တီကောင်များ

Words
75
Reading
1 min
Listen
Play
8y

image

တီကောင်များ

တီကောင်နှစ်ကောင်ရှိတယ်။ တစ်ကောင်က ပျင်းတယ်။ တစ်ကောင်က တက်ကြွနိုးကြားတယ်။ တက်ကြွတဲ့ တီကောင်ကပြောတယ်

“စောစော အိပ်ထပြုကျင့်က ကျန်းမာသဗျ … ဟေ့ကောင်ထတော့”

အိပ်နေတဲ့ တီကောင်က

“အိပ်ရေးပျက်တယ်ကွာ … မင်း မကြားဖူးဘူးလား၊ စောစောထတဲ့ငှက်က တီကောင်ရသတဲ့။ အေး … မင်းက တက်ကြွပြီး ထွက်။ ငှက်ကသုတ်သွားမယ်”

အဲဒီအချိန်မှာ မြေကြီးကို လူတစ်ယောက်ကတူးလိုက်တယ်။

image

“ဟာ တီကောင်ကြီးနှစ်ကောင်”

နှစ်ကောင်စလုံးကို ခွက်ထဲ ကောက်ထည့်လိုက်တယ်။ သူငါးဖမ်းတော့မယ်။

တီကောင်ဘဝဆိုတာ စောပြီးထသည်ဖြစ်စေ၊ နောက်ကျပြီးထသည်ဖြစ်စေ မထူးပါဘူး။ ငါးဖမ်းမယ့်သူက မတူးလဲ မကြာခင် ထယ်ထိုးတဲ့လူက ရောက်လာတော့မှာ။ ထယ်သွားကလည်း ဘယ်တီကိုမှ ချမ်းသာပေးမှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲ

မင်းတို့က တီကောင်ဖြစ်နေကြတာကိုး။

(ခုတစ်လော အိုရှိုအကြောင်းတွေ ဖတ်နေမိပါတယ်။ ဖတ်ရတဲ့အထဲက ကြိုက်တာလေးတွေကို ပြန်ပြီးတော့ တင်ပေးနေတာပါ။ သေခြင်းတရားကို ဆင်ခြင်နိုင်ဖို့ အိုရှိုဟောတဲ့ တရားလေးပါ။ Osho ရဲ့ Worms ကို ဆီလျော်အောင် မြန်မာမှုပြုပေးပါတယ်။ စဉ်းစားဆင်ခြင်နိုင်ကြပါစေ)

တင်ညွန့်

photo : google

image

တီကောင်များ | Ecency