ဆောင်းတွင်းအခါအချိန်သမယကိုရောက်လာပြန်တော့ ချမ်းချမ်းအေးအေးနဲ့ နံနက်စောစောမှာ သူငယ်ချင်းတွေနဲ့အတူလယ်ကွင်းထဲဆင်းလို့ စာတွေမောင်းရင်း ကစားခဲ့ကြတာကိုပြန်သတိရမိပြန်တယ်။
စပါးစိုက်တဲ့ အချိန်တွေဟာ ဒေသတွေ၊တစ်နေရာနဲ့တစ်နေရာမြေနေရာမတူညီတာကြောင့် စိုက်တဲ့အချိန်တွေက တူချင်မှတူကြမှာဖြစ်ပေမယ့် ကျနော်တို့ ဒီအချိန်မှာ စပါးစိုက်ခဲ့ဖူးသလို ဒီအချိန်မှာပဲ စပါးပင်တွေ ငှက်ဆာဆော်ပြီဖြစ်လို့ စာတွေလည်းမောင်းခဲ့ဖူးပါတယ်။
လယ်ကွင်းပြင်ထဲမှာ စာမောင်းဖို့ဆိုပြီး ခြေတံရှည်တဲ့ တဲအိမ်တွေကိုဆောက်လုပ်ထားကြပါတယ်။
ခြေတံရှည်တဲလေးပေါ်ကနေ နံနက်စောစော နေပူစာလုံရင်း သဘာဝရဲ့သန့်ရှင်းလတ်ဆက်တဲ့အေးမြတဲ့လေကိုရှူရှိုက်ရတာဟာလည်း ဘာနဲ့မှလဲယူလို့မရတဲ့အရာတစ်ခုလို့ အခုအချိန်မှမြင်မိပါတယ်။
တောသူတောင်သား လယ်သမားတွေဆိုတော့ အလုပ်လုပ်တဲ့နေရာမှာတော့ မြို့ပေါ်မှာလို သက်သက်သာမရှိဘူးပေါ့။ ဒါပေမယ့်လည်း သူ့အရပ်နဲ့သူ့ဒေသ ပင်ပမ်းတယ်ရယ်လို့လည်းမရှိကြပါဘူး။ ကျနော်တို့နေခဲ့ကြတဲ့ အဲ့ဒီအချိန် အဲ့ဒီနေရာ အဲ့ဒီအရပ်ဒေမှာတော့ ကျနော်တို့ ပျော်ရွှင်မှုတွေသာရရှိခဲ့ကြရတာပါ။
ယခုအချိန် ယခုအသက်အရွယ်တွေမှာပျော်ရွှင်ရတယ်ဆိုတာတွေဟာ..အရင်အချိန်တွေကို မှီနိုင်မယ်မထင်ပါဘူး။
ဒါဟာလည်း ပြန်မရနိုင်တဲ့အရာတွေလွမ်းဆွတ်တမ်းတမိတာပါပဲ။ ဘာလို့လည်းဆိုရင် ကျနော်တို့တတွေဟာ လက်ရှိဘဝတွေကိုသာ ပျော်ရွှင်စရာတွေဖြစ်လာအောင်ဖန်တီးနိုင်ရမယ်မဟုတ်လားဗျာ။
အချိန်ရှိပါသေးတယ် ပျော်ရွှင်မှုတွေမရနိုင်တော့ဘူးမထင်ပါနဲ့။
ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကြောင့် စိတ်ညစ်စရာ၊စိတ်ပျော်ရွှင်စရာတွေဖြစ်လာရတာပါ။
အိမ်ကြီးကြီးမှာနေဖို့ ရည်မှန်းချက်ရှိရင် အိမ်ကြီးတစ်လုံးတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်နိုင်အောင်ကြိုးစားရမှာပေါ့။
တဲအိမ်မှာပဲနေဖို့စိတ်ကူးနေရင်တော့..ဘယ်တော့မှ မိုးရေနဲ့လွတ်ကင်းနိုင်မှာမဟုတ်ပါဘူး။ စိတ်ချမ်းသာစွာနေချင်ရင် ငွေရှိဖို့ထက် ငွေရနိုင်မယ့် အလုပ်တစ်ခုတက်မြောက်ထားဖို့လိုတယ်လို့မြင်ပါတယ်။
တစ်ဝမ်းတစ်ခါးရှာမစားနိုင်ရင် ပူလောင်ကြရတော့မှာမလွဲပါဘူး။...ငွေရှိဖို့လိုအပ်တယ် သို့ပေမယ့် ငွေရှိဖို့ထက် ပံမှန်ဝင်ငွေရနိုင်တဲ့ အလုပ်တစ်ခုရှိဖို့လိုတယ်ပေါ့။
အချိန်ရှိပါသေးတယ်.......ကျနော်တို့အသက်တွေမသေဆုံးခင်အချိန်အထိပေါ့.....
ကြိုးစားနေဖို့နဲ့ရည်မှန်းချက်ရှိဖို့ပဲလိုပါတယ်
ကြိုးစားနေရုံနဲ့လည်းမရဘူး၊ ဦးတည်ချက်ရှိဖို့လိုတယ်
ဦးတည်ချက်ရှိနေရုံနဲ့လည်းမရဘူး ၊ ကြိုးစားနေဖို့လိုပါတယ်။.....
.
ဒါပါပဲ......
.........အဲ့ဒါ..ဘဝလေ...
SkyMoeLay