Life light

Words
255
Reading
2 min
9y
Listen to this post
~2 min
  • ဟိုး...ကောင်းကင်ယံကို လှမ်းလို့ကြည့်တော့
    အလင်းရှင် သူရိန်မင်းက
    သူသာလျှင် အရှင်သခင်
    သူသာလျှင်ဘုရင်အသွင်နှင့်
    လောကကို အလင်းဆောင်ခဲ့လေတယ်။

  • ကမ္ဘာအပေါ် လွမ်းခြုံကာထား
    သူ့စွမ်းအားများက အံ့မခမ်းပေါ့
    လူသားတို့ရဲ့အတွေး ဆွေးမြေ့နေလျင်
    အလင်းရှင်လည်း အပြစ်တင်
    မချစ်ခင်ပဲရှိနေပြန်ပေါ့

  • သူရိန်မင်းအရှင် ထွန်းလင်းချိန်တွင်
    သူနှင့် ဆင့်တွဲ အမှောင်မဲသူ
    ယှဉ်တွဲမူလျှက်
    အလင်းတစ်နေ့ ညည့်ဖြစ်ချေ့မည်
    ထွန်းလင်းတစ်နေ့သူလိုက်ဖြည့်သည်
    အလင်းအမှောင် ပူးပေါင်းဆောင်တဲ့
    နေ့သစ်တိုင်းအတွက် ရှေ့သို့ဆက်။

My Own create poem,
Writer : Moe Hlwan Thu
My blog ; koayezaw@koayezaw


လူသားတို့သည် ထူးချွန်လိုကြသည်။ လိုချင်တပ်မက်မှုတွေက များနေကြသည်။ တစ်ကယ်လက်တွေ့လုပ်ကြည့်ဖို့ကိုတော့ ဝန်လေးနေတက်ကြလေသည်။ အကူအညီပေးတဲ့ သူငယ်ချင်း ညီကိုမောင်နှမအပေါင်းနှင့် မိတ်ဆွေအပေါင်းအသင်းများရှိနေသော်ငြားလည်း ကြိုးစားလိုစိတ်မူမရှိကြပါ။
တစ်ချို့သော သူတို့သည် ဆရာသမားကောင်းများနှင့်ပင် တွေ့ဆုံနေကြရသော်လည်း မိုက်မြဲအတိုင်း မိုက်မဲနေလျှက်သာရှိနေလေသည်။

ကျတော် ဖတ်ဖူးသော ပညာပေး စာပေလေးတစ်ခုကို ပြန်လည်၍ပင်မြင်ယောင်နေမိပါသည်။
ကျတော် ဘယ်အရွယ်တုန်းက ဖတ်မိခဲ့သည်တော့ မသိတော့ပါ။ စာပေလေးထဲရေးသားထားသော အကြောင်းအရာမှာ ကျေးရွာလေးတစ်ရွာမှာ စာသင်ကျောင်းလေးတစ်ကျောင်းရှိနေလေသည်ပေါ့။
ကျောင်းသားလေးတွေလည်းများစွာရှိသည့်ထဲတွင်မှ သူငယ်ချင်းသုံးယောက်ကတော့ လက်တွဲညီညာစွာဖြင့် အတူတူပညာတို့အားကြိုးစားကြပေသည်။ တစ်ချိန်သောအခါမှာတော့ သူငယ်ချင်းသုံးယောက်တွင်းမှ နှစ်ယောက်က စာသင်ဖို့အခက်ခဲဖြစ်လာနေခဲ့ပါလေတော့သည်။ စာသင်ယူနိုင်ဖို့ခက်ခဲရတဲ့အကြောင်းကလည်း ထိုသူငယ်ချင်းနှစ်ယောက်မှာ ငွေကြေးချို့တဲ့သူ မိသားစုက ဖြစ်နေတာကြောင့်ပါပဲ။ အိမ်ကိုပြန်ရောက်ရင် အိမ်အလုပ်ကိုလုပ်ရပါတယ် စာကျက်ချိန်ရှိပေမယ့် အလုပ်လုပ်ရတာနဲ့ဆိုတော့ အချိန်အပြည့်အဝမပေးနိုင်ဘူးဖြစ်နေတော့တာပေါ့။သူတို့သုံးယောက်မှတစ်ဦးကတော့ ငွေကြေးအဆင်ပြေပါတယ် ထို့ကြောင့် စာပေကို အေးအေးချမ်းချမ်းသင်ကြားနိုင်တာပေါ့။
အိမ်ကိုပြန်ရောက်တာနဲ့ စာကျက်ပြီး အေးဆေးစွာနေထိုင်နိုင်သူလည်းဖြစ်နေတာပေါ့။
သူငယ်ချင်းနှစ်ယောက်အဆင်မပြေတာကိုလည်း သူက သိပါတယ်။
တစ်နေ့မှာတော့ အဲ့ဒီသူငယ်ချင်းနှစ်ယောက် အိမ်အလုပ်တွေရှုပ်နေတာနဲ့ ကျောင်းကသင်ကြားခဲ့တဲ့ သင်္ချာစာတွေကို မတွက်နိုင်ဖြစ်နေပါတယ် တွက်ချက်မှု မကျွမ်းလို့ မတွက်နိုင်တာလည်းပါတာပေါ့။
အိမ်စာဖြစ်တဲ့အတွက် အိမ်မှာစာတွေလုပ်ပြီး ကျောင်းက ဆရာဆီမှာ စာအုပ်ထပ်ပြီး တွက်ထားတာတွေကို စစ်ဆေးစေတာပေါ့။ အဲ့ဒီ စာအုပ်တွေစစ်တဲ့နေ့မတိုင်ခင်မှာပဲ သူငယ်ချင်းနှစ်ယောက်က ပြေလည်ပြီး စာကြေညက်တဲ့သူငယ်ချင်းဆီရောက်ရှိသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အကူအညီသွားပြီးတောင်းတာပေါ့။ ဘယ်လိုအကူအညီမျိုးလည်းဆိုရင် သူတို့နှစ်ဦးမတွက်ရသေးတဲ့ စာကို ပြေလည်တဲ့သူငယ်ချင်းဆီက ကူးယူချင်လို့ပါတဲ့ဗျာ။
သူငယ်ချင်းကလည်း လုံးဝပေးမကူးခဲ့ပါဘူး။
ငါ့ဆီကစာတွေကူးမယ့်အစား ကိုယ်တိုင်သာပဲကြိုးစားစေချင်ပါတယ်။ မသိသေးမတက်သေးရင် အကူအညီပေးမယ် သင်ကြားပေးမယ်ဆိုပြီးပြောပါတယ်။ ဒါကို ဟိုသူငယ်ချင်းနှစ်ယောက်က လက်မခံပဲ
ငါတို့အချိန်မရှိဘူး အလုပ်လုပ်ရအုံးမယ်ဆိုပြီးပြောပါတယ်။ မကူညီချင်ရင်လည်း နေကွာ မင်းက သူငယ်ချင်းကောင်းမပီသဘူးလို့ပြောပြီး သူငယ်ချင်းနှစ်ဦးက သူ့အိမ်ကနေထွက်သွားပါတယ်။
နောက်တစ်နေ့ကျောင်းမှာအုပ်တွေထပ်တဲ့အခါမှာတော့ ထိုသူငယ်ချင်းနှစ်ဦးကို အိမ်စာမလုပ်လို့ဆိုပြီး
ဆရာရဲ့အပြစ်ပေးခြင်းကိုခံကြရတာပေါ့။ စာကို ပေးမကူးတဲ့ သူငယ်ချင်းအားလည်း ဒေါသတွေထွက်ပြီး စိတ်ဆိုးနေကြတာပေါ့။ ဒါကို ဟိုသူငယ်ချင်းကလည်းသိတယ်။ အဲ့ဒီနေ့မှာ ဟိုသူငယ်ချင်းနှစ်ယောက်ကပြေလည်တဲ့သူငယ်ချင်းနဲ့ရန်ဖြစ်မလို့ဆိုပြီး လိုက်ရှာပေမယ့် ဟိုသူငယ်ချင်းက အိမ်ကိုစောစောပြန်သွားခဲ့တာမို့လို့ သူတို့နဲ့ မတွေ့ခဲ့ရပါဘူး။
ဒီကောင်ငကြောက်ပါကွာဆိုပြီးလည်း ပြောခဲ့ကြပါသေးတယ်။
ဒါနဲ့သူတို့နှစ်ဦးလည်း ကိုယ့်အိမ်ကိုယ်ပြန်ကြတော့တာပေါ့။ အိမ်သို့ရောက်လို့ ထင်းခွဲခြင်းရေခပ်ခြင်းအလုပ်တွေကို လုပ်တော့မယ် ဆိုတော့မှ ရေတွေဟာလည်း ခပ်ပြီးသားဖြစ်နေပြီး ထင်းတွေကလည်း ခွပြီးသားဖြစ်နေတာကိုတွေ့ကြရပါတယ်။ သူတို့မိဘတွေကို မေးကြည့်ရာမှာတော့...
""အဲ့ဒါ မင်းတို့သူငယ်ချင်းပေါ့ကွယ် သူ့အိမ်မှာ ဒီအလုပ်တွေလုပ်ရတာလည်းမဟုတ်ပါပဲနဲ့ ရေခပ် ထင်းခွဲလုပ်သွားတာ ။.မေမေတို့လည်း တားပါသေးတယ်ကွယ် သူက သူ့သူငယ်ချင်းတွေကို သူကူညီနိုင်တာလေးတွေ နည်းနည်းပါးပါးကူညီပေးချင်လို့ပါတဲ့လေ.....
လက်တွေလည်း ပေါက်သွားပုံရပါတယ်ကွယ်
ကိစ္စမရှိဘူးဆိုပြီး သားတို့ပြန်မလာခင်စောစောလေးကမှအိမ်ပြန်သွားလေရဲ့..""

အဲ့ဒီတော့မှ သူငယ်ချင်းနှစ်ယောက်လည်း အနည်းငယ်စဉ်းစားမလာပြီး
ငါတို့ကိုကူညီနိုင်တာလေးကို သူကူညီတယ်ဆိုတော့ သူမကူညီနိုင်တာကိုကျတော့ ငါတို့ကိုယ်တိုင်လုပ်မှရမယ့်သဘောပေါ့ဆိုပြီး တွေးပြီး
သူ့သူငယ်ချင်းရဲ့အိမ်ကို နှစ်ယောက်သား သွားခဲ့ပါတယ်။

သူငယ်ချင်းရဲ့အိမ်ကိုရောက်တဲ့အခါ သူငယ်ချင်းကိုမေးတော့ သူငယ်ချင်းကပြောပါတယ်။ ငါကူညီနိုင်တာ နောက်ထပ်ရှိတာက မင်းတို့ မသိသေးတာတွေကို ငါသိနေရင် မင်းတို့ကိုကူညီမယ် မသိရင်တော့မကူညီနိုင်ဘူးပေါ့ကွာဆိုပြီးပြောပါတယ်။
ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်မှကိုယ်ရမှာပါ
ကိုယ်ကြိုးစားမှကိုယ်ရမှာပါ။ သူများဆီက ကူးတယ်ဆိုကတည်းက ကိုယ်တိုင်တက်မြောက်ထားခြင်းလည်းမရှိတဲ့အတွက် နောက်ထပ်လည်း ထပ်ထပ်ပြီး ခိုးနေရအုံးမှာပါပဲ။ သူငယ်ချင်းတို့ကိုလည်း သူခိုးလေးတွေမဖြစ်စေချင်ဘူး လမ်းမှားမရောက်စေချင်ဘူး။ ငါမင်းတို့ကိုမချစ်လို့ မခက်မင်လို့ သူငယ်ချင်းကောင်းမပီသလို့ မဟုတ်ပါဘူး။
ငါ့သူငယ်ချင်းတွေကို ကောင်းစေချင်လို့ပါလို့ပြောတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်လည်းနောက်တတွေရပြီး ငါတို့ကိုယ်တိုင် ကြိုးစားပါတော့မယ်သူငယ်ချင်းရေဆိုပြီး သူတို့နှစ်ယောက်ဟာ သူငယ်ချင်းကိုကျေးဇူးတွေတင်နေတော့တာပေါ့။

တစ်ကယ်ဆိုရင် ကိုယ်လုပ်တဲ့အလုပ်တွေက ဟုတ်လားမဟုတ်လားအရင်စစ်ဆေးသင့်ကြပါတယ်။
သူတပါးကို အရမ်းကာရော မစွပ်စွဲသင့်ပါဘူး.
စေတနာနဲ့ကူညီပေးသူတွေလည်းရှိနေကြတာမို့
ကိုယ့်စိတ်နဲ့နှိုင်းရင် ရိုင်းသွားတက်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ယခုစာရေးသားခြင်းကို ရပ်နားလိုက်ပါတယ်ခင်ဗျာ

ဖတ်ရှုပေးသူ ညီကိုမောင်နှမအပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

image
koayezaw@koayezaw

Life light | Ecency