မင်္ဂလာပါ ချစ်လှစွာသော steemit သူငယ်ချင်းအပေါင်းတို့ ခင်ဗျာ..........
ကျွန်တော့်နာမည်ကတော့ KO KO ပါခင်ဗျာ။မိဘတွေက ကောင်မလေးတွေ ခေါ်လို့ကောင်းတဲ့ နာမည်မျိုးကို မည့်ထားတာဗျ။ တစ်ဦးတည်းသော သားပေါ့ဗျာ။
ငယ်ဘဝကတော့ အရမ်းအထီးကျန်ဆန်ပြီး စာအုပ်တွေနှင့်သာ အဖော်ပြုနေခဲ့ရတာပေါ့။ကျွန်တော်ဟာ ကျောင်းပြီးအောင်ဆက်တက်ခွင့်မရခဲ့ဘဲ မိဘတွေ စီမံရာအတိုင်း စီးပွားရေးအလုပ်ကိုပြောင်းလဲ လုပ်ကိုင်ခဲ့ရပါတယ်။ ကျောင်းပြီးအောင်မတက်ခဲ့ရတော့ english skill လည်း သိပ်မကျွမ်းကျင်ခဲ့ဘူးပေါ့။ ငယ်ငယ်တုန်းက English language ဟာ ဒီလောက်အရေးပါလိမ့်မယ်လို့ မထင်ခဲ့ဘူးလေ။ အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ လေ့လာခဲ့ရာမှာ English Skillဟာ အလွန်အရေးပါတယ်ဆိုတာ သိလာခဲ့ရတယ်။ ကျောင်းမှာတုန်းက အင်္ဂလိပ်စာသင်ချိန်တွေမှာ ပေါ့ပျက်ပျက်နေခဲ့တာတွေ စာသင်နေရင် လိုက်မမှတ်ခဲ့တာတွေကို အခုမှ နောင်တကြီးစွာရလိုက်ပါတော့တယ်။ အင်္ဂလိပ်စာမှာမတော်တဲ့ ကျွန်တော်ဟာ မြန်မာစာမှာတော့ ကျွမ်းကျင်အဆင့်ရှိပါတယ်။ အဖေက စာပေသမားဆိုတော့ ငယ်ငယ်တည်းက ကျွန်တော်ဟာ စာအုပ်စာပေတွေနှင့် ရင်းနှီးခွင့်ရခဲ့တယ်။ အစက ကာတွန်းတွေဖတ်တယ် နောက်ပိုင်း ကာတွန်းဖတ်ကတာ ပျင်းလာတော့ ဝတ္ထုတွေ ဘာသာပြန်တွေ ပြောင်းဖတ်လာခဲ့တယ် ဒီလိုစာဖတ်တဲ့ အလေ့အကျင့်ကို အဖေက ရိုက်သွင်းပေးခဲ့တယ်။ ကျောင်းမှာ စာစီစာကုံးတွေ ဝါကျတွေ စကားပြေတွေ ရေးသားရာမှာ ကိုယ်က စာအုပ်တွေ ဖတ်ရှူ ထားတဲ့သူမို့ သူများတွေထက် လွယ်ကူစွာ ရေးသားနိုင်ခဲ့တာဟာ အဖေ့ကျေးဇူးတွေပေါ့။ စာဖတ်တဲ့သူဟာ စာမဖတ်တဲ့သူထက် အတွေးအခေါ်အမြော်အမြင်များစွာ ကွာခြားလှပါတယ်။ စာဖတ်တဲ့သူဟာ အမှား၊အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ဘာလုပ်ရင် ဘာဖြစ်နိုင်တယ် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်တွေးခေါ်ကြံဆနိုင်ပါတယ်။ စာအုပ်စာပေ တွေနှင့် ရင်နှီးပြီးသားဖြစ်တဲ့ ကျွန်တော်ဟာ အခုလို steemitမှာ မြန်မာလိုဆောင်းပါတွေ ရေးသားရမယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပဲပေါ့ဗျာ...........။
ကျွန်တော် steemit ဆိုတဲ့ social media အကြောင်းကို facebook ပေါ်က အလွန်အရေးအသားကောင်းတဲ့ post တစ်ခုကြောင့် စတင်သိရှိခဲ့တာပါ။
စတီးမစ်မှာ စာရေးယုံနဲ့ online money ရှာနိုင်တယ်ဆိုတာ စတီးမစ်က စီနီယာအကိုတွေ ပြောပြလို့ သိခဲ့ရပါတယ်။ ကျွန်တော် online money လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ၂နှစ်ကျော်အတွင်း အခုလို social mediaပေါ်မှာ စာလေးရေးလိုက်ယုံနဲ့ ပိုက်ဆံ ရတယ်ဆိုတာ ကြားပင်မကြားခဲ့ဖူးပါ။ steemitဆိုတာကြီးကို စသိသိခြင်းတော့ ဘယ်ယုံမလဲ အလကားနာမည်ကြီးအောင် လူစိတ်ဝင်စားအောင် လျှောက်ပြောနေတယ်ပဲ ထင်ခဲ့တာ........။ နောက်ပိုင်း တစ်စ တစ်စ online money လောကမှာ steemit ကောင်းသတင်းက ပြန့်လာတယ် ဟိုလူက post တင်တာဘယ်လောက်ရကြောင်း sbd dollar တွေ btc ပြောင်းပြီး ထုတ်လို့ရကြောင်း အရင်းအနှီးမလိုကြောင်း ref ရှာစရာမလိုကြောင်း စသဖြင့်ပေါ့ ဒီလောက်တောင် လူတကာအမွန်းတင်တဲ့ steemit ကဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် google ခေါက်ကြည့်အုံးမှပါဆိုပြီး google ပေါ်တက်ကြည့်တော့မှာပဲ ငွေထုတ်ထားတဲ့ videoတွေ နိုင်ငံပေါင်းစုံမှ ဘာသာစကားမျိုးစုံနဲ့ရေးထားတဲ့ postတွေ အဲ့ဒီမှာ မြန်မာဘာသာနဲ့ရေးသားထားတဲ့ postအမြောက်အများကို ဖတ်ရှူ လိုက်ရပြီး ကျနော် စတီးမစ်ကိုစတင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
မည်သည့်အလုပ်မဆို စတင်လုပ်ကိုင်တော့မယ်ဆိုလျှင် အရင်ဆုံး အဲ့ဒီလုပ်ငန်းအကြောင်းကို နားလည်တဲ့သူတွေဆီမှာ မေးမြန်းပြီးမှ စတင်သင့်ကြောင်း ယင်းလုပ်ငန်းနှင့် ပတ်သက်တဲ့ အချက်အလက်တွေကို နားလည်တတ်ကျွမ်းအောင် လေ့လာထားသင့်ကြောင်းကို စာအုပ်စာပေတွေမှာ ခဏခဏ ဖတ်ရှူ ထားခဲ့ပါတယ်။ ဒါကြောင့် steemit ကိုမစတင်မှီ အချိန်ပေးပြီး လက်လှမ်းမှီသလောက် စာအုပ်တွေ post တွေ groupတွေမှာလေ့လာခဲ့ပါတယ်။ အကို ဟင်နရီရေးသားထားတဲ့ newbie postတွေကို ထပ်ခါထပ်ခါဖတ်ရှူ ခဲ့တယ်။ မသိတာတွေ နားမလည်းတာတွေကိုလည်း စီိနီယာ အကိုတွေကို မေးမြန်းခဲ့ပါတယ်။ စတီးမစ်က ညီအစ်ကိုတွေက တကယ်ကိုသဘောမနောကောင်းကျပါတယ်။ နားမလည်တာတွေ မသိတာတွေသွားမေးရင် စိတ်ရှည်လက်ရှည် ရှင်းပြ သင်ပြပေးကြတယ်။ အခုလို စီနီယာသမားတွေက ကျွန်တော်တို့်လို Newbies တွေကို မချွင်းမချန် ပြန်လည် သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံမှာ steemit လုပ်ငန်းကို ပထမဦးဆုံး စတင်လမ်းကြောင်းဖောက်ပေးခဲ့တဲ့ အကိုဟင်နရီတကွ အခြားသောအကိုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Myanmar steemitဟာ စည်းကမ်း နည်းစနစ်တွေ၊ နားလည်တတ်ကျွမ်းသူတွေနဲ့ စနစ်တကျဖွဲ့စည်းထားတယ် အဖွဲ့အစည်းဆိုတာ ကျွန်တော်လက်တွေ့သိမြင်ခွင့်ရခဲ့ပါတယ်။
ဒီsteemit လုပ်ငန်းကြီး ဒီ့ထက်မကတိုးတက်အောင်မြင် လာမယ်ဆိုတာ ကျွန်တော်ရဲရဲကြီး ပြောရဲပါတယ်။
Steemit ညီအစ်ကိုအားလုံး လက်တွဲညီညီနဲ့ အောင်မြင်မှု တံခါးပေါက်တွေကို အတူတကွ တွန်းဖွင့်ကြပါစို့။
ရေးသားသူ @kodolay
Photo by google image