မင်္ဂလာပါခင်ဗျာ
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုတဲ့စကားကို လူတိုင်းကြားဖူးနားဝရှိပြီးလည်းဖြစ်နေကြမယ်လို့ထင်မိပါတယ်။ လူအချင်းချင်း တစ်ဦးနဲ့တစ်ဦး စေတနာထားကြမယ်ဆိုရင် အပြန်အလှန်အကျိုးသက်ရောက်မှုတွေရှိလာကြရမှာပါပဲဗျာ။ သာတယ်၊ နာတယ် တွေးမနေနဲ့နော်၊ အဲ့ဒီလိုမျိုးမိလိုက်ရင် လူတစ်ဦးနဲ့တစ်ဦးဟာ တဖြေးဖြေးနီးရာကနေဝေးသွာယတက်ကြတယ်။ အသာပဲစံချင်လို့မရဘူးဆိုတာ လူ့ဘဝကြီးရဲ့ သဘောသဘာဝတစ်ခုပါပဲ။ အမြဲတမ်း အရာရာကို ညီညွတ်မျှတစွာဆောင်ရွက် လုပ်ကိုင်ကြပါမှ သံယောဇဉ်နဲ့ မေတ္တာတွေဆိုတာလည်း ထပ်တိုးလာနိုင်မယ်လို့မြင်မိပါတယ်။ ကိုယ်စွမ်းနိုင်သရွေ့ အချင်းချင်း ကူညီရိုင်းပင်းကြရမယ်။
ညီညွတ်မျှတမှုဆိုတာကို အစားအသောက်တွေစားသုံးတာကို ဥပမာပြထားတဲ့ စကားတစ်ခွန်းကနေလည်း ဥပမာယူနိုင်ပါသေးတယ်။
နည်းအမျှ၊ များအဝ ဆိုတာလေ....
တစ်ကယ်တမ်းမှာ အဲ့ဒီစကားဟာ လုံးဝကိုအသုံးဝင်နေတယ်ဆိုတာကို လက်တွေ့ခံစားဖူးတဲ့သူတွေ လက်တွေ့ကျင့်သုံးဖူးတဲ့သူတွေက သိကြပါလိမ့်မယ်။ အစားအသောက်နည်းပါးနေတဲ့အခါမှာ မျှတစွနဲ့ ဝေပုံကြစားသုံးသင့်ပါတယ်။ ကိုယ်ကလည်း ဆာဆောင်နေပေမယ့် သူမဝမှာစိုးလို့ဆိုပြီး အကုန်လုံးကိုမကျွေးလိုက်သင့်ပါဘူး။ သဘောကိုပြောရမယ်ဆိုရင် ကျနော်တို့တတွေရဲ့ ခွန်အားတွေ အင်အားတွေကို ဖြည့်တင်းနိုင်ဖို့အတွက် အစာအဟာရဖြစ်တဲ့ အရာတွေ သောက်ရေလိုအရာတွေလိုအပ်တယ်၊ အဲ့ဒီလို စားသုံးဖို့ လိုအပ်နေတာကိုမှ အစားအစာတွေ စားသုံးရဖို့ မိသားစုဆိုတာ ရှိမယ် သားသား မီးမီးလေးတွေပေါ့။ ကိုယ်က မိဘဆိုရင် သားသမီးတွေကို ချစ်ခင်မှာအမှန်ပဲ ဦးစားပေးမိကြမှာလည်း မလွဲပါဘူး။ သို့ပေမယ့် အဲ့ဒီအချိန် အစာရေစာ ရှားပါလာတဲ့အခါ ရှာဖွေတဲ့ အစားအသောက်တွေက နည်းပါးလာတော့ ရတာလေးကို မိသားစုခြွေတာစားသောက်ကြရတယ်။ ခြွေတာစားသောက်ကြရာမှာ အစားအသောက်ကနည်းနေတော့ သားသမီးတွေဝလင်စွာမစားရမှာစိုးလို့ မိဘကမစားပဲ သားသမီးတွေကိုပဲကျွေးမယ်။
အမှန်တစ်ကယ်က အဲ့ဒီလိုမဖြစ်သင့်ပါဘူး။ စဉ်းစားကြည့်ပါ မျှတစွာနဲ့ ဝေမျှစားသောက်ကြမယ်ဆိုရင် တစ်မိသားစုလုံး အနည်းငယ် ဆာလောင်မှုဒဏ်ကို ခံကြရပေမယ့် အသက်သေလောက်အောင်မဖြစ်နိုင်သေးဘူး အစားအစာ စားသောက်နေရသေးတော့ ရောဂါဘယတွေလည်း လွယ်ကူစွာ ဝင်မလာနိုင်သေးပါဘူး။
ကျနော်တို့သည် မိဘနေရာကနေ နေကြရတာဖြစ်တဲ့အတွက် အစာရေစာကိုရှာဖွေရမှာ ကျနော်တို့သာလျှင်ဖြစ်တယ်။ မိဘတွေက အစားမစားပဲ သားသမီးကိုကျွေးလိုက်ရင် မိသားစုကို သေတွင်းထဲပို့နိုင်လောက်တဲ့အထိဆိုးရွားသွားရပါလိမ့်မယ်။
အစားမစားရတဲ့ မိဘသည် ခွန်အားတွေပြတ်လာတဲ့အခါ အစားအစာကို မရှာဖွေနိုင်အောင် ရောဂါတွေဖိစီးလာတဲ့အခါ မိသားစုကို မထောက်ပံ့နိုင်တော့တဲ့အတွက် မိသားတစ်စုလုံးဒုက္ခရောက်ကြရမှာပါ။
သားသမီး ဝလင်စွာစားသောက်လို့ ခွန်အားပြည့်ဝနေတော့ရော မိဘကိုရှာဖွေကျွေးမွေးရမယ့်အရွယ်မဟုတ်သေးတော့ ဒုက္ခတွေမရောက်ကြရပေဘူးလားဗျာ။
နည်းတယ်ဆိုပေမယ့် မျှတစွာ ဝေမျှစားသောက်ကြရင် မိဘလည်း အသက်ရှည်သလို သားသမီးတို့တတွေလည်း အသက်အန္တရာယ် မဖြစ်နိုင်တော့ပါဘူး။ လေကကြီးမှာ တစ်ဖတ်စောင်းနင်းကျတဲ့အရာတွေဟာ ဘယ်အရာမှမကောင်းပါဘူး။
အားလုံးပဲ ညီညွတ်မျှတစွာနဲ့ အရာရာကိုလုပ်ဆောင်ကြပါ။ မိသားစုစိတ်ဓာတ်နဲ့ နည်းအမျှ များအဝ စားသုံးကြပါလို့ ပြောကြားရင်း ကျနော့ရဲ့ စာရေးသားမှုကို ခေတ္တနားခွင့်ပြုပါခင်ဗျာ။