မိတ်ဆွေ ကျောက်ခဲလေးတွေအတွက်

Words
67
Reading
1 min
9y
Listen to this post
~1 min

လူတွေရဲ့လောက သဘာဝအရ စိတ်နေစိတ်ထားအမျိုးမျိုးရှိနေကြပေလိမ့်မည်။
သနားကြင်နာတက်သည့်သူတွေလည်းများစွာရှိသလို သနားကြင်နာမှုကင်းသည့် လူတွေလည်းများစွာရှိကြတာပေါ့။ လူတွေခြင်းအတူတူ သနားကြင်နာတက်တဲ့သူမှာက မိတ်ဆွေအပေါင်းအသင်းပိုမိုများပြားကြပါတယ်။ များပြားနိုင်တယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူး။ အမှန်တစ်ကယ်ကိုများပြားနေရခြင်းပါ။ တစ်ခုတော့ရှိတာပေါ့ တချို့တွေကြ တစ်ကယ့်စိတ်ရင်းနဲ့ပေါင်းသင်းကြပေမယ့် တစ်ချို့သူတွေကတော့ ခင်မင်မှုကိုအသုံးချဖို့လောက်ပဲ ကိုယ့်ရဲ့အနားကိုချဉ်းကပ်လာခဲ့ကြတာဖြစ်ပါတယ်။ ဟိုးနက်ရှိုင်းလှတဲ့ ရေအနက်ထဲကိုကျသွားတဲ့ကျောက်ခဲတစ်လုံးကိုပဲကြည့်ပါ တန်ဖိုးမရှိဘူးဆိုရင် နောင်နှစ်ပေါင်းဘယ်လောက်ကြာကြာ ပြန်လည်ရှာဖွေဖော်ထုတ်ကြမှမဟုတ်သလို ကျောက်ခဲကျသွားတယ်ဆိုတာတောင်သိကြမှာမဟုတ်တော့ပါဘူး။ ထိုကျောက်ခဲဟာ ရေထဲကိုပြုတ်ကျသွားတာမှာ တန်ဖိုးအလွန်ရှိတဲ့ကျောက်ခဲလေးဆိုရင်တော့ လူတွေက သတိတရနဲ့ရှိနေနိုင်ပြီး ပြန်လည်ရှာဖွေဖို့ကိုလည်း ကြိုးစားကြမယ်လို့ထင်ပါတယ်။ လူတွေဟာ ကြောက်ခဲလိုရေထဲမပြုတ်ကျခင်ကတည်းက တန်ဖိုးရှိအောင်ကြိုးစားသင့်ပါတယ်။

သနားကြင်နာစိတ်ရှိတဲ့ လူတစ်ဦးမှာလည်း သူ့ရဲ့ ကြိုးစားတည်ဆောက်လာရတဲ့ဘဝရှိမှသာ ရေရှည်မှာပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ ကြင်နာတက်ယုံနဲ့မပြီးဘူး ဆိုတာကို ဇော်ပိုင်သီချင်းထဲမှာလားမသိဘူး နားထောင်ဖူးပါတယ်။ သူကတော့ သူ့ကောင်မလေးကိုရည်ညွှန်းတာမို့ အဓိပ္ပါယ်က တစ်မျိုးတဖုံဖြစ်နေမှာပါ။ ကြင်နာတက်တယ်ဆိုတာ သတ္တဝါတွေကို သနားကြင်နာတာလည်း ကြင်နာတာပါပဲ။
တစ်ကယ်ဆိုရင် ကျောက်တုံးလေးဟာ ရေတောထဲကျသွားခဲ့ပေမယ့် သူ့ရဲ့တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မူတည်ပြီး ပြန်လည်ရှာဖွေဖော်ထုတ်မှာပါပဲ။ ကျောက်ခဲလေးက တန်ဖိုးရှိသလို သူ့ရဲ့နှစ်ပေါင်းများစွာကြာမြင့်လာခဲ့တဲ့အချိန်တာအတိုင်း
ရှေးဟောင်းအမွေအနစ်ဆိုတဲ့ အမည်ကိုပါထပ်မံရရှိနေအုံးတော့မှာ မလွဲပါဘူးဗျာ။

ဖတ်ရှုပေးတဲ့ စာဖတ်သူအပေါင်း ဘေးဘယာဝေးကွာလို့ ကျန်းမာထီပေါက် နိဗ္ဗာန်ရောက်ကြပါစေ။

koayezaw@koayezaw
image

မိတ်ဆွေ ကျောက်ခဲလေးတွေအတွက် | Ecency