စိမ်းရောင်ခြယ်

Words
56
Reading
1 min
Listen
Play
8y

JvFFVmatwWHRfvmtd53nmEJ94xpKydwmbSC5H5svBACH81DLttDBn24e8LLjWEJsffyPKxYK6pQ9eHaTTMTymd1FUBqtqQtaF9aiwENgcaPSe1piknZCLrpkvf5DSpbXxtT693hdfU.jpeg
နေ့တစ်နေ့ကူးပြောင်းခဲ့ပြန်ပြီ အရင်အချိန်တွေကိုပြန်လိုချင်မိပါရဲ့လို့လည်းတွေးနေမိပါတယ်။ တစ်ကယ်ဆိုရင် အခုအချိန်ဟာ သူ့အတွက် ရင်ထိတ်နေရတယ် စိုးရိမ်ပူပင်နေရတယ်လေ။ တချိန်က နေရောင်မထိပဲနေခဲ့ရတဲ့ဘဝလေးကိုတွေးရင်း နောင်တတွေရနေခဲ့မိတာပါ။ သူကတော့ အခြားသူမဟုတ် ဟိုအရင်အချိန်တွေက ကောင်းတာပဲလိုချင်တယ်လို့အမြဲပြောပြောနေတက်ခဲ့တဲ့ မောင်ဘသစ်...

အခုအချိန်မှာတော့ ဦးဘသစ်ပေါ့။
အရင်တစ်ချိန်တုန်းကတော့ အပေါင်းအသင်း ယောင်းရင်းတွေ စုပုံရစ်ဝိုင်းခြင်းခံခဲ့ရတဲ့ သူဋ္ဌေးလေးဘသစ်ပေါ့။

မိဘတွေရဲ့အရိပ်နဲ့ အေးချမ်းပျော်ရွှင်စွာနေခဲ့ရတဲ့ ထိုအချိန်က သူ့ရဲ့အသက်အရွယ်က အသက်နှစ်ဆယ်ဝန်းကျင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့။

သူဋ္ဌေးလေးလို့ခေါ်တာပဲကြိုက်တယ်။ ရွှေဆိုရင်လည်း အရောင်လက်နေတာမှကြိုက်တက်တဲ့ ဘသစ်။

ခေတ်တွေပြောင်းလဲလာတာကိုလည်းသူမသိခဲ့သလို။ ရွှေငွေ စည်းစိမ်ဥစ္စာတွေဆိုတာ ဘယ်ကနေဘယ်လိုဖြစ်တည်လာတယ်ဆိုတာလည်းသူမသိခဲ့ပါ။ တစ်ချိန်တုန်းက မိဘတွေရှာဖွေသမျှကိုသုံးစွဲနေရင်း လောကကြီးရဲ့ ကြမ်းတမ်းမှုတွေကိုလည်းသူမသိခဲ့ပါဘူး။ အနှိမ်ခံဘဝဆိုတာကိုလည်းမသိခဲ့ပါဘူး။ ကိုယ်တိုင်ကသာ လိုချင်တာရှိရင် အနုနည်းနဲ့မရတဲ့အခါ အကြမ်းနည်းနဲ့ရအောင်ယူခဲ့သူပေါ့။

အခုများတော့ သူ့ဘဝအခြေမလှခဲ့တော့ပါဘူး။
အိုစာမင်းစာကို အိုမှရှာနေရတဲ့ဘဝ။
နေဝင်ချိန်ကံဆိုးခဲ့ပေမယ့် ကံမကောင်းအောင်ကိုယ်တိုင်ပဲဖန်တီးခဲ့တယ်ဆိုတာ သူသိခဲ့ပြီလေ...
နောင်တတိုင်းသည်..နောင်မှသာ တတက်ကြသည်တဲ့.......
.

စိမ်းရောင်ခြယ် | Ecency