အချစ်

kok2(30)
Published in
#esteem
Words
33
Reading
1 min
Listen
Play
8y

ငါမရှိတဲ့ ဘယ်အရပ်မှာမှ
မင်းနှုတ်ခမ်းလေး ပြုံးနေတာ ငါမကြိုက်ဘူး
_
နေပူလည်း လောင်ပါစေ
မိုးရွာလည်း စိုပါစေ
ငါကလွဲရင် မင်းအပေါ်အရိပ်မိုးတာ
တံစပ်မြိတ်လေးတောင် မဖြစ်စေချင်ဘူး

ရပ်ဝေးပဲသွားသွား
ရပ်နီးပဲသွားသွား
ငါ့ခါးလေးပဲ ဖက်ထားစေချင်တာ

ကလစ်လေးကအစ
ကတ္တီပါပါးလေးအဆုံး
ငါခွင့်မပြုရင် ဘာမှအသုံးမပြုစေချင်ဘူး

အရုပ်လေးတစ်ရုပ်မဟုတ်လို့ ပြောနေရတာပါ
ကော်ပတ်ရုပ်လေးဆို ဓာတ်ခဲပါဖြုတ်ထားမှာ

မျက်လုံးလေးဖွင့်လို့ ငါမရှိရင်
အဲဒါကို နံနက်ခင်းလို့ နင်မယုံပါနဲ့။
_ image

kok2@kok2

အချစ်​ | Ecency