မိမိရဲ့ခံယူချက်သာအဓိက

Words
95
Reading
1 min
9y
Listen to this post
~1 min

အရာရာဟာပြောင်းလည်းနေခဲ့ရပါပြီ။
မနေ့က အကြောင်းတရားနှင့် အကျိုးတရားတို့သည် ယနေ့အတွက်တော့ အသစ်ဖြစ်သောအကျိုးတရားတို့ကိုသာ ရရှိခဲ့ကြရပြီပဲမဟုတ်လားဗျာ။
အကြောင်းအကျိုး အကောင်းအဆိုးတို့သည် ကျနော်တို့၏ စိတ်ခံစားချက် ပုံဖော်မှုများကြောင့်သာ ရရှိနေကြပါတယ်။ကျတော်တို့တတွေဟာ မဖြစ်လာသေးတဲ့အရာကို မဖြစ်နိုင်ပါဘူးဆိုပြီး မလုပ်ဆောင်ပဲနေနေကြမယ်ဆိုရင် ဘယ်တော့မှဖြစ်ပေါ်မလာနိုင်တော့ပါဘူး။ဘာပဲလုပ်လုပ် ဖြစ်အောင်လုပ်ဆောင်ကြမယ်ဆိုပြီး စိတ်ထဲကိုသံမှိုစွဲသလို ရိုက်စွဲထားမယ်ဆိုရင် သတိ ရှိကြမယ်ဆိုရင် မဖြစ်နိုင်တဲ့အရာတွေဟာ လောကကြီးထဲမှာ အနည်းအကျဉ်းလောက်ပဲရှိနေမှာပါ။ သူများတကာတွေကလုပ်ဆောင်လို့ရနေတယ်ဆိုရင် ကျတော်တို့တတွေကရော မလုပ်ဆောင်နိုင်ဘူးဆိုတာဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်ဘူးလို့ တွေးမိရင်တော့ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်မှမဟုတ်လို့ အလုပ်တစ်ခုကို လွယ်လွယ်ဝေဖန်ပြီး ကိုယ်တိုင်ကြတော့ လွယ်လွယ်နဲ့လက်လျော့ လွယ်လွယ်နဲ့အရှုံးပေးသလိုသာဖြစ်နေရတော့မှာပါ။ အိမ်တစ်လုံးတည်ဆောက်ဖို့ဆိုတာ အောက်ခြေကိုခိုင်ခံ့စွာအရင်ဖွဲ့စည်းရတာဖြစ်လို့ ကိုယ်တိုင်တည်ဆောက်ရတဲ့အိမ်တစ်လုံးအတွက်ဆိုရင် အောက်ခြေဖြစ်တဲ့ အခြေခံတို့ကို ဖန်တီးတည်ဆောက်ရာမှာ ခိုင်ခံ့မယ့်နည်းလမ်းတွေကို ကျေညက်စွာလေ့လာထားမှသာဖြစ်တော့မှာပါ။အခြေကစတာဖြစ်လို့ ပိုပြီးပင်ပန်းရမှုတွေတော့ရှိမှာပါပဲ။ဘယ်အလုပ်ပဲလုပ်လုပ် လောဘနဲ့လုပ်တာကောင်းပါတယ် သို့ပေမယ့် ကောင်းမွန်တဲ့လောဘ ဖြစ်နေဖို့လိုပါသေးတယ်။ အလုပ်တစ်ခုကို ပိုက်ဆံလိုချင်လို့ မြန်မြန်ဆန်ဆန်လုပ်တာကောင်းပါတယ်။ဒါပေမယ့် ပြီးစလွယ်မလုပ်ပါနဲ့ သူ့တန်ရာတန်ကြေးနဲ့ တန်အောင် အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။ ငွေနောက်ကို ကိုယ်ကလိုက်ရင် ငွေက ထွက်ပြေးမြဲထွက်ပြေးနေအုံးမှာပေါ့။ ကိုယ်က ပိုက်ဆံလိုချင်လို့ အလုပ်များစွာပြီးချင်တယ် ဒါပေမယ့် ပြီးစလွယ်မလုပ်ရင် ကိုယ့်ရဲ့လောဘကြောင့် သူတစ်ပါးလည်း မနစ်နာရတော့ပါဘူး။ ကိုယ့်ရဲ့လောဘကြောင့် ကိုယ်ပြန်လည်ရရှိမှာက ပန်ပန်းမှုပါ။နောက်ပြီး အချိန်တွေကိုပါ ပိုပေးပြီးအလုပ်လုပ်ရတော့မှာပါ။ အနားယူချိန်တွေက နည်းပါးသွားတဲ့အတွက်လည်း ပင်ပန်းမှုက ပိုလာရခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တန်တယ်လို့ပဲမြင်ပါတယ်။ အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ခဲ့တယ်လေ။

  • ကဲ..သင်တို့ဆိုရင်ရော...
    ဂိမ်းဆော့ပြီး အချိန်ဖြုန်းနေမှာလား
    အလုပ်တစ်ခုကို မလုပ်ကြည့်ရသေးပဲ မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ပဲ အချိန်ဖြုန်းနေမှာလား

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

IMG_20180324_125039.jpg

koayezaw@koayezaw

မိမိရဲ့ခံယူချက်သာအဓိက | Ecency