မူးကြတဲ့ သင်္ကြန် ဒေါသောတွေညံ

Words
159
Reading
1 min
9y
Listen to this post
~1 min

Steemitမှ မိတ်ဆွေအပေါင်းအသင်းတွေအားလုံးကို နှစ်သစ်မင်္ဂလာ အတာသင်္ကြန်အချိန်အခါမှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

image

Credit google image

ကျနော်တို့ရဲ့မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သင်္ကြန်ဆိုတာ ဟိုးယခင်ကျနော်တို့ငယ်ရွယ်စဉ်အချိန်အခါမှာတော့ ဘယ်လို ဘယ်နည်းနဲ့ ကျနော်တို့ မြို့တွေ၊ ရွာငယ်လေးတွေမှာ ရေသဘင်ပွဲတော်ကြီးကိုကျင်းပ ဆင်နွှဲကြလည်း မသိရပေမယ့် ကျနော်တို့သိတက်စအရွယ်ကနေပြီး ယခုအချိန်ထိမှာတော့ သင်္ကြန်ဆိုတာနဲ့ အရက်သမားတွေကိုပဲပြေးမြင်မိနေတော့တာပါပဲဗျာ။ ဟိုနေရာပဲကြည့်ကြည့် ဒီနေရာပဲကြည့်ကြည့် ပျော်ရွှင်စရာမြင်ကွင်းဆိုတာထက် အမူးသမားတွေ ကနေတာပဲမြင်နေရတော့တာပါ။ အမှန်တစ်ကယ်မှာက သင်္ကြန်ဆိုတာပျော်ရွှင်ဖို့ရာ ပွဲတော်တစ်ခုဆိုတာမှန်ပါတယ်။ သို့ပေမယ့် အရက်သောက်မှ သူတပါးတွေကို မထိတထိစနောက်ကြရမှပျော်ရွှင်စရာလို့များ New updateအနေနဲ့သတ်မှက်လိုက်သလားဗျာ။ ပျော်ကြပါ လွတ်လွတ်လပ်လပ်ကိုပျော်ကြပါးကြပါ။ ဒါပေမယ့် အရက်မသောက်ပဲပျော်ကြရင်၊ သူတပါးကိုမထိတထိနဲ့ စနောက်ခြင်းမျိုးမဟုတ်ပဲ ပုံမှန်ရင်းနှီးသူတွေအနေနဲ့ပဲ ပြောဆိုဆက်ဆံကြမယ်ဆိုရင် မဖြစ်သင့်တာ မဖြစ်ရတော့ဘူးပေါ့။

အခုတော့ အမူးသမားအချင်းချင်းတွေ့ဆုံကြရင် ပြဿနာကဖြစ်ပြီ။ ဖိုက်တင်ခန်းတွေရိုက်ဖို့ လေ့ကျင့်နေသလားပဲထင်ရပါတယ်။ ရန်ဖြစ်တာတောင် ရန်ဖြစ်တဲ့ငမူးတွေက အဆန်းကြီးဗျာ၊ ခါကြားမှာ လက်နက်တွေတောင်ပါနေသေးရဲ့။ဒီတော့ မဆိုးပါဘူးလို့ပဲပြောရတော့မှာပေါ့။ သိပ်ကိုကောင်းတဲ့ပျော်ရွှင်စရာပွဲတော်ကြီးတစ်ခုကို ပုံဖော်အသက်သွင်းလိုက်တာပေါ့ဗျာ။ အင်း အသက်သွင်းတယ်လို့ပြောတာမှားနေတယ်ဗျာ အခန့်မသင့်ရင် အသက်ပါသေနိုင်တာမို့ အသက်ထွက်မယ့် သင်္ကြန်ပွဲလို့တောင် အမည်ပေးလိုက်ချင်ပါရဲ့ဗျာ။ ချကြစမ်း ခံရတဲ့ကောင်က ဆေးရုံရောက် ၊ ထိုးနှက်လိုက်တဲ့ကောင်က ရဲစခန်းရောက် ဘယ်လောက်ကောင်းလိုက်သလည်း။ ဆေးရုံရောက်တဲ့ကောင်က သေရင် လူသတ်မှုဖြစ်လို့ ပြစ်ဒဏ်အကြီးကြီးကျရမယ်။ မင်းတို့တွေ ကိုယ့်ဘဝအကြောင်း ကိုယ်မစဉ်းစားကြဘူးလား။ မင်းတို့တွေရဲ့မိသားစုတွေကို မသနားကြဘူးလားလို့မေးလိုက်ချင်ပါရဲ့ဗျာ။ သို့ပေမယ့် ငမူးကောင်တွေကို အဲ့ဒီလိုသွားပြီးမေးရင် ကိုယ်ပါစက်ကွင်းမလွတ်ဘူးဖြစ်သွားမှာကိုသိလို့ ကိုယ့်လမ်းပဲကိုယ်လျှောက်ပြီးပြန်လာခဲ့လိုက်တယ်။

အရက်ဆိုင်တွေကို သင်္ကြန်တွင်းမှာ ပိတ်ထားကြဖို့ နိုင်ငံတော်က ထုတ်ပြန်ကြေငြာထားပေမယ့် ပေါ်တင်ရောင်းနေကြတုန်းပါပဲ။ ဒီအချိန်မှာ အရက်ဘီယာဆိုတာ ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်း တစ်ခုကိုဖြစ်လို့နေပါပြီ။ အရက်၊ဘီယာ ကျနော်မသောက်ဘူးလားလို့ လာမမေးပါနဲ့ ကျနော်လည်း သောက်တာပါပဲ။ သို့ပေမယ့် လူတစ်ဦးက ကိုယ့်ရဲ့ အနာဂတ်ကိုမသိနိုင်ရင်တောင် ဘယ်အရာက ဒုက္ခရောက်နိုင်တယ် ၊ မိမိအတွက် ဆိုးကြိုးတွေဖြစ်နိုင်တယ်ဆိုတာကိုတော့ တွေးတောတက်နေပါသေးတယ်။ လူတိုင်းဟာ လူဆိုးတွေမဖြစ်နိုင်ပေမယ့် ဆိုးသွမ်းတဲ့ မိုက်ရူးရဲဆန်တဲ့ လူတွေဟာ လောကကြီးထဲမှာ များစွာရှိတယ်လို့မြင်မိတယ်ဗျာ။ ကျနော်ကိုယ်တိုင်လည်း.ဘဝအတွက် ရေရာတဲ့လမ်းကြောင်းတစ်ခုကို ကောင်းစွာရွေးခြယ်နိုင်ခြင်းမရှိသေးပါဘူး။
တစ်နေ့တစ်ချိန်မှာတော့ နောင်တတရားတွေကိုမရချင်တဲ့အတွက် ကြိုးစားသင့်သလောက်တော့ကြိုးစားနေပါတယ်။ ပစ်မှက်အကြီးကြီးကိုတော့ ရှာဖွေနေတုန်းပါ။ မိမိလိုချင်တဲ့ပန်းတိုင်မရှိရင် ကြိုးစားအားထုတ်မှု နည်းသွားမှာဖြစ်လို့ပါ။

ဒီနေ့မှာတော့ သင်္ကြန်မှာလျှောက်လည်တယ်ဗျာ။ သင်္ကြန်ရေစိုတယ် ပျော်ခဲ့တယ်။
သင်္ကြန်စည်ကားပါတယ်။ သို့ပေမယ့် အရက်သေစာသင်္ကြန်ဖြစ်နေတာကို စိတ်မကောင်းဘူးဗျာ။

အားလုံးသော ချစ်မိတ်ဆွေတို့လည်း သင်္ကြန်မှာ ပျော်ကြပါးကြမယ်ဆိုရင် အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေမသုံးကြပါနဲ့လို့အကြံပြုပြောကြားလိုက်ပါရစေခင်ဗျာ။

  • မြန်မာတို့ရဲ့သင်္ကြန် အေးချမ်းမှုဟန်ဖြင့်
    မာန်ဝင့်လို့ ပနံတင့်စေချင်မိပါတယ်ဗျာ။

ဖတ်ရှုပေးသော မိတ်ဆွေသူငယ်ချင်းအပေါင်း
ဘေးဘယာဝေးကွာလို့ လိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေခင်ဗျာ။.....

image

koayezaw@koayezaw

မူးကြတဲ့ သင်္ကြန် ဒေါသောတွေညံ | Ecency