အစိမ်းရောင်လွင်ပြင်
ငါ နေ့သစ်တစ်ခုကို ရှာဖွေဖို့ခရီးထွက်ခဲ့မိတယ်။
နေ့သစ်ဆိုတာ ဘယ်လိုမျိုးလည်းပေါ့။
အသစ်အသစ်သောအရာတွေပေါ်ထွက်လာနေတာဟာနေ့သစ်လား...????
တနေဝင်လို့ တစ်မိုးချုပ်ပြီး အမှောင်တွေကုန်ဆုံးလို့ အလင်းရောင်တဖန်ပြန်လည်ရောက်ရှိလာချိန်ဟာနေ့သစ်လား..????
ငါ့ရဲ့ကမ္ဘာ...
အင်း... ငါ့ရဲ့ကမ္ဘာဆိုတော့ ငါ့ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ကမ္ဘငယ်ပေါ့.....
နေ့သစ်တစ်ခုကို ငါ့ရဲ့ကမ္ဘာလေးထဲမှာ ဖန်ဆင်းလိုက်တယ်။ ငါဟာတန်ခိုးရှင်တစ်ဦးမဟုတ်ခဲ့လို့ နေ့သစ်တစ်ခုကိုမဖန်ဆင်းနိုင်ခဲ့ပါဘူး။
သို့ပေမယ့် ငါ့မှာ ဖန်ဆင်းနိုင်တဲ့စွမ်းမရှိခဲ့ပေမယ့်
ဖန်တီးနိုင်တဲ့ စွမ်းအားတို့သည် ငါ့ဆီမှာရှိတယ်။
လူသားတို့ရဲ့ကမ္ဘာဟာ ယနေ့ကနေ နောက်တစ်နေ့ကိုကူးပြောင်းသွားရင် နေ့သစ်တစ်ခုဖြစ်တယ်လို့ဆိုချင်ဆိုမယ်။ သို့ပေမယ့် နေ့တွေသာ အသစ်အသစ်ဖြစ်သွားခဲ့ရပေမယ့် လူတွေဟာ ဟောင်းနွမ်းသွားကြတယ် အိုမင်းသွားကြတယ်။ အကျင့်စရိုက်တွေဟာလည်း နေ့သစ်တွေနဲ့အတူ ဆိုးသွမ်းမှုအသစ်တွေ ဟောင်းနွမ်းမှုအသစ်တွေဖြစ်ပေါ်လာခဲ့ကြတယ်။ တခြိှု့တွေမှာ ဟောင်းနွမ်းတဲ့ မကောင်းတဲ့အယူအဆတွေကို ကောင်းမွန်တဲ့ အသစ်အဆန်းတွေနဲ့ပြောင်းလဲပစ်ဖို့မကြိုးစားချင်ကြပြန်ဘူး။
လူတွေ အိုမင်းလာသည်နှင့်အမျှ အကျင့်အိုဟောင်း အဆိုးမဲညစ်တွေက ထပ်တိုးလာနေကြတယ်။
ဘာဖြစ်လို့မပြောင်းလဲချင်ကြရတာလည်း...
- ငါတို့သည် တစ်နေ့သေကြရမည်ပဲမဟုတ်လား..
ကောင်းတာတွေကို လုပ်ပြီး ကောင်းမှုတွေကိုနောင်ဘဝအထိ သယ်ဆောင်မသွားချင်ကြဘူးလား။
ဘဝရဲ့နေဝင်မိုးချုပ်ချိန်ရောက်တော့မှ နောင်တတရားတွေနဲ့ နောက်ထပ်ဘဝသစ်ဆီမှာ အကြွေးဆပ်ဖို့ မိုက်နေကြတာလား။
ငါ..ငါ့ရဲ့ကမ္ဘာသစ်လေးကို နေ့သစ်တွေရော ဆန်းသစ်မှုတွေရော အကျင့်ဆိုးတွေတွေ့ရင် ပယ်ဖျောက်နိုင်ဖို့အတွက်ရော နည်းလမ်းတွေထည့်ပြီး အကောင်းဆုံးတွေဖြစ်အောင် ဖန်တီးလိုက်မယ်။
ငါချစ်မြတ်နိုးတဲ့ စိမ်းလမ်းစိုပြေတဲ့ တောတောင်အလှတရားတွေအတွက် အပင်တွေစိုက်မယ်။ ကောင်းကျိုးတွေရရှိဖို့ ငါစိုက်ပျိုးမယ့်အပင်တွေဟာ အကျိုးဖြစ်ထွန်းစေတဲ့အပင်တွေပဲ ဖြစ်နေစေရမယ်။
ငါဖန်တီးတဲ့ကမ္ဘာကို ငါချစ်မြတ်နိုးတဲ့အတွက် ဘယ်တော့မှဆုံးရှုံးမှုမဖြစ်စေရဘူး။ ငါ့ရဲ့ကမ္ဘာငယ်လေးလှပမယ်ဆိုရင် ငါလည်း စိတ်ချမ်းသာရမယ်လေ။
ငါစိတ်ချမ်းသာပျော်ရွှင်နေမှလည်း နောက်ထပ်အသစ်တစ်ဖန် ကမ္ဘာငယ်အတွက် ငါဂရုစိုက်နိုင်တော့မှာလေ။ သံသရာတစ်ပတ်လည်တယ်။ ငါနဲ့ ငါ့ရဲ့ကမ္ဘာငယ်ဟာလည်း အကျိုးတူဖြစ်ထွန်းစေတယ်။ သူရဲ့စိန်းလန်းစိုပြေမှုဟာ ငါ့အတွက်ပျော်ရွှင်မှုဖြစ်သလို ငါ့ရဲ့ပျော်ရွှင်မှုတိုင်းဟာလည်း သူ့ကိုဂရုစိုက်မှုပေးနိုင်ပြီး ပျော်ရွှင်စေလိမ့်မယ်။
ငါထင်ပါတယ်....ငါလိုချင်မိနေတဲ့ အစိမ်းရောင်လွင်ပြင်တောတန်းဆိုတာ # ငါကိုယ်တိုင်သာလျှင် ဖန်တီးနိုင်လိမ့်မယ်။
ဖတ်ရှုပေးတဲ့ စာပေချစ်သူအပေါင်းအား
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။