အမှက်တရနေ့ရက်လေးတွေကို အမှက်တမဲ့နဲ့ဖြတ်သန်းခဲ့ပြီးချိန်မှာ တချို့သောအစီစဉ်မကျတဲ့အရာတွေကြောင့် လမ်းတစ်ခုပေါ်ကနေပြီး တချို့သောသူငယ်ချင်းတွေ လမ်းမျိုးစုံပေါ်ကို လျှောက်လှမ်းသွားခဲ့ကြပြီလေ။သူက သူ့လမ်းကောင်းပါတယ်မပြောသလို ကိုယ်ကလည်းကိုယ်ရွေးတဲ့လမ်းကောင်းပါတယ်လို့ မညွှန်းခဲ့မိကြပါဘူး။
လမ်းခွဲခြင်းတွေမှာတင် ဝမ်းနည်းခြင်းတွေသာဖြစ်နေကြတာမို့လည်း ကိုယ်လျှောက်မယ့်လမ်းကိုမလိုက်နိုင်သူတွေရှိနေတာမို့ မပြောခဲ့ကြတာလည်းဖြစ်မှာပါ။ မပြောပဲလည်း အကျင့်စရိုက်သူတွေက လမ်းတစ်ခုပေါ်မှာပဲဆက်သွားနေခဲ့ကြပါတယ်။
ကျနော်လျှောက်ရမယ့်လမ်းကလည်း ဆိုးသည်ကောင်းသည် မပြောတက်ပေမယ့် ကျနော့အတွက် သူငယ်ချင်းတွေတော့ လျော့နည်းသွားခဲ့တာအမှန်ပါပဲ......
တချို့က မလိုက်ခဲ့နိုင်လို့ကျန်နေခဲ့ကြတယ်။
တချို့တွေက ထူးချွန်လွန်းလို့ ကျနော်တို့ကိုကျော်တက်သွားခဲ့ကြတယ်။
အမှက်မထင်ခွဲခွာသွားခဲ့ကြရတာတော့မဟုတ်ပါဘူး။ အချိန်အတိုင်းတာတစ်ခုကိုရောက်ရှိလာကြလို့ ခွဲခွာကြရခြင်းပါပဲ။
မတူညီတဲ့လမ်းတွေပေါ်ကိုရောက်ရှိသွားခဲ့ရတာကတော့ ဝါသနာ၊ အကျင့်စရိုက်နဲ့ ကြိုးစားမှုတွေကြောင့်ပါ။ ကြိုးစားခြင်းနဲ့မကြိုးစားခြင်းရဲ့ရလဒ်ကို အချိန်က အဆုံးအဖြတ်ပေးသွားခဲ့ပါပြီ။
လမ်းလေးတွေပေါ်မှာ..ရည်မှန်းချက်လေးတွေကိုယ်စီနဲ့.....ဒီနေ့မှာတော့ ပျော်ရွှင်ရသူတွေရှိနေကြသလို ဝမ်းနည်းသူတွေလည်းရှိနေရပြီလေ။...
ဘာလို့လည်းဆိုရင် ဒီနေ့မှာ ဆယ်တန်းတွေရဲ့ စာမေးပွဲအောင်စာရင်းထွက်ခဲ့ပြီလေ......
Image Credit; https://pixabay.com