူက လိုချင်လို့လဲ. . . .

''ပြီးတော့ ကုပ္မဏီ က မင်း ဘာမှလုပ်စရာမလိုဘူး သွားစရာလဲမလိုဘူး အချိန်တန်ရင် အမြတ်အစွန်းရဲ့ ၅၀ ရာခိုင်နူန်းက မင်းဘဏ်ထဲရောက်လာမှာမို့. . .
ငါ သေလူလိုနေပေးမှာမို့ သမီးလေးကို သူလိုချင်တဲ့ မေတ္တာမျိုး ပေး ပေး. . .အခု သူ အရမ်းနေမကောင်းဖြစ်နေတယ်. . . မင်းကိုပဲ တနေတယ် . . . .မင်းသူ့ကိုသွားကြည့်ပေးပါ . . မင်း ငါ့ကို သေလောက်အောင်မုန်းနေရင်တောင် မင်းသွေး တစ်ဝက်ပါတဲ့ အဲ့ကလေး ဒီလိုမထားပါနဲ့. . . . ငါ မင်းရှေ့ကို နောက်နေ့ကစပြီး ပေါ်မလာစေရဘူး ထွက်သွားပေးမှာမို့ ဒီမှာပဲသမီးလေးနဲ့နေပေးပါ. . . . .
ငါ့ မင်းကိုတောင်းဆိုတာ မများဘူးထင်တယ်. . . .
ငါ့ ကို သေလူလို့ သဘောထားလိုက်ရင်ရပြီ. . . .

စက်ပြော ပြီးသည်နှင့် လှေကားထစ်တွေမှဆင်းသွားတော့သည် ။
ဘာမှမပြောနိုင်ပဲကျန်နေရစ်ခဲ့သူ သျှား. . . .

''ဘာလဲဟ. . . .

ဖိုင်တွေကို ကောက်ယူလိုက်ပြီး အခန်းထဲပြန်လာခဲ့သည်

''ဘယ်သူက ကွာရှင်းမယ်ပြောလို့လဲ ဘယ်သူကသူ့ငွေတွေ အိမ်တွေ လိုအပ်တယ်ပြောလို့လဲ. . . . . အရူပ်ထုပ်. . . .

သျှား စက်ပေးခဲ့သည့် စာချူပ်တွေကိုယူရင်း အခန်းထဲပြန်လာခဲ့ပြီး ရောက်ချင်ရာရောက် ပစ်လိုက်သည် ။

စက် အောက်ကိုဆင်းပြီး သျှားစက်လွှာ အခန်းထဲဝင်သွား
နဖူးလေးကို ဖွဖွလေး ငုံနမ်းလိုက်သည်။

''ဖေဖေ က ထွက်သွားပေးမှာမို့ မေမေ နဲ့ ပျော်ပျော်နေနော်. . .. . . . .

တီးတိုးပြောလိုက်ရင်း အခန်းထဲက ပြန်ထွက်လာခဲ့သည် ။
ပြန်ထွက်လာစဉ် ညိုညို ကိုတွေ့တာကြောင့်. .

''အရမ်းငိုနေရင် မမလေး ကိုခေါ်ပေးလိုက် သူလာကြည့်ပေးလိမ့်မယ်. . . .

''ရှင်. . . . . .

ညိုညို အူကြောင်ကြောင် ဖြင့် ကျန်ရစ်ခဲ့သည်။
သူဌေး ဖြသ်သူ ပြောသွားတာကို သေချာပင်နားမလည်လိုက်သလို လိုက်မေးဖို့လဲ အချိန်မရခဲ့ ။