ဘဝခွန်အား စာစု

Words
40
Reading
1 min
9y
Listen to this post
~1 min

စိတ်ကူးလေးနဲ့ပုံဖော်မိတယ်။
ပညာတွေကြိုးစားမှဖြစ်မယ်ဆိုတာလည်းသိခဲ့တယ်။
မှောင်နေတုန်းခဏအလင်းပေးမယ့်သူကို
မျှော်ကြည့်ခဲ့မိတယ်။
သို့ပေမယ့် အလင်းကိုဆောင်ကျဉ်းပေးသူဟာ
ကိုယ်နဲ့အဝေးကို ဝေး၍ဝေး၍ပျောက်ကွယ်သွားခဲ့ရတယ်။
ဘာကြောင့်လည်းဆိုတော့..
ငါဟာ သူ့နောက်ကို မလိုက်ခဲ့လို့ ပိုပိုပြီးဝေးသွားခဲ့ရတာပါ။

တစ်ကယ်ဆိုရင် ငါလည်းလူသားပဲလေ။
မလုပ်နိုင်တာရှိမည်လား။
သူတောင် ကြိုးစားရင်ရနေသေးတာ။
ငါကရော ကြိုးစားရင်မရနိုင်ဘူးလား။
အတွေးတွေနဲ့ပဲ ခရီးဆက်နေလို့လည်းမဖြစ်ပြန်ပါဘူးလေ။
ငါ့ရဲ့ မနက်ဖြန်အတွက် အားတွေကိုမွေးရအုံးမယ်။
ခွန်အားရဲ့ အနှစ်က နုပျိုခြင်းပဲ။
ငါဟာ နုပျိုသေးတယ် ကျန်းမာသန်စွမ်းနေသေးတယ်။ အိုးမင်းချိန်ကိုမရောက်ခင်
အချိန်တိုင်းကို သစ်လွင်စေဖို့
မျိုးစေ့လေးတွေကို မြေပေါ်စိုက်ပျိုးသလို
ပညာမျိုးစေ့ကို ငါစိုက်ပျိုးရမယ်။

image
Credit-googleimage

koayezaw@koayezaw