ပဆလ ၂

kkmmkk(34)
Published in
#busy
Words
87
Reading
1 min
Listen
Play
9y

ကိုယ်အရမ်းကြိုက်တဲ့ Hollywood ဇာတ်ကားတစ်ကားရှိတယ်။
ကိုယ်တို့ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့ ထရိုဂျန်မြင်းရုပ်ကြီးကြောင့်ပျက်ခဲ့ရတဲ့ Troy မြို့ကြီးအကြောင်းကို ရိုက်ထားတဲ့ကား။
မင်းသားက ဘရက်ပစ်ဒ်။ သူက သူရဲကောင်းအာခိလိနေရာမှာ သရုပ်ဆောင်ထားတယ်။

ဇာတ်လမ်းထဲမှာ ကိုယ်သဘောကျတဲ့ ကာရိုက်တာက အာခိလိမဟုတ်ဘူး။ မင်းသားဟက်တာပဲ။ မယှဉ်နိုင်မှန်းသိလျက်နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ရတဲ့ သူရဲကောင်း။အာခိလိကတော့ နတ်ဘုရားသားတော်ပီပီ ယုံကြည်မှုအပြည့်ရှိတယ်။ နာမည်တွင်ကျန်ရေးအတွက် သူရဲကောင်းလုပ်တယ်။

ဒီဇာတ်ကားမှာ ဒိုင်ယာလော့တွေ အရမ်းကောင်းတယ်။
"လူကြီးတွေ စကားပြောပြီး လူငယ်တွေသေပေးရတာကို စစ်လို့ခေါ်တယ်" တဲ့။
စစ်ပွဲနဲ့ ပတ်သက်တဲ့ အနိဌာရုံတွေ စိတ်ပျက်စရာတွေကို ကွက်ကွက်ကွင်းကွင်းပြထားတယ်။

အဲ့ဒီဇာတ်ကားမှာ ကိုယ်အရမ်းသဘောကျတဲ့ဇာတ်ကွက်ရှိတယ်။ အာခိလိက ဘုရင်ကို သစ္စာမခံဘူး။
သူ့နာမည်အတွက်ပဲ အလုပ်လုပ်တာ။
စစ်ပြင်တာစူနေတဲ့အချိန်မှာ သူကအိပ်နေတုန်း။
စစ်သားတွေအများကြီးရဲ့ အသက်ကို ကာကွယ်ဖို့ စီးချင်းထိုးတယ်။ ဘုရင်က အသုံးမကျတော့ စီးချင်းမထိုးရဲဘူး။ သူရဲကောင်းကို စီးချင်းထိုးခိုင်းတယ်။
အခြားစစ်သားတွေ အိမ်ပြန်နိုင်ဖို့၊ မုဆိုးမတွေ ဖခင်မဲ့ကလေးတွေအတွက် အာခိလိက သူ့ဓါးကိုထုတ်တယ်။

ကြည့်ရင်းနဲ့ အမြဲတွေးမိတယ်။
အခုလို ရှည်ကြာလွန်းသော စစ်ပွဲတွေမှာ အာခိလိလို စီးချင်းထိုးရဲတဲ့ သူရဲကောင်းတွေရှိရင် အခြားစစ်သားတွေ အပြစ်မဲ့ပြည်သူတွေ သေကြေမှာမဟုတ်ဘူးလို့။
အခုခေတ်မှာ စစ်ဆိုတာBusiness အသွင်ဖြစ်လာတာကို နားလည်ပေမယ့် ကိုယ်ကတော့ ကလေးဆန်ဆန် ဖြူဖြူစင်စင်ပဲ စီးချင်းထိုးကြစေချင်တာပဲ။

စီးချင်းမထိုးရဲလည်း ကြက်ဖခွပ်ကြပေါ့။
ဟုတ်ဘူးလား....

ပဆလ ၂ | Ecency