မင်္ဂလာပါခင်ဗျာ။
ဟိုနေ့က အပိုင်းဆက်လေးကိုတော့ ဆက်ပြီး မရေးသားဖြစ်သေးပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာရေးလေးတွေလှုပ်ရှားနေရတာနဲ့ စာရေးဖို့ကို တော်တော်ကြိုးစားနေရပါတယ်ဗျာ။ တစ်နေ့တစ်နေ့လည်း လူတွေမှာ အလုပ်ရှုပ်နေရတာက စားသောက်နိုင်ရေးအတွက်ပဲ လှုပ်ရှားနေကြရတာလေ။ စိတ်အာရုံတွေထဲ ဒီနေ့တော့ဖြင့် ဘာလုပ်ရမလည်းစဉ်းစားရင်း အလုပ်တွေကို လုပ်ကိုင်ကြရင်းပေါ့။အဲ့ဒီအလုပ်တွေဆိုတာမှာ နေ့စားသမားရယ် အရင်းအနှီးထည့်ပြီး ကိုယ်ပိုင် စီးပွားထောင်ပြီး လုပ်တဲ့သူရယ်ရှိပါတယ်။ ဘယ်အလုပ်မှတော့ အမြဲတမ်းကောင်းမနေပါဘူး။ နေ့စားသမားတွေကလည်း ဒီ့နေ့မှာ ဒီအလုပ်လုပ်နေရပေမယ့် နောက်တစ်နေ့မှာတော့ အလုပ်လက်မဲ့သမားမဖြစ်ရေးအတွက် နောက်ထပ်အလုပ်တွေရှာဖွေနေကြရပါတယ်။ နေ့စားအလုပ်ဆိုတာကလည်း အေးချမ်းတဲ့အလုပ်တစ်ခုတော့မဟုတ်ခဲ့ပါဘူး။ ထမင်းတစ်လုပ်အတွက် ပြေးလွှားရုန်းကန်လှုပ်ရှားနေကြရတဲ့ နေ့စားအလုပ်တွေဆိုတာ တောရောမြို့ပါမကျန် ရှိနေကြတာပါ။ ကျနော်တို့တတွေကရော နေ့စားအလုပ်ကိုပဲ ပြူးပြဲရှာဖွေနေကြတုန်းလားမေးစရာပါ။
ထင်းခုတ်သမားတစ်ယောက်ဟာ ထင်းခုတ်ဖို့ပဲအမြဲတွေးပြီး အမြဲအလုပ်လုပ်နေမှာဆိုရင် ထင်းက ခုတ်သာခုတ်တယ် ခရီးဖင့်နှေးနေရမှာပဲမဟုတ်လား။ဘာကြောင့်လည်းဆိုတာကိုစေးတာ့ စာဖတ်သူတို့ သိရှိကြပါလိမ့်မယ်။ တချို့ သူငယ်ချင်းတွေက steemitမှာတင်ထားပြီးသားတွေလည်းရှိနေသေးတာကြောင့် ကျနော်အရှည်ကို မရေးပြတော့ပါဘူး။ ထင်းခုတ်သမားဟာ ပုဆိန်ကို ထက်နေအောင်သွေးဖို့ အချိန်အနည်းငယ် ပေးလိုက်ရုံနဲ့ သူခုတ်တဲ့ သစ်ပင်တွေကို လျှင်မြန်စွာ ခုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ကျနော်တို့ ဒေသတွေမှာလည်း ကိုယ်ပိုင် စီးပွားရှာသူက မိမိရဲ့ရင်းနှီးထားမှုတွေကို ဆုံးရှုံးမှာစိုးရသလို၊ ရင်းနှီးထားတဲ့ငွေတွေဟာလည်း ချေးငွေဆိုရင် ပိုလို့တောင် စိုးရိမ်စိတ်ဖြစ်ရပါသေးတယ်။ ချေးငွေဆိုကတည်းက အတိုးအတွက်ကပေးရပြီပဲမဟုတ်လား။ ထို့အတူပဲ နေ့စားသမားက အလုပ်မပျက်ရေးအတွက် စိုးရိမ်စိတ်နဲ့ ရှာဖွေလုပ်ကိုင်နေရတာနဲ့ အခြားအရာတွေကို ထပ်ပိုး ထပ်ဆောင်းပြီးလုပ်ဖို့ အချိန်မပေးနိုင်တော့ပါဘူး။
အခြားအလုပ်ဆိုတာ ပညာတစ်ခုခုကိုရှာဖို့ကိုပြောချင်တာပါ။ ပုဆိန်နဲ့ ထင်းခုတ်သူကလည်း ပုဆိန်ကိုသွေးရင် ခရီးပေါက်သလို၊ နေ့စားသမားကလည်း ကိုယ့်လုပ်အားခပိုရအောင် သိမြင်နားလည်မှုတွေကို ထပ်တိုးသင့်ပါတယ်။ သူများ လေးထောင် ငါးထောင် တစ်နေ့တာရနေချိန်မှာ ကိုယ်က တစ်သောင်းလောက်ရနေရင် ပိုမကောင်းပေဘူးလား။
စိုးရိမ်စိတ်ကို သိပ်အများကြီးမထားပဲ
အလုပ်ပင်ပန်းနေပေမယ့် အချိန်အနည်းငယ်ပေးပြီး လေ့လာသင့်တာကို ထပ်တိုးလေ့လာနိုင်ကြစေဖို့ ပြောလိုခြင်းလည်းဖြစ်ပါတယ်။ မိမိတို့ဘဝတိုးတက်နိုင်ရေးအတွက် ကိုယ်တိုင်ပဲ ဘဝတိုက်ပွဲကို ဆင်နွှဲကြရမှာပဲမဟုတ်လားဗျာ။ ကျနော်လည်း ရတဲ့အချိန်လေးအတွင်းမှာ စာလေးတွေရေးဖြစ်အောင်တော့ကြိုးစားနေပါတယ်။
ကျနော့စာတွေကို ဖတ်ရှုအားပေးတဲ့အတွက်လည်း
ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။